အခန်း(၈၆) ခံစားချက်တို့ မပါ၀င်သော လက်ထပ်လက်စွပ်

10.6K 1.5K 74
                                    

ကောင်းကင်ပြာတစ်ခုလုံး မဲမှောင်နေကာ အချိန်သည်ပင် ညဉ့်ယံရောက်လုနီးနေသော ထိုည၌ တစ်အိမ်လုံးက တိတ်ဆိတ်နေပြီး မီးရောင်ဖျဖျရှိသော ဧည့်ခန်းထဲရှိ ဆိုဖာတွင်ထိုင်နေသော ယောကျ်ားသားတစ်ယောက်သည်လည်း တိတ်ဆိတ်ကာ ငြိမ်သက်နေသည်။
မှန်ပြတင်းပေါက်ကို ဖြတ်ကျော်လာသော လရောင်က သူ၏မျက်နှာပေါ်သို့ ဖြာကျနေပြီး ထိုအလင်းရောင်ကြောင့် ရောင်ပြန်ဟပ်နေသည့် မျက်မှန်အောက်က မျက်ဝန်းတို့က မြင်နိုင်ခြင်းတို့ ကင်းမဲ့နေသည်။

အနည်းငယ်မျှ တွန့်ချိုးသွားသော မျက်ခုံးနှင့် မျက်လုံးအိမ်က နံရံတွင်ချိတ်ထားသော ထျန်မိသားစု၏ဓာတ်ပုံရှိရာသို့ ရောက်သွားသည်။ မွန်းကြပ်နေခြင်းမဟုတ်ပေမယ့် ခံစားရခက်ခဲစေသော အခြေအနေတို့ကြောင့် ထျန်လွမ်ရွှန်း၏မျက်နှာမှာ ညှိုးငယ်နေသည်။

သူ အခုချိန်ထိ မှတ်မိနေသေးသည်။ ထျန်ရှုံးကျောင်းစတက်တဲ့ နေ့တုန်းက အတန်းဖော်တွေရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရပြီး ထျန်လွမ်ရွှန်းကနေပြီး ထိုအနိုင်လာကျင့်တဲ့ ကလေးတွေကို ခြောက်လှန့်ပြီး နောက်ထပ်အနိုင်ကျင့်တာမျိုး မရှိအောင် လုပ်ပေးခဲ့ရသည်။

'အစ်ကို . ကျွန်တော့်ကို အခုလိုမျိုးပဲ အမြဲတမ်း ကာကွယ်ပေးမှာလား။ ကျွန်တော့်ရဲ့ ဘဝတစ်လျှောက်လုံးကိုလေ"

ထိုနေ့က ထျန်ရှုံးက မေးခဲ့သည်။

"ဒါပေါ့ မင်းကိုပဲ မဟုတ်ဘူး အဖေရော အမေရော ကိုကြီးတို့ရဲ့ ထျန်တစ်မိသားစုလုံးကိုပါ ကာကွယ်ပေးမှာ "

ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ထျန်လွမ်ရွှန်းက သူ့မျက်မှန်ကို ချွတ်လိုက်ပြီး မှုန်ဝါးနေတဲ့ မျက်လုံးကို လက်နဲ့ပွတ်လိုက်ကာ လက်နှစ်ဖက်လုံးနဲ့ မျက်လုံးကို အုပ်ထားလိုက်သည်။

'ထျန်ရှုံးနဲ့ မစ္စတာဝမ်ရဲ့ ဆက်ဆံရေးကို တကယ်ပဲ ဖြတ်ပစ်လိုက်ရမှာလား။ ဒါဆို ထျန်ရှုံး ဘယ်လိုဖြစ်သွားမလဲ။ '

'မင်းက ချီယွမ့်ကို ပျက်စီးသွားအောင် လုပ်ရဲလို့လား။ '

'ထျန်ရှုံးက မစ္စတာဝမ်နဲ့ နီးစပ်ဖို့ ကြိုးစားရဲပေမယ့် . ငါကတော့ သူ့ရဲ့လုံခြုံမှုအတွက် အာမမခံပေးနိုင်ဘူးနော် '

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Donde viven las historias. Descúbrelo ahora