အခန်း(၃၃) ပျက်စီးအောင် မလုပ်လိုက်ပါနဲ့

10.4K 1.5K 212
                                    

"မှတ်မိသေးသားပဲ"

အရှေ့သို့ တစ်လှမ်းချင်းတိုးလာရင်း တည်ငြိမ်အေးစက်လွန်းစွာ ပြောလာသည့် စကားသံတိုးတိုးက ဝမ်နျဲ့နန်အား ကြောက်လန့်စိတ်ကို ပိုလို့ ဖြစ်သွားစေသည်။

အေးစက်လွန်းသည့် မျက်ဝန်းတွေ ... မာထန်လွန်းသည့် နှုတ်ထွက်စကားတွေ...

ကုယျန်ရှန်း စိတ်တိုလာရင် ဘယ်လိုလုပ်တတ်တယ်ဆိုတာ သိနေတာကြောင့် အတိုင်းအဆမရှိကြောက်ရွှံ့နေမိသည်။

"ငါ .. ငါ အခုမှ ပထမဦးဆုံးအကြိမ်အနေနဲ့ ပြန်တီးမိတာပါ။ နောက်ထပ် မတီးတော့ပါဘူး။ ငါ ဒါကို မြေအောက်ခန်းမှာ သွားထားလိုက်ပါ့မယ် "

"ဟုတ်လား။ ငါ ကတော့ ပိုပြီးလေးလေးနက်နက်ဖြစ်သွားအောင် ဆုံးမသင့်တယ်လို့ ထင်တာပဲ "

စူးစူးရဲရဲ စိုက်ကြည့်ပြီး ပုံမှန်ထက်ပိုအေးစက်နေသော အသံဖြင့် ပြောလာပြီးနောက် ကုယျန်ရှန်းက အခန်းထဲက ထွက်သွားခဲ့သည်။ တစ်အောက်မျှကြာတော့ ကုယျန်ရှန်း အခန်းထဲသို့ပြန်ဝင်လာပြီး သူ့လက်ထဲမှာလဲ ဘေ့စ်ဘောတုတ်တံ တစ်ချောင်း ပါလာသည်။

အခန်းထဲပြန်ဝင်လာသည့် ကုယျန်းရှန်းနှင့် လက်ထဲက တုတ်တံကိုကြည့်ပြီး ဝမ်နျဲ့နန် အသက်ရှူရပ်တန့်မတတ် ဖြစ်သွားသည်။

ဘေ့စ်ဘောတုတ်သံ၏ ကြမ်းပြင်ကိုပွတ်တိုက်ဆွဲပြီး ထွက်လာသည့် အသံနှင့် တစ်လှမ်းချင်းတိုးလျှောက်လာသည့် ခြေလှမ်းတို့က နှလုံးသားတစ်ခုလုံးကို နင်းခြေပစ်တော့မည့်ပုံပင်။

ရင်ဘတ်တစ်ခုလုံးတင်းကြပ်လာသည်နှင့်အမျှ ပွင့်ဟသွားသည့် နှုတ်ခမ်းပါးတို့က စကားသံတိုးတိုးလေးတောင် ထွက်မလာနိုင်သေး။ ဦးနှောက်ထဲသို့ တိုးဝင်လာသည့် ခြောက်ခြားစရာအသိတစ်ခုနှင့် ယိုင်နဲ့နေသည့် ခြေလှမ်းတွေက စန္ဒရားရှိရာသို့ အပြေးသွားပြီး တုန်ရီနေသော လက်တို့ဖြင့် ကာဆီးထားလိုက်သည်။

ထိုမျှအထိ သူ့နှုတ်မှ အသံတို့ ထွက်မလာခဲ့သေး။

'ဒီစန္ဒရားက ငါ့အတွက်ချန်ထားပေးတဲ့ ငါ့အမေရဲ့ တစ်ခုတည်းသော ပစ္စည်းလေ .. '

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now