အခန်း(၂၅) ငါ့ကိုချစ်တဲ့ တစ်ယောက်သော သူအတွက်

11.2K 1.5K 25
                                    

ကုယျန်ရှန်း ဖုန်းပြောပြီးတော့ ဝမ်နျဲ့နန်ကို စိုက်ကြည့်လိုက်သည်။ ပုံမှန်နဲ့ မတူပဲ မနက်စာစားနေတဲ့ ဝမ်နျဲ့နန်ကို သူသတိထားမိပေမယ့် လစ်လျူရှုပြီး အိမ်ပေါ်တက်ကာ သူ့ဖိုင်တွေယူပြီး ထွက်သွားခဲ့သည်။

အိမ်ရှေ့က ကားသံလေးပျောက်ကွယ်သွားတော့မှ ဝမ်နျဲ့နန် ပင်ပန်းလွန်းစွာ သက်ပြင်းချလိုက်သည်။ မနက်စာ စားတာကိုလည်း ရပ်ပြီး သူ့ရှေ့မှာ မြင်နေရတဲ့ စားပွဲအပြည့်နဲ့ အစားအသောက်တွေကိုသာ ဗလာကျင်းနေတဲ့ ခံစားချက်တွေဖြင့်သာ ငေးစိုက်ကြည့်နေသည်။

ဝမ်နျဲ့နန်ရဲ့ ပြင်းထန်လွန်းတဲ့ စိတ်အခြေအနေကို မြင်တော့ အန်တီလန် သက်ပြင်းချမိသည်။ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ကုယျန်ရှန်းအပေါ်ထားတဲ့ ဝမ်နျဲ့နန်ရဲ့ ခံစားချက်တွေကို သူတို့နားလည်ခဲ့ပေမယ့် ကုယျန်ရှန်းကတော့ သူ့မိန်းမက အမြဲတမ်း ဟန်ဆောင်ပြီး အပိုလုပ်နေတယ်လို့သာ မြင်နေခဲ့သည်။

"မဒမ် ဝမ်းမနည်းပါနဲ့ ။ မစ္စတာက မဒမ်ကို နားမလည်သေးလို့ပါ။ ဒါပေမယ့် မဒမ်ရဲ့ ခံစားချက်တွေကို အန်တီလန်တို့ အားလုံးသိပါတယ် ။ "

"အသုံးမဝင်ဘူး . ဘာပဲလုပ်လုပ် အကုန်ုလုံးက အချည်းနှီးပဲ ။ အရင်ကလည်း မဖြစ်နိုင်ခဲ့သလို အခုလည်း မဖြစ်နိုင်တဲ့ အရာတွေပဲ "

ဝမ်နျဲ့နန် မတ်တပ်ရပ်လိုက်ပြီး ဧည့်ခန်းဆီကို လမ်းလျှောက်သွားလိုက်သည်။ ထို့နောက် ဆိုဖာမှာ ထိုင်လိုက်ပြီး သူ့ခေါင်းလေးကို ဒူးပေါ်စောင်းမှီလိုက်ကာ လက်မောင်းတွေနဲ့ ဖုံးကွယ်ထားလိုက်သည်။

ဆိုဖာပေါ်မှာ ကွေးကွေးလေးထိုင်နေတဲ့ ဝမ်နျဲ့နန်ကို ကြည့်ရတာ သနားစရာကောင်းတဲ့ ကလေးလေးတစ်ယောက်နဲ့တူနေသည် ။ သူ့ခံစားချက်တွေကအစ နာကျင်နေပြီး သူ့နှလုံးသားလေးကလည်း ထပ်ပြီးအထိခိုက်မခံနိုင်တော့သည်အထိ နာကျင်နေရပြီ။

သူ့ခေါင်းလေးကို ငုံ့ပြီး သူ့မျက်နှာလေးကို လက်မောင်းတွေကြားတိုးဝှက်ထားသည်။ မျက်ဝန်းတွေကို တင်းတင်းမှိတ်ထားရင်း တုန်ရီနေတဲ့ နှုတ်ခမ်းလေးတွေကို တင်းတင်းစေ့မိတော့ ရှိုက်သံ တိုးတိုးက မပီမသနဲ့ ထွက်လာသည်။ နိမ့်လိုက် မြင့်လိုက်ဖြစ်နေတဲ့ သူ့ရင်ဘတ်ကြီးက တစ်ချက်တစ်ချက် ထွက်ပေါ်လာသည့် ရှိုက်သံနဲ့ တုန်ရီနေတဲ့ ပုခုံးလေးတွေက မွန်းကြပ်စရာအတိ။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now