အခန်း(၉) ဒါ ဖက်လိုက်တာလား။

12K 1.6K 7
                                    

ဦးခေါင်းက ဒဏ်ရာက တဖြည်းဖြည်းသက်သာလာပြီးနောက် ဆေးရုံခန်းထဲမှာပဲ ခြေကုပ်နေနေတဲ့ ဝမ်နျဲ့နန်က အပြင်ကိုထွက်ကြည့်ချင်လာတာနဲ့ ဦးလေးရှီမရှိတုန်း အခန်းတံခါးဖွင့်ပြီး အပြင်ထွက်လာခဲ့လိုက်သည်။

သူ့ခန္ဒာကိုယ်က နာကျင်နေသည့်အရှိန်နဲ့ ခေါင်းကမူးနောက်နောက်ဖြစ်လာသည့် အခြေအနေကြောင့် ဝမ်နျဲ့နန် နံရံမှာမှီပြီး ခနလောက်နားနေလိုက်သည်။ အခုမှ သူ အခန်းထဲက ထွက်လာပြီး ခြေလှမ်းအနည်းငယ်ပဲလှမ်းရသေးသည် နာကျင်မှုတွေနဲ့အတူ မူးနောက်လာပြန်တော့ သူ သိပ်ကို အားနည်းနေသေးမှန်း သိသာသည်။

"ဟင်း "

"ဂရုစိုက်လေ ကောင်လေး ၊ အဆင်ပြေရဲ့လား"

ချိုသာတဲ့အသံနဲ့အတူ သူ့ကို လှမ်းကိုင်လာတဲ့ လက်တစ်စုံကြောင့် ဝမ်နျဲ့နန် မျက်လုံးကိုဖွင့်ပြီး သူ့ရှေ့မှာရပ်နေတဲ့ သူကိုမော့ကြည့်လိုက်သည်။

သိပ်ကို စွဲမက်စရာကောင်းတဲ့ ပါးချိုင့်နှစ်ခုက ပါးနှစ်ဖက်မှာ အကျအနနေရာယူလို့ တောက်ပလွန်းတဲ့ အပြုံးလေးတွေနဲ့အတူ ချိုသာစွာမေးနေတဲ့ သူရဲ့ မျက်ဝန်းနက်နက်တွေထဲမှာတော့ စိုးရိမ်စိတ်လေးတွေ တွဲခိုလို့နေသည်။

ဝမ်နျဲ့နန် သူ့ရဲ့ စိတ်ကိုပြန်ထိန်းပြီး သူ့အရှေ့ကကောင်လေးကို အဝေးကို တုန်းထုတ်လိုက်သည်။ သို့ပေမယ့် မူးနောက်နေသေးတဲ့ အခြေအနေကြောင့် သူ့ကိုယ်သူမထိန်းနိုင်ဘဲ အနောက်ကို လန်ကျသွားသည်။

"ဂရုစိုက်လေ ၊ ငါ မင်းကို ဖမ်းမိလိုက်ပြန်ပြီ။ ဒါ ပွေ့ဖက်လိုက်တာမျိုးလား။ ဟင် ညီလေး"

"လွှတ်ပေးပါ"

ဝမ်နျဲ့နန် သူ့လက်ကိုဆွဲကိုင်ထားတဲ့ လက်တွေကို ဖယ်ထုတ်ပြီး ပြောလိုက်သည်။

ထျန်ရှိုးလိုင်က ဒီဆေးရုံမှာ ကုသမှုခံယူနေတဲ့ သူ့သူငယ်ချင်းဆီကို သတင်းလာမေးတာဖြစ်ပြီး သူပြန်ခါနီးမှာမှ တံခါးကိုမှီပြီး လဲကျတော့မယ့် ဝမ်နျဲ့နန်ကို တွေ့လိုက်လို့ ဝင်ထိန်းပေးလိုက်တာဖြစ်သည်။

"ငါ လွတ်ပေးပြီးရင် မင်း ဒီလိုပဲရပ်နေမှာလား။ " ထျန်ရှိုးက သူ့ရှေ့မှာ စိတ်ရှုပ်ထွေးစွာရပ်နေတဲ့ ကောင်လေးကိုကြည့်ပြီး စလိုက်သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now