အခန်း(၁၂၉) ငါက လူညစ်တစ်ယောက်လို ကစားတာကို မင်းကြိုက်တာလား။
အလင်းရောင်လေးမှိန်မှိန်သာရှိသော အခန်းထဲ၌ အိပ်ရာပေါ်အိပ်စက်နေသော ကုယျန်ရှန်း၏ခန္ဓာကိုယ်မှာ တသိမ့်သိမ့်တုန်လှုပ်နေသည်။ နာကျင်မှုများကြောင့် တုန်ရီနေသောမျက်တောင်ဖျားနှင့်စပ်ရာ နဖူးပြင်တစ်လျှောက်တွင် အေးစက်သောချွေးသီးတို့ဖြင့်ပြည့်နေသည်။
"ဘာလို့ ငါ့ကို သစ္စာဖောက်တာလဲ ... ! ဘာလို့ ငါ့ကို စွန့်ပစ်လိုက်တာလဲ ! ငါက မင်းကိုကယ်ခဲ့တာလေ ... မင်းကိုကယ်ဖို့ ငါ့ဘဝတစ်ခုလုံး ပေးဆပ်ခဲ့တာလေ .... ကတိပေးထားတယ်မဟုတ်ဘူးလား .... ငါ့ကို တစ်သက်လုံးဂရုစိုက်သွားမယ်လို့ ကတိပေးထားတယ် မဟုတ်ဘူးလား ။ !"
အသံတို့သည် လားရာပေါင်းစုံမှ တိုးဝင်တိုက်ခိုက်နေသလို ဆူညံနေသော်လည်း လုံးထွေးနေခြင်းမရှိ။ သူ ဒဏ်ရာရနေတုန်းက လဲကျနေခဲ့တဲ့ လမ်းကြားလေးထဲမှာ ရပ်လျက်ရှိနေတာကို ကုယျန်ရှန်း မြင်တွေ့နေရသည်။ သွေးအတိဖုံးလွှမ်းနေတဲ့ ခန္ဓာကိုယ်နဲ့ သူဟာမြေကြီးပေါ်မှာ သတိမရှိဘဲမေ့မျောနေခဲ့သည်။ သူက သေနေခဲ့သည့် ကောင်လေးတစ်ယောက်ဖြစ်ပြီး ထိုအချိန်က သူ့ရဲ့ အပြာနုရောင်ကုတ်အင်္ကျီမှာ ရွံ့တွေ ၊ သွေးတွေနဲ့ ညစ်ထွေးနေခဲ့သည်။
"ကု ယျန် ရှန်း .... မင်း ငါ့အပေါ် ကောင်းပါ့မယ်' လို့ ကတိပေးထားပြီး ဘာလို့ ဝမ်နျဲ့နျန်ဆီ သွားနေတာလဲ .... ငါ မင်းကို ကယ်ခဲ့တာ ! ငါ မင်းကို ကယ်ခဲ့တာ ! ငါ မင်းကို ကယ်ခဲ့တာ ! ငါက မင်းကို ကယ်ခဲ့တာ ...!"
ထိတ်လန့်ခြောက်ကြားမှုများသာ ခိုဝင်ပြည့်နှက်နေသော မျက်ဝန်းများဖြင့် အိပ်ရာပေါ်ရှိကုယျန်ရှန်းမှာ ရုတ်တရက်ထထိုင်လာသည်။
မီးရောင်မှိန်မှိန်အောက်မှာ သူတစ်ယောက်တည်းသာရှိတဲ့ ထိုအခန်းထဲ၌ လက်ထဲတွင် လည်ဆွဲကိုဆုပ်ကိုင်ထားပြီး တွေဝေမိန်းမောစွာရှိနေခဲ့သည်။
"ငါ ဘာလုပ်သင့်လဲ ....."
ချန်းလုံအန်းက နှစ်ပေါင်းများစွာကြာအောင် သူယုံကြည်ထားခဲ့သလို ရိုးရှင်းပြီး အားနည်းနေသူမဟုတ်တော့ဘူး။ ဝမ်နျဲ့နျန်ရဲ့ ဟန်ဆောင်တတ်တာတွေကို သူမုန်းတယ်လို့ ပြောနေသော်လည်း ထိုဟန်ဆောင်မှုတွေကို သူမဖော်ထုတ်နိုင်ခဲ့ဘူး။
BINABASA MO ANG
(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)
RomanceI'm not own this novel . I credit to the original author and Eng translator who allow me to translate this novel. Author - ICIYUAN动漫 English Translator - xxGirl-in-blue အချည်းနှီးသာဖြစ်သွားခဲ့ရတဲ့ သုံးနှစ်တာ ကာလအတွက် ဝမ်နျဲ့နန် ပြန်ရခဲ့တာက အေးစက်တဲ...