အခန်း(၇၆) စလိုက်မီးရောင်အောက်က စန္ဒရားတီးနေသော ကောင်လေး

10.4K 1.4K 89
                                    

"ဟယ်လို တွေ့ရတာ ဝမ်းသာပါတယ်"

စကားလုံးတွေက မရှင်းလင်းသလို အသံထွက်လည်းမကောင်းလှသော Phil ဆီမှ နှုတ်ဆက်စကားသံထွက်ပေါ်လာသည်။

"ကျွန်တော် .... ကျွန်တော်က ဆရာစန္ဒရားတီးတာကို အရမ်းကြိုက်တာ။ ဆရာ့ရဲ့ စန္ဒရားသံက ကျွန်တော်ကြားဖူးသမျှထဲမှာ အကောင်းဆုံးနဲ့ အသံအသာဆုံးပဲ "

စိတ်လှုပ်ရှားမှုအပြည့်နှင့် လက်ဆွဲနှုတ်ဆက်ရင်း ဝမ်နျဲ့နျန်က စကားသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဟား ဟား ... မင်းရဲ့အားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ မင်းရော စန္ဒရားတီးတတ်လား။"

"အာ ... နည်းနည်းပါ။ ကျွန်တော် တစ်နေ့ကို အကြိမ်တော်တော်များများတီးဖြစ်တယ်။ပြီးတော့ ဆရာ့ရဲ့ သီချင်းတွေကိုလည်း အရင်က လေ့ကျင့်ရင်းတီးဖြစ်တယ်။"

"အရင်က? အခုကမတီးတော့ဘူးလား။" Phil က အံ့ဩစွာဖြင့် ပြန်မေးလိုက်သည်။

"မတီးတော့ဘူး။  ကျွန်တော်ထပ်ပြီး မတီးချင်တော့ဘူး။ အကြောင်းတစ်ချို့ကြောင့် ကျွန်တော် ထပ်ပြီး မတီးဖြစ်တော့ဘူး။ "

နီရဲကာသွားသော မျက်ဝန်းများ၌ ဝမ်းနည်းမှုများလည်း စွတ်စိုနေသည်။

Phil ကဘာမှဆက်မပြောတော့ပဲ တိတ်ဆိတ်ကာရပ်နေလိုက်သည်။ ထိုစဉ် ဝန်ထမ်းတစ်ယောက်က Phil ကိုဦးညွတ်နှုတ်ဆက်ပြီး စကားတစ်ချို့ပြောလိုက်သည်။ ထို့နောက် Phil က ဝမ်နျဲ့နျန်ဘက်လှည့်ပြီး ထပ်မေးသည်။

"မင်း ငါ့ရဲ့ စန္ဒရားကို တီးကြည့်ချင်လား။ အသံထွက်က အရမ်းကောင်းတယ် "

အမှတ်မထင်ဘဲ ကြားလိုက်ရသည့် စကားကြောင့် ဝမ်နျဲ့နျန် စိတ်လှုပ်ရှားသွားပြီး ခြေလှမ်းများပင် အနောက်သို့ ဆုတ်သွားသည်။
ဝမ်နျဲ့နျန်က တစ်ဖက်တွင် လက်ကိုပိုက်ထားပြီး သိသိသာသာ သို့မဟုတ်လည်း မသိသာသော စိတ်ဝင်စားမှုဖြင့် ဝမ်နျဲ့နျန်နှင့် Phil ရှိရာသို့ ငေးကြည့်နေသော ကုယျန်ရှန်းအား လှည့်ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ"

Phil မေးလိုက်သည်။

ကုယျန်ရှန်းက ချက်ချင်းပဲ မတ်တပ်ထရပ်လိုက်ပြီး ဝမ်နျဲ့နျန်နားသို့ လျှောက်သွားကာ ဘေးတွင်ရပ်လိုက်သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now