အခန်း(၁၃၈) ချန်းလုံးအန်း၏ လည်ဆွဲကို ပြန်ပေးခြင်း။

7K 1K 74
                                    

  အခန်း(၁၃၈) ချန်းလုံအန်း၏ လည်ဆွဲကို ပြန်ပေးခြင်း။

"နျန်နျန်" ဟူသည့် ထူးဆန်းစွာ ခေါ်ဆိုလာသည့် အသံကိုကြားလိုက်ရတဲ့အခါ ဝမ်နျဲ့နျန် ခနမျှ ကြောင်အမ်းသွားခဲ့ပြီး မနေ့က ထျန်ရှုံးပျောက်သွားရခြင်း၌ သေချာပေါက်တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာကိုလည်း သူရိပ်မိခဲ့သည်။

"ငါ မင်းကို ဖက်ထားလို့ ရတယ်မလား။"

ထျန်ရှုံးက ဝမ်နျဲ့နျန်ရဲ့လက်ကို ဖြည်းညှင်းစွာဆုပ်ကိုင်လိုက်ပြီး သူ့ရဲ့နှာဖူးပြင်ထက် ထိကပ်ထားလိုက်သည်။ ထိုအခိုက်အတန့်လေးမှာသူက အလင်းရောင်ကိုကျောပေးရပ်နေတဲ့ ဝမ်နျဲ့နျန်ရဲ့ပုံရိပ်ကို ကြည့်နေရသည့်အတိုင်း......၊ စိုးရိမ်နေပေမယ့် သူ့ရင်ထဲ လှိုင်းထန်နေတဲ့ ခါးသက်မှုနဲ့ ပူပင်သောကတွေတော့ ပျောက်ကွယ်သွားခဲ့သည်။....

ခနမျှကြာပြီးနောက် ထျန်ရှုံးရဲ့စိတ်လည်း ပြန်တည်ငြိမ်သွားပြီး သူလုပ်လိုက်မိတဲ့အပြုအမူအပေါ်သတိထားမိကာ ရှက်ရွံ့သွားမှုနဲ့ ဝမ်နျဲ့နျန်ရဲ့ လက်ကိုပြန်လွှတ်ပေးလိုက်သည်။

"နျဲ့နျန် ... မင်း ခုနကပြောတဲ့ cuckoo music restaurant မှာ ငါနဲ့အတူထမင်းစားချင်တယ် ဆိုတာလေ .. အဲ့ဒီစကားက အခုထိ အကျုံးဝင်သေးတယ်မလား။ "

"အင်း ... အခုတလော မင်းက ပြိုင်ပွဲကိစ္စအပြင် သီချင်းရေးရတာနဲ့ပါ အလုပ်များနေတာလေ ... အနားပေးတဲ့ သဘောပေါ့"

ထျန်ရှုံးရဲ့အမေးကို ဝမ်နျဲ့နျန်က ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။ သူ့ ခြေထောက်ထိခိုက်မှုဖြစ်တုန်းကလည်း ထျန်ရှုံးက သေချာဂရုစိုက်ပေးနိုင်ဖို့အတွက် အများကြီးကြိုးစားခဲ့သည်။ အခုလည်း ပြိုင်ပွဲအတွက် မနားမနေ အလုပ်လုပ်နေရတာကြောင့် ဝမ်နျဲ့နျန်အဖို့၊ သူ .... ထျန်ရှုံးကို ခနလောက် အနားရစေချင်သည်။

ထျန်ရှုံးကားထဲဝင်လိုက်သည်နှင့် မျက်နှာအမူအရာကိုလည်းပြင်လိုက်ပြီး ဘေးတွင်ထိုင်နေသည့် ဝမ်နျဲ့နျန်ကလည်း အသံကျယ်ကျယ်ဖြင့် တုံ့ပြန်လာသည်။

"ဒါဆို .... စားသောက်ဆိုင်ကို အခုပဲ သွားကြမလား။ မင်းမှာသီချင်းရေးဖို့ရှိနေတယ်ဆို ပျက်လို့ရောရရဲ့လား။"

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now