အခန်း(၄) သူတကယ်ပဲ ပြန်လာပြီလား။

14.3K 1.9K 64
                                    

ဝမ်နျဲ့နန် ကုမ္ပဏီ၏မြေညီထပ်က ကားပါကင်မှာ ကားကို နေရာချပြီး ထိုင်ခုံခါးပတ်ကိုဖြုတ်နေစဉ် မိသားစုကားတစ်စီးက အဓိက ဝင်ပေါက်ကနေ ဝင်လာတာကို သူတွေ့လိုက်သည်။

'ဒါ ကုယျန်ရှန်းရဲ့ ကားပဲ '

ကုယျန်ရှန်း ကားပေါ်က ဆင်းလာတာမြင်တော့ ဝမ်နျဲ့နန်လည်း ကားတံခါးကိုဖွင့်ပြီး ကုယျန်ရှန်းဆီသွားဖို့ပြင်လိုက်သည်။ သို့ပေမယ့် သူမြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့် ရှေ့ဆက်ဖို့ မတတ်နိုင်ပဲ ကားတံခါးကိုဖွင့်ဖို့ပြင်နေတဲ့ သူ့ရဲ့လက်တွေလည်း ရပ်တန့်သွားခဲ့သည်။ သူ့မျက်စိရှေ့မှာမြင်နေရတဲ့ ကုယျန်ရှန်းက ကားတစ်ဖက်ခြမ်းကိုသွားပြီး ကားတံခါးကိုဖွင့်ပေးကာ ကားထဲက အိပ်ချင်မူးတူးဖြစ်နေတဲ့ တစ်စုံတစ်ယောက်ဆီ သူ့လက်ကို ကမ်းပေးလိုက်သည်။

ကားထဲက ကောင်လေးက ကားပေါ်ကဆင်းလာပြီး ကုယျန်ရှန်းရဲ့ လက်မောင်းတွေကြားတိုးဝင်ကာ ဖက်တွယ်နေလိုက်သည်။ ကုယျန်ရှန်ကလည်း ထိုကောင်လေးရဲ့ မျက်နှာလေးကို လက်နှစ်ဖက်နဲ့ ထိန်းကိုင်လိုက်ပြီး သူ့တို့ ဦးခေါင်းချင်း ပွတ်သပ်ကာ ကျီစယ်နေကြသည်။

"သူက ချန်းလုံအမ်း .

တကယ်ပဲ လား ။ သူ တကယ်ပဲ ပြန်လာပြီလား။ "

ဒီရက်တွေမှာ ကုယျန်ရှန်း အိမ်ပြန်မလာခဲ့ဘူး။ အဲ့တာက သူအလုပ်များနေလို့ မဟုတ်ပဲ ချန်းလုံအမ်းနဲ့ အတူရှိနေခဲ့လို့ပေါ့ ။

ဒါက တကယ်ကို ခံစားရခက်တယ် ။ အခု သူ ဘယ်လိုလုပ်ရတော့မလဲ ။ ချန်းလုံအမ်းက ပြန်ရောက်လာပြီဆိုရင် သူ့အတွက် အခွင့်အရေးဆိုတာက ရှိပါတော့မလား။

ကုယျန်ရှန်းက ချန်းလုံအမ်းကို ဖက်ပြီး ကုမ္ပဏီထဲ ဝင်သွားခဲ့သည်။ ထိုမတိုင်ခင် ချန်းလုံအမ်းက တစ်ဖက်ကိုလှည့်လိုက်ပြီး သူ့နှုတ်ခမ်းထက်မှာ အဓိပ္ပါယ်ရှိလှတဲ့ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝမ်နျဲ့နန် ထိုငြီးငွေ့စရာကောင်းလွန်းတဲ့ မြင်ကွင်းကို တွေ့လိုက်ရတော့ ကုမ္ပဏီထဲကို မဝင်ချင်တော့တာနဲ့ ကားပေါ်မှာပဲ အချိန်နှစ်နာရီလောက်ကြာအောင်ဆက်ထိုင်နေလိုက်သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now