အခန်း(၅၀) နက်ရှိုင်းတဲ့ခံစားချက်နဲ့လား

11.3K 1.5K 88
                                    

ကုယျန်ရှန်းက သူလှေကားပေါ်က ဆင်းလာပြီဖြစ်ကြောင်းကို အသိပေးချင်သည်လား မသဲကွဲပေမယ့် တမင်သက်သက်ကို အသံကျယ်ကျယ်ထွက်အောင်လမ်းလျှောက်လာတာကိုတော့ ခန့်မှန်းလို့ရသည်။

ဝမ်နျဲ့နန်က ကုယျန်ရှန်းဆင်းလာတဲ့အသံကိုကြားတာနဲ့ ချက်ချင်းခေါင်းမော့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းက လကွေးလေးလို အပြုံးမှာလည်း အလိုအလျောက်ပျောက်ကွယ်သွားသည်။

ကုယျန်ရှန်းက ဝမ်နျဲ့နန်အရှေ့ကခုံကိုဆွဲပြီး ထိုင်လိုက်သည်။ သူက ထမင်းစားပွဲပေါ်က ဟင်းပွဲတွေကိုကြည့်ပြီး မျက်လုံးကိုပင့်ကာ သူ့အရှေ့က ဝမ်နျဲ့နန်ကိုလည်း စောင်းကြည့်လိုက်သေးသည်။

ထို့နောက် ဝမ်နျဲ့နန်ရဲ့ နီရဲပြီး ဖောင်းအစ်နေတဲ့ မျက်လုံးတွေကို တွေ့လိုက်တော့ ဘာရယ်မဟုတ် သူ့မျက်ခုံးတွေက အလိုလိုနေရင်း တွန့်ချိုးသွားပြီး သူ့ရှေ့က ဝမ်နျဲ့နန်ကို တော်တော်ကြာသည်အထိ စိုက်ကြည့်နေခဲ့သည်။

တစ်ဖက်က ဝမ်နျဲ့နန်က ကုယျန်ရှန်းသူ့ကိုစိုက်ကြည့်နေမှန်းသိတော့ သူ့ခေါင်းကို ပိုလို့ ငုံ့ချလိုက်သည်။

'သူ့မျက်လုံးတွေ နီနေတာကို ကုယျန်ရှန်းကို မမြင်စေချင်ဘူး။ '

"မင်းရဲ့ ခေါင်းကို အဲ့လိုပဲဆက်ငုံ့နေရင် ထမင်းပန်းကန်ထဲ ဝင်သွားဖို့ပဲ ရှိတော့မယ်။ ပထမဆုံးအကြိမ်လည်းမဟုတ်ဘဲနဲ့ ငါနဲ့အကြည့်ချင်းဆုံမှာကို မင်းက အခုမှ ဘာတွေကြောက်နေတာလဲ ။ ဘယ်သူက အဲ့လိုလုပ်ဖို့ ပြောခဲ့တာလဲ ။ "

"ဘန်း !!!"

ထို့နောက်တွင်တော့ စားပွဲကိုအားပါပါရိုက်ချလိုက်လို့ ထွက်ပေါ်လာသည့် ကျယ်ကျယ်လောင်လောင်အသံနှင့်အတူ ကုယျန်ရှန်းက သူ့လက်ထဲက တူကို လွှတ်ပစ်လိုက်ပြီး ထမင်းစားပွဲမှ ထထွက်သွားခဲ့သည်။

ဝမ်နျဲ့နန်က ကုယျန်ရှန်းလုပ်သမျှကို မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်နေခဲ့ပြီး နေရာမှာတင် ကြောင်တောင်တောင်လေး ဖြစ်ကျန်ခဲ့သည်။

'ဘာလို့လဲ'

ကုယျန်ရှန်း ထိုမေးခွန်းကြီးကို ရင်ဝယ်ပိုက်ပြီး အိမ်အပြင်သို့ ထွက်လာသည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now