အခန်း(၇၂) သတိလစ်မေ့မျောခြင်းမတိုင်ခင်က အတိတ်နေ့

11.7K 1.4K 110
                                    

ညစာစားပြီးနောက် လုယွင်က အလုပ်ကိစ္စနဲ့ဖုန်းပြောရင်း အိမ်ပေါ်ထပ်သို့ တက်သွားပြီး အန်တီလန်က ထမင်းစားပွဲပေါ်က ပန်းကန်တွေကို သိမ်းဆည်းနေသည်။

တိတ်ဆိတ်နေတဲ့အခန်းလေးထဲမှာ မလှုပ်မယှက်ထိုင်နေသည်က ကုယျန်ရှန်းနှင့် ဝမ်နျဲ့နျန်ဖြစ်ပြီး ဦးလေးရှီက ပန်းကန်တွေသိမ်းနေတဲ့ အန်တီလန်ကို မျက်စိမှိတ်ပြီး အချက်ပြကာ ဒါကိုမြင်တဲ့အန်တီလန်က ထမင်းစားပွဲပေါ်က ပန်းကန်တွေကို ခပ်မြန်မြန်ပဲ ကောက်သိမ်းပြီး မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။

အပ်တစ်ချောင်းကျသည့်အသံတောင်မကြားရနိုင်သော ဧည့်ခန်းထဲ၌ တီဗီကလာသည့် ဇာတ်လမ်းတွဲအသံက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေသည်။ ဆိုဖာ၏ထောင့်စွန်းတွင်ထိုင်နေသော ကုယျန်ရှန်းက သူ့လက်ချောင်းနဲ့ နားထင်ကိုထိုးပွတ်နေရင်း ဆိုဖာ၏တစ်ခြားတစ်ဖက်ထောင့်စွန်းတွင်ထိုင်နေသည့် ဝမ်နျဲ့နျန်အား မခဲမကျေနိုင်စွာဖြင့် မျက်လုံးကိုစွေကာ စိုက်ကြည့်နေသည်။

သူက စိုက်ကြည့်နေသည့် ဝမ်နျဲ့နျန်ကပဲ ထူးဆန်းနေသည်လား။ သူက ထူးဆန်းသလိုစိုက်ကြည့်နေလို့ ဝမ်နျဲ့နျန်ကပဲ ထူးဆန်းနေသည်လား။

ဘယ်သောအခါကမှ တောင်းဆိုလာသမျှ အကြောင်းအရာလေးတွေကို မငြင်းပဲ လက်ခံတတ်တဲ့ ဝမ်နျဲ့နျန်က ဒီနေ့တော့ 'သူ မသွားချင်ဘူး' ဟူသည့်စကားကို ပြတ်ပြတ်သားသားပြောခဲ့သည်က ပြောင်းလဲမှုတွေရှိလာသည့် သူ့ပုံစံ၏ အစပျိုး ဖြစ်မည်ထင်သည်။

ခံစားချက်တွေမပါဘဲ အေးစက်သောလေသံဖြင့်ပြောခဲ့သည့် ထိုငြင်းဆိုမှုနှင့် ဝမ်နျဲ့နျန်၏ပုံစံကို ပြန်စဉ်းစားကြည့်လျှင် မခံမရပ်နိုင်ဖြစ်မှုက စိတ်ထဲတွင် အလိုလိုဖြစ်ပေါ်လာပြီး အခုလည်း ဆိုဖာ၏ ဟိုးဘက်ထောင့်စွန်းတွင် တောင့်တောင့်ကြီး ထိုင်ကာ ဇာတ်လမ်းတွဲကိုပဲ အကြည့်တစ်ချက်မပြတ် စိုက်ကြည့်နေပြန်တော့ ကုယျန်ရှန်း၏ ဒေါသထွက်မှုက ပိုပိုပြီး ဆိုးဝါးလာခဲ့သည်။

'ဒါမျိုး အကွက်ထဲဝင်ဖို့ ထောင်ချောက်ဆင်နေတာတွေက မပြီးတော့ဘူးလား။'

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now