အခန်း(၆၀) တင်းမာသောဆက်ဆံရေး

11K 1.5K 75
                                    

တစ်နေ့နဲ့တစ်ည ကြာသွားခဲ့ပြီး အိပ်ရာပေါ်မှာ လဲလျောင်းနေဆဲဖြစ်သည့် ဝမ်နျဲ့နန်က အခုထိသတိမရသေးဘဲ ရှိနေသည်။

ဦးလေးရှီက အခုထိမေ့မျောနေဆဲဖြစ်သည့် ဝမ်နျဲ့နန်ကိုကြည့်ပြီး ဆေးရုံပို့ဖို့ပြောချင်ပါသော်လည်း ကုယျန်ရှန်းရဲ့ သုန်မှုန်နေတဲ့မျက်နှာကိုတွေ့တော့ သူ့အတွေးတွေကိုရပ်ပြီး ပြောချင်တာတွေကိုလည်း ပြန်ပြီးမျိုချလိုက်ရသည်။

သို့ပေမယ့် ကျိုးယွမ်ဖုန်းဆီသွားပြီး အခြေအနေကို ပြောပြဖို့တော့ လိုသည်။

ကျိုးယွမ်ဖုန်းက ဝမ်နျဲ့နန်အခုထိ သတိပြန်မလည်သေးဘူးဆိုတာကို သိလိုက်ရတော့ အရမ်းအံ့ဩသွားပြီး ချက်ချင်းပဲ အိမ်အဟောင်းဆီဖုန်းဆက်ကာ မိသားစုဆရာဝန်ကို ကုယျန်ရှန်းအိမ်သို့ လာဖို့ ပြောလိုက်သည်။

ဆရာဝန်ရောက်လာသည်နှင့် ဦးလေးရှီက အိမ်ပေါ်ထပ်သို့ ခေါ်သွားပြီး လှေကားပေါ်တက်နေရင်းနဲ့ ဝမ်နျဲ့နန်ရဲ့ အခြေအနေကိုလည်း တစ်ချက်မနားပဲ ရှင်းပြပေးနေသည်။

"မစ္စတာ ကု... သူ ဒီရက်ပိုင်း အစားကောင်းကောင်းစားရဲ့လား။ "

ဆရာဝန်က ဝမ်နျဲ့နန်ကိုစမ်းသပ်ပြီးနောက် ကုယျန်ရှန်းဘက်လှည့်ကာမေးလိုက်သည်။

"ကျွန်တော်မသိဘူး။ လွန်ခဲ့တဲ့နှစ်ရက်က အစာအိမ်သွေးယိုလို့ သူဆေးရုံတက်ရတယ်။ အဲ့ဒီနောက် ဆေးရုံကဆင်းပြီး နှစ်ရက်အတွင်းမှာတော့ အန်တီလန်က အစာအိမ်အတွက်အားဖြစ်စေမယ့် ဟင်းတွေချက်ကျွေးတာပဲ "

ကုယျန်ရှန်းက သူ့ကိုမေးလာတဲ့မေးခွန်းအတွက် အံ့ဩသလိုရှိသွားပေမယ့် သူက အမူအရာကိုပြန်ထိန်းကာ ပေါ့ပေါ့တန်တန်ပဲ ပြန်ဖြေလိုက်သည်။

"ဒါဆို ဒီရက်ပိုင်းအတွင်းမှာ တစ်ခုခုကြောင့် စိုးရိမ်ပူပန်နေရတာမျိုးရော ရှိလား။"

"....."

ကုယျန်ရှန်းက ဆရာဝန်မေးတာကို ပြန်မဖြေပဲ ဆိုဖာရှေ့သို့လျှောက်သွားလိုက်သည်။ ထို့နောက် သူ့ရဲ့ အေးစက်နေတဲ့မျက်နှာထားနဲ့ ဆိုဖာမှာ ဝင်ထိုင်လိုက်ပြီး ဦးလေးရှီအား စိုက်ကြည့်လိုက်သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now