အခန်း(၈၃) မင်းကိုယ်မင်း ငါမှားနေတယ်ဆိုပြီး တွေးကြည့်ဖူးလား။

11.1K 1.6K 108
                                    

ဝမ်နျဲ့နျန်က အိပ်ရာပေါ်မှာ လှဲနေရင်း ပြတင်းပေါက်အပြင်ဘက်က လမင်းကြီးကို ငေးကြည့်နေသည်။

အတွေးစတွေက လမင်းကြီးနားက ဝေ့ဝဲနေတဲ့ တိမ်ဆိုင်တွေလို စာကြည့်တိုက်မှာ အတူရှိနေတဲ့ ကုယျန်ရှန်းနဲ့ ချန်းလုံအန်းရဲ့ ပုံရိပ်ကိုသာ မြင်ယောင်နေသည်။
နှုတ်ခမ်းပါးတွေကို တင်းတင်းစေ့ထားရင်း တင်းကြပ်လာသည့် ခံစားချက်တွေကြောင့် သူ့ကိုယ်သူစောင်နဲ့ လွှမ်းခြုံလိုက်သည်။

'ငါ ဘာလုပ်သင့်လဲ ငါ ဘာကို ရွေးချယ်သင့်လဲ။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီး ကုမိသားစုထဲက ထွက်သွားရမှာလား။ ဒါမှမဟုတ် အဖေ့ရဲ့ကုမ္ပဏီအတွက် နာကျင်စရာကောင်းပြီး ပျက်စီးနေတဲ့ ဒီဘဝကိုပဲ ဆက်လျှောက်ရမှာလား။ '

'... လုမိသားစုရော ကုမိသားစုရောက ဝမ်မိသားစုကို အမြဲတမ်း ကူညီပေးနေခဲ့တာ'

'သူတို့က ဝမ်မိသားစုကို ကူညီပေးခဲ့တာလား။'

'ဝမ် မိသားစုကို ကူညီပေးခဲ့တာလား။'

နာကျင်စေသည့်အတွေးစများနှင့် ခေါင်းအထိဖုံးအုပ်ကာခြုံထားသည့် စောင်ကြောင့်မဟုတ်ပဲ မွန်းကြပ်လာသည့် ခံစားချက်များကြောင့် မျက်ဝန်းအိမ်မှ မျက်ရည်များသည်လည်း အဆုံးအစမရှိစီးကျလာသည်။
ဒီထက်ပိုပြီး မငိုမိစေ ဖို့ မျက်တောင်ကို ထပ်ခါထပ်ခါပုတ်ခတ်ရင်း ထိန်းချုပ်နေပေမယ့် မျက်ရည်များက ခေါင်းအုံးထက်သို့ စီးကျနေဆဲပင်။

ထိုနေ့ညက လရောင်အောက်မှာ ငိုကြွေးနေရင်း သူ အိပ်ပျော်သွားခဲ့တယ်။

***

စာကြည့်ခန်းထဲ၌ လုယွင်က ကျိုးယွမ်ဖုန်းကို ခေါ်ပြီး ကုမ္ပဏီနှင့်ပတ်သတ်သည့် ကိစ္စကို လေးနက်စွာပြောနေသည်။

"ယွမ်ဖုန်း ငါ မနက်ဖြန်ကျရင် ချီယွမ့်အုပ်စုက ဉက္ကဌနဲ့တွေ့မယ်။ မင်း အစည်းအဝေးအတွက် စီစဉ်ထားလိုက် "

"ဘာလို့ ဉက္ကဌလုက ချီယွမ့်ကလူနဲ့ ရုတ်တရက်ကြီး တွေ့ဖို့ စီစဉ်ခိုင်းတာလဲ။ ဘာဖြစ်လို့လဲ။"

"ငါ ဒီကိစ္စတွေထဲမှာ ထျန်ရှုံးပါလာတာကို ခွင့်မပြုနိုင်ဘူး။ ငါကိုယ်တိုင် သေချာဂရုစိုက်ထားမှဖြစ်မယ်"

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now