အခန်း(၁၁၁) ကြီးကျယ်မြင့်မြတ်တဲ့ ကုယျန်ရှန်းက အစိမ်းရောင်ဦးထုပ်ကြီး ဆောင်းထားတယ်

14.5K 2.1K 301
                                    

လူနာခန်းထဲကို ပြန်ရောက်လာသည်အထိ ဝမ်နျဲ့နျန်က စကားတစ်ခွန်းမှမပြောဘဲ တိတ်ဆိတ်နေသည်။ ထျန်ရှုံးကိုယ်တိုင်ကပင် အခုအချိန်မှာ ဝမ်နျဲ့နျန်စိတ်ထဲ ဘာတွေ တွေးနေသလဲဆိုတာ စဉ်းစားလို့မရချေ။ သူ့စိတ်ထဲမှာ ဝမ်နျဲ့နျန်က ကုယျန်ရှန်းနဲ့ပတ်သတ်ပြီး ခံစားချက်တွေရှိနေအုံးမှာကိုပဲ ကြောက်ရွံ့နေသည်။

"နျဲ့နျန် မင်း ရေသောက်မလား။ ငါ မင်းအတွက်ရေယူလာပေးမယ်။"

အခန်းအပြင်သို့ စိတ်ရှုပ်ထွေးနေသောအမူအရာဖြင့် ထွက်သွားသော ထျန်ရှုံးကိုကြည့်ပြီး ဝမ်နျဲ့နျန်သည်ပင် စိတ်ထဲတစ်မျိုး ဖြစ်သွားသည်။

သူအမြဲတမ်းတွေးနေခဲ့တာ ကုယျန်ရှန်းကိုမြင်တဲ့အခါ သူ့ကိုယ်သူမထိန်းနိုင်ဘဲ စိတ်ထဲကနာကျည်းမှုတွေအတိုင်း ရိုက်နှက်မိလိမ့်မည်။ သို့ပေမယ့် တကယ်လည်း ကုယျန်ရှန်းကို မျက်စိရှေ့မှာတွေ့ရော သူထင်ထားသလိုမဟုတ်ဘဲ သူ့နှလုံးသားထဲက ခံစားချက်တွေက ငြိမ်သက်နေခဲ့သည်။

'ရခဲ့သမျှ ဒဏ်ရာတွေနဲ့ နာကျင်မှုတွေက ဘယ်တော့မှ ကွယ်ပျောက်သွားမှာ မဟုတ်ဘူး။'

ဝမ်နျဲ့နျန်က သူ့နဖူးပေါ်က အမာရွတ်ကိုလက်နဲ့ ထိကြည့်လိုက်သည်။

'ဘာလို့ ကုယျန်ရှန်းက ကွာရှင်းတဲ့အကြောင်းကို အခုထိ မကြေညာရသေးတာလဲ။ ဒီအခွင့်အရေးကို အရမ်းလိုချင်နေတဲ့ ချန်းလုံအန်းကရော ၊ သူရော ဒီလိုအချိန်အကြာကြီး စောင့်နေတာမျိုး လုပ်ပါ့မလား။'

***

တိတ်ဆိတ်နေသောအခန်းလေးထဲမှာ ပိုင်ရှင် ဝမ်နျဲ့နျန်ရဲ့ အနံ့အသက်တွေက ပျောက်ကွယ်လုနီးနီးဖြစ်နေသည်။ ပြင်ပကမ္ဘာကြီးလည်း မှောင်မိုက်နေပြီး ထိုအခန်းထဲတွင် ငြိမ်သက်စွာ ရှိနေသော ကုယျန်ရှန်းသည်ပင် တစ်ညလုံး မအိပ်ဖြစ်ပဲ လည်ဆွဲကိုလက်ထဲဆုပ်ကိုင်ပြီး အံ့အားသင့်စေသော အတွေးများစွာဖြင့် စိုက်ကြည့်နေခဲ့သည်။

နောက်တစ်နေ့မနက် သူ ကုမ္ပဏီသွားတဲ့အခါ အိပ်ရေးပျက်ထားကြောင်းဖော်ပြနေသော မျက်ဝန်းများက သွေးကြောများထင်းပြီး နီရဲနေသည်။ ခေါင်းကလည်း အနည်းငယ်ကိုက်ခဲနေပြီး အစည်းအဝေးပြီးသည်နှင့် ရုံးခန်းထဲသို့ တန်းဝင်သွားခဲ့သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now