အခန်း(၁၁) အကုန်လုံးက ငါ့အပိုင်ပဲ

11.3K 1.6K 15
                                    

ဝမ်နျဲ့နန် ထိုအခြေအနေကလွတ်မြောက်ဖို့ သူ့အတွက် လှည့်ထွက်သွားရုံမှလွဲလို့ တခြားမရှိပေ။ သူတစ်ဖက်ကို ခပ်မြန်မြန်ပြန်လှည့်ပြီး အသက်ကိုပြင်းပြင်းရှူကာ ကားပါကင်ထိုးထားသည့်နေရာသို့ ထွက်လာခဲ့သည်။

"တိုက်ဆိုင်လိုက်တာနော်"

သူ့ဘဝတစ်လျှောက်လုံးမှာအမုန်းဆုံးသူအဖြစ်သတ်မှတ်ထားသူ၏ အသံက အနောက်ကနေထွက်ပေါ်လာပြီး အသံကို နားထောင်ကြည့်ရုံနဲ့တင် သူ့ကို ဘယ်လောက်ထိလှောင်ပြောင်နေမလဲဆိုတာ သိသာနေသည်။

"အင်း တကယ်ကို တိုက်ဆိုင်မှုပဲ "

ဝမ်နျဲ့နန် နောက်ကိုလှည့်ကာ ပြန်ဖြေလိုက်သည်။ လုံအမ်းရဲ့ ကိုယ်ပေါ်မှာခုနက ကုယျန်ရှန်းရွေးပေးထားတဲ့ ဝါညိုနုရောင်ကုတ်လေး ရှိမနေ။

"ဆေးရုံကဆင်းလာတာကို ငါ မသိလိုက်ဘူး။ ငါသာ သိခဲ့ရင် မင်းကိုကြိုဖို့ ယျန်ရှန်းကိုလွှတ်ပေးလိုက်ပါတယ်"

ချန်းလုံအမ်းက တဖြေးဖြေးအနားကို တိုးလာပြီး ကားတံခါးကိုမှီကာ ပြောသည်။ သူ့အသံတွေမှာ လှောင်ပြောင်ခြင်းတွေကအပြည့် ၊ ခပ်စောင်းစောင်းကြည့်နေသည့် မျက်ဝန်းတွေသည်လည်း ပြုံးယောင်သန်းနေသည့် နှုတ်ခမ်းပါးနဲ့အညီ ကောက်ကျစ်မှုတွေနဲ့ ပြည့်နှက်နေသည်။

"ဘာလို့လဲ ။ ငါတို့နှစ်ယောက်ကိုရှေ့ထားပြီး ပြဇာတ်တစ်ပုဒ်လောက်ကဖို့ အစီအစဉ်ရှိထားလို့လား။"

"မင်း ငါ့ကို မနိုင်ပါဘူး။ ဝမ်နျဲ့နန် မင်းက ငါ့ရန်သူမဟုတ်ဘူး အရင်နှစ်တွေကရော အဲ့ဒီမတိုင်ခင်အချိန်ကရော၊ ဒါပေမယ့် ငါက ယျန်ရှန်းနဲ့ လမ်းခွဲခဲ့ရပြီး မင်းကတော့ အလွယ်လေးသူ့ကိုရသွားတယ်။ အခု ငါ ပြန်လိုချင်တယ်။ ငါနဲ့ သက်ဆိုင်သမျှအရာအားလုံးကိုပြန်လိုချင်တယ် "

"မင်း ပိုင်တဲ့အရာပေါ့လေ။ ဟက် "

"ဒါဆိုဘာလို့ လွန်ခဲ့တဲ့သုံးနှစ်က သူ့ကိုထားသွားခဲ့လဲ။ မင်း ယျန်ရှန်းကိုဘယ်တုန်းကမှမချစ်ခဲ့ဘူး။ အဲ့တာတောင် သူ့အနားကပ်ပြီး သူ့ကို ပိုင်ဆိုင်ချင်နေတာက မင်း ဦးလေးရဲ့ အမိန့်ကြောင့်မဟုတ်ဘူးလား။"

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Où les histoires vivent. Découvrez maintenant