တစ်ဖက်သတ် ကြိတ်ပြီး ချစ်နေရတဲ့ ခံစားချက်က ဘယ်လောက်ထိ နာကျင်ရလဲဆိုတာ ဝမ်နျဲ့နန်ကောင်းကောင်းသိသည်။ ဝမ်နျဲ့နန် ကုယျန်ရှန်းကို ခြောက်နှစ်တိတိ ချစ်ခဲ့ပေမယ့် သူ့အတွက် အသိအမှတ်ပြုမှုသေးသေးလေးတောင် ပြန်မရခဲ့ပဲ နောက်ဆုံးမှာ အချစ်က အဆုံးအစမရှိတဲ့ စောင့်စားမှုနဲ့ နာကျင်မှုတွေကိုသာ ဖြစ်စေခဲ့တယ်။
ထျန်ရှုံးကိုတော့ အဲ့လိုနာကျင်မှုတွေနဲ့ စောင့်စားနေရမယ့်အချစ်မျိုး သူမပေးချင်။
[ငါ မင်းကိုချစ်တဲ့ အချစ်က မင်း ကုယျန်ရှန်းကို ချစ်တဲ့အချစ်ထက်မလျော့ပါဘူး။ အဲ့တာက ရူးမိုက်တဲ့ အတွေးတစ်ခုဆိုရင်တောင် ငါ ဂရုမစိုက်ဘူး။ မင်း ဆီက တုံ့ပြန်ချက်လည်း မလိုချင်ပါဘူး။ ဒီအတိုင်းလေး မင်းကို ငါချစ်တာကို သိစေချင်ရုံပါ။ မင်းကို မြင်နေရရုံနဲ့ ငါပျော်တယ် နန်နန် ]
တစ်ဖက်က ထျန်ရှုံးက စာတွေတစ်ခုပြီးတစ်ခုရေးပို့နေပေမယ့် စာတစ်ကြောင်းရေးလိုက်တိုင်း သူ့ဆံပင်တွေကို လက်နဲ့ထိုးထိုးဖွပြီး send ကို နှိပ်ဖို့ အားယူနေရတဲ့ အဖြစ်ကိုတော့ ဝမ်နျဲ့နန် မသိခဲ့။
ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ အပြည့်ဖြစ်နေတဲ့ ဝမ်နျဲ့နန်အတွက် စကားလုံးတွေက ပြောပြဖို့ခက်ခဲလွန်းနေပြီး ပြောဖို့အကြောင်းဖန်လိုက်တိုင်း မပြောထွက်ဘဲ ရင်ဝမှာဆို့သွားတာကြောင့် စကားလုံးတွေများလာတဲ့အခါ တစ်ချက်ချက် အောင့်သက်သွားတဲ့ နှလုံးသားနေရာကိုပဲ လက်သီးဆုပ်နဲ့ ပြင်းပြင်းထုနေမိသည်။
[ ငါ အိမ်ပြန်ရောက်ပြီ။ စိတ်မဆိုးပါဘူး၊ ကျေးဇူးတင်ပါတယ် ]
ထျန်ရှုံး နာရီဝက်လောက် အချိန်ယူပြီး စာပို့လိုက်ပြီးနောက် တစ်ဖက်က စာပြန်လာမှာကိုလည်း ရင်ဘတ်တစ်ခုလုံးတင်းကျပ်နေသည်အထိ စောင့်နေမိသေးသည်။ အတော်လေးကြာတော့မှ ထွက်ပေါ်လာတဲ့ စာဝင်သံက သူ့ရင်ဘတ်ထဲက တင်းကြပ်မှုတွေကို ချက်ချင်းပြေလျော့သွားစေကာ သူ့ဖုန်းမှာ ပေါ်နေတဲ့ စာကို မျက်လုံးပြူးပြီး တစ်ခါပြန်ကြည့်လိုက်သည်။
[မင်း ငါ့ကို ဘယ်တော့မှ စာမပြန်တော့ဘူးလို့ ထင်နေတာ။ အခုမှ ငါ ခံစားနေရတာတွေ သက်သာသွားတယ် ]
YOU ARE READING
(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)
RomanceI'm not own this novel . I credit to the original author and Eng translator who allow me to translate this novel. Author - ICIYUAN动漫 English Translator - xxGirl-in-blue အချည်းနှီးသာဖြစ်သွားခဲ့ရတဲ့ သုံးနှစ်တာ ကာလအတွက် ဝမ်နျဲ့နန် ပြန်ရခဲ့တာက အေးစက်တဲ...