"အဲ့ဒီတော့ သူတစ်ညလုံးပြန်မလာတာက ငါ့ကြောင့်ပေါ့။ "
ကျိုးယွမ်ဖုန်း၏စကားကြောင့် ကုယျန်ရှန်းက ချက်ချင်းမတ်တပ်ထရပ်ပြီး စိတ်တိုတိုနဲ့ ပြန်အော်ပြောလိုက်သည်။
"သူတစ်ခြားသူတွေကို လှည့်စားနေတာမဟုတ်ပဲ ဒုက္ခရောက်နေတယ်ဆိုတာက ဘယ်လိုသေချာနေတာလဲ။"
"ယန်ရှန်း ဘာတွေဖြစ်နေတာလဲ။ ဒါက "
ရုတ်တရက်ထွက်လာသော ချန်းလုံအန်း၏အသံကြောင့် ကျိုးယွမ်ဖုန်း၏မျက်နှာတစ်ခုလုံးက အံ့ဩမှုများဖြင့် ဖုံးလွှမ်းသွားပြီး အေးစက်ခက်ထန်သောအမူအရာနှင့် ကုယျန်ရှန်းအား မယုံကြည်နိုင်စွာ ပြန်စိုက်ကြည့်လိုက်သည်။
"ကုယျန်ရှန်း မင်း သူ့ကို အိမ်ခေါ်လာရဲသေးတယ် ? မင်း ဦးနှောက်ရှိသေးလား မင်း မိန်းမက အခုပျောက်နေတာ။ သူ ဘယ်ရောက်နေလဲဆိုတာတောင် မသိနေဘူး။ မင်း နားလည်ရဲ့လား။"
" ငါ သူ့ကိုရှာဖို့ ရဲစခန်းကို ဖုန်းဆက်လိုက်မယ်။ "
"ငါ . ငါ မနေ့က နျဲ့နျန်ကော်ရစ်တာဘက်ထွက်ပြီး ထျန်လွမ်ရွှန်းနဲ့ စကားပြောနေတာ တွေ့ခဲ့တယ်။ ပြီးတော့ သူတို့အတူတူထွက်သွားကြတယ်။ ငါက ထျန်ရှုံးလည်း ဧည့်ခံပွဲမှာ ရှိနေလို့ သွားတွေ့တယ် ထင်တာ "
ချန်းလုံအန်းက ရဲဆီဖုန်းဆက်တော့မည့် ကျိုးယွမ်ဖုန်းကို တားဖို့ ခပ်မြန်မြန်ဝင်ပြောလိုက်သည်။ ချန်းလုံအန်း၏ စကားကိုကြားတဲ့အခါ ကျိုးယွမ်ဖုန်းက ဒေါသကြီးစွာဖြင့် ပြန်အော်ပြောလိုက်သည်။
"မင်း ပါးစပ်ကိုပိတ်ပြီး အဲ့အတိုင်းပဲ ရပ်နေ ။ မင်းဟာမင်း ဘာဖြစ်ဖြစ် ဘယ်လောက်ပဲကျော်ကြား ကျော်ကြား ကုအဖွဲ့အစည်းရဲ့ မဒမ်တော့ ဖြစ်လာမှာ မဟုတ်ဘူး။ နားလည်ထား !"
"မင်းကရော ဝမ်နျဲ့နျန်က ထျန်လွမ်ရွှန်းနဲ့ မထွက်သွားဘူးလို့ ပြောရဲလို့လား။
သူတို့နှစ်ယောက်အပြင်ထွက်သွားတာ ငါမျက်လုံးနဲ့ ကိုယ်တိုင်မြင်တယ်။ အတူထွက်သွားပြီး ငါတို့ ပြန်လာတဲ့အချိန်အထိ သူ ခန်းမထဲ ပြန်မဝင်လာဘူး။ သူ ထျန်ရှုံးနဲ့ သွားတွေ့ပြီး ပြန်မလာချင်တော့တာဖြစ်မှာပေါ့။ "
ŞİMDİ OKUDUĞUN
(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)
RomantizmI'm not own this novel . I credit to the original author and Eng translator who allow me to translate this novel. Author - ICIYUAN动漫 English Translator - xxGirl-in-blue အချည်းနှီးသာဖြစ်သွားခဲ့ရတဲ့ သုံးနှစ်တာ ကာလအတွက် ဝမ်နျဲ့နန် ပြန်ရခဲ့တာက အေးစက်တဲ...