အခန်း(၃၄) ကျွန်တော့်ကို နောက်တစ်ခါလောက် ဖက်ထားစေချင်တယ်

10.6K 1.5K 131
                                    

ဝမ်နျဲ့နန်၏အခန်းလေးက နောက်နေ့မနက်ရောက်တဲ့အချိန်ထိ တိတ်ဆိတ်နေပြီး ဝမ်နျဲ့နန်လည်း အခန်းပြင်ကို တစ်ကြိမ်တောင် ထွက်မလာသေးပေ။

ဦးလေးရှီက မနေ့ကတည်းက ဝမ်နျဲ့နန်ရဲ့ အခန်းလေးကို တစိမ့်စိမ့်စောင့်ကြည့်နေခဲ့ပြီး ဒီနေ့မနက်တွင်တော့ သူကိုယ်တိုင်ပဲ တံခါးသွားခေါက်ခဲ့သည်။

အခန်းအပြင်လည်း မထွက်လာတာမို့ ထမင်းလည်း မစားဖြစ်ဘူးလေ။ ဝမ်နျဲ့နန်မှာ အစာအိမ်ရောဂါလည်း ရှိနေတာကြောင့် တစ်ခုခုဖြစ်သွားမှာကို ဦးလေးရှီ အရမ်းကို စိုးရိမ်နေသည်။

"မဒမ် ... မဒမ် ... ဘယ်လိုနေသေးလဲ ဟို... "

ဦးလေးရှီ တံခါးခေါက်ပြီး အသံပြုလိုက်ပေမယ့် အခန်းထဲမှ တုံ့ပြန်သံတော့ ပြန်မကြားရ။ ထို့ကြောင့် ဦးလေးရှီလည်း ဝမ်နျဲ့နန် အားနည်းပြီး ပြန်မဖြေနိုင်တာလား။ မေ့များမေ့နေတာလား ဟုတွေးကာ အခန်းတံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ သို့ပေမယ့် သူမြင်လိုက်ရသည်က ဝမ်နျဲ့နန်က အိပ်ရာပေါ်မှာထိုင်နေပြီး သူ့လက်ထဲမှာလည်း တစ်စုံတစ်ခုကို ကိုင်ထားသည်။

"မဒမ် .... ဘာလုပ်နေတာလဲ "

"ဦးလေးရှီ မလှဘူးလား။ "

ဝမ်နျဲ့နန်က သူ့လက်ထဲက ဓာတ်ပုံလေးကို ပြပြီး ကလေးတစ်ယောက်လို ပြုံးပြနေသည်။

"ဘယ်လို "

ဦးလေးရှီ အံ့ဩပြီး ခနမျှကြောင်အ သွားသည်။ ထို့နောက် ဝမ်နျဲ့နန်လက်ထဲက ဓာတ်ပုံကို လှမ်းကြည့်လိုက်သည်။ ဓာတ်ပုံထဲက အမျိုးသမီးက သိမ့်မွေ့ထက်မြတ်လှသောပုံစံနှင့် မြင်သူတိုင်းကို ရင်သပ်ရှုမောစေသည့် ပုံပန်းသွင်ပြင်လည်းရှိသည်။ သူက စန္ဒရားရှေ့မှာ ထိုင်နေပြီး သူ့လက်ထဲတွင်လည်း ကောင်ငယ်လေးတစ်ယောက်ကို နူးနူးညံ့ညံ့ပွေ့ချီထားကာ တောက်ပလွန်းစွာ ပြုံးနေသည်။

'သူက ဝမ်နျဲ့နန်၏ အမေ ၊ M နိုင်ငံ၏ အတော်ဆုံး စန္ဒရားပညာရှင် ယျဲ့ချင်း ဖြစ်သည်။ '

"ကျွန်တော့်အမေက ကြည့်ကောင်းတယ်လို့ မထင်ဘူးလား။"

"မဒမ်ရဲ့ အမေက တကယ်ကို ကြည့်ကောင်းပါတယ်။" ဦးလေးရှီက ပြန်ပြောတော့ ဝမ်နျဲ့နန်က နူးညံ့စွာ ပြုံးရယ်လေသည်။ ထို့နောက် သူ့လက်ချောင်းလေးတွေနဲ့ ဓာတ်ပုံကို တဖွဖွပွတ်သပ်ရင်း မေ့မရတဲ့ မှတ်ဉာဏ်များ၏ စေစားရာအတိုင်း သူ့အမေနဲ့ပတ်သတ်တဲ့ အကြောင်းလေးတွေကို နှုတ်ကနေ တိုးတိုးလေး ရေရွတ်နေပြန်သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Donde viven las historias. Descúbrelo ahora