"မစ္စတာ ကျိုး "
ဒီနေ့တွင်တော့ ကုမ္ပဏီတစ်ခုလုံးက ဝန်ထမ်းတွေက ကျိုးယွမ်ဖုန်းအနားမှာ အချက်အလက်တွေတင်ပြ၊ ပြောပြပေးနေတဲ့ ရှောင်လီကိုကြည့်ပြီး သူ့တို့က ဘယ်လိုလုပ် ဥက္ကဌအသစ်ရသွားတာလဲ ဆိုပြီး တိုးတိုး တိုးတိုး နဲ့ ပြောနေကြသလို အရင် ဥက္ကဌကု က ဘယ်ရောက်သွားသွားတာလဲ ဆိုပြီး အံ့ဩနေကြသည်။
"မင်းတို့ရဲ့ ဥက္ကဌက သူ့ယောက်ျားနေမကောင်းတာကို ပြုစုပေးဖို့ အိမ်မှာနေနေတယ်။ ဒါကြောင့် အခုချိန်ကစပြီး ကုမ္ပဏီရဲ့ လတ်တလောကိစ္စတွေကို ငါက ဦးစီးမယ် "
ကျိုးယွမ်ဖုန်းက လုပ်လက်စအလုပ်အားလုံးကို ရပ်ပြီး ဝန်ထမ်းတွေဘက်လှည့်ကာ ပြောလိုက်သည်။
'ဘယ်လို? သူ့ယောက်ျားကို ပြုစုတယ် ဥက္ကဌက သူ့နဲ့လက်ထပ်ထားတဲ့သူကို အရမ်းမုန်းတာ မဟုတ်ဘူးလား။'
ကျိုးယွမ်ဖုန်းက သူပြောသင့်သိတာကိုပြောပြီး ဝန်ထမ်းတွေကို အသိပေးလိုက်ပေမယ့် တန်ပြန်ပြီး ကြားလိုက်ရသည့်စကားတွေကြောင့် တွတ်ထိုးပြီးစကားပြောနေကြတဲ့ ဝန်ထမ်းအုပ်စုကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။
"မစ္စတာ ကု က အရင်နေ့ကလည်း မင်းတို့လို စကားများပြီး သူ့နောက်ကွယ်မှာ အတင်းအဖျင်းပြောနေတဲ့ ဝန်ထမ်းတစ်ချို့ကို အလုပ်ထုတ်ပစ်လိုက်တယ်လို့ ငါကြားတယ်။ ငါ အဲ့လိုမလုပ်ချင်ဘူး နားလည်လား။ "
ကျိုးယွမ်ဖုန်း၏ စူးစူးဝါးဝါးစိုက်ကြည့်လာသည့် ကြောက်မက်ဖွယ်ရာအကြည့်နှင့် အေးစက်မာထန်နေသော အသံကြောင့် စကားပြောနေကြတဲ့ ဝန်ထမ်းအားလုံးထိတ်လန့်သွားပြီး ပါးစပ်ကိုပိတ်ကာ ခေါင်းညိတ်ပြီး လက်ခံလိုက်ကြသည်။
***
ကျိုးယွမ်ဖုန်းက ရုံးခန်းထဲမှာ စာရင်းတစ်ချို့နဲ့ အလုပ်ရှုပ်နေပြီး ရှောင်လီကလည်း ကျိုးယွမ်ဖုန်းလိုအပ်သည့် အချက်အလက်မှန်သမျှကို ကူညီပြီး ရှာဖွေပေးနေသည်။
"မစ္စတာ ကျိုး ...ဒါက နိုင်ငံခြားကနေ ကျွန်တော်တို့ ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ကမ်းလှမ်းထားတဲ့ စာချုပ်တွေပါ။ တစ်ချက်လောက် စစ်ကြည့်ပါအုံး "
YOU ARE READING
(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)
RomanceI'm not own this novel . I credit to the original author and Eng translator who allow me to translate this novel. Author - ICIYUAN动漫 English Translator - xxGirl-in-blue အချည်းနှီးသာဖြစ်သွားခဲ့ရတဲ့ သုံးနှစ်တာ ကာလအတွက် ဝမ်နျဲ့နန် ပြန်ရခဲ့တာက အေးစက်တဲ...