အခန်း(၁၂၇) ထျန်ရှုံးက မင်းထက်အဆတစ်ရာ ပိုကောင်းတယ်

12K 2K 344
                                    

အခန်း(၁၂၇) ထျန်ရှုံးက မင်းထက် အဆတစ်ရာပိုကောင်းတယ်။

ဝမ်နျဲ့နျန်က ရပ်နေမြဲနေရာတွင်ပင် ကျောက်ရုပ်အနေအထားဖြစ်နေသော ကုယျန်ရှန်းကိုကြည့်ပြီး လှောင်ပြောင်လိုစိတ်ကိုသာ ခံစားမိနေသည်။

"ကုယျန်ရှန်း ... ငါ ခေါင်းမူးပြီး လဲကျသွားတာကို မင်းက ဘယ်လိုသိတာလဲ။ ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတာလား။"

ထိုအမေးကိုလည်း ငြိမ်သက်နေခြင်းဖြင့်သာ ပြန်ပြီးတုံ့ပြန်ခဲ့သည်။ ကုယျန်ရှန်းရဲ့ မျက်ဝန်းတွေက ဖမ်းမရအောင် ဟိုဒီရွှေ့လျားနေပြီး စကားလည်း မပြောချေ။

"မင်း တကယ်ပဲ .... ထျန်ရှုံးကို သဘောကျတာလား။"

ကုယျန်ရှန်းက မျက်စိရှေ့တွင်ရပ်နေတဲ့ ဝမ်နျဲ့နျန်ကိုသေချာစိုက်ကြည့်ပြီး အလိုမကျစွာမှုန်ကုပ်ရင်း မေးလိုက်သည်။ ဝမ်နျဲ့နျန်ရဲ့ခေါင်းက ဆိုးရွားစွာကိုက်ခဲနေပြီး သူက လဲမကျသွားဖို့အတွက် နံရံကိုမှီထားရင်း ရပ်နေခဲ့သည်။ အကြောင်းမရှိအကြောင်းရှာပြီး ပြဿနာဖန်တီးနေတဲ့ ကုယျန်ရှန်းနဲ့လည်း တကယ်ကို ဖက်ပြိုင်ပြီး စကားမများချင်တော့ ပြီမို့ အိမ်ထဲပြန်ဝင်ဖို့အတွက် ကိုယ်ကိုလှည့်လိုက်သည်။

အနောက်ဘက်တွင်ကျန်နေခဲ့တဲ့ ကုယျန်ရှန်းက သူရဲ့ သဘောကျပါတယ်' ဆိုတဲ့ စကားကို တစ်ဖက်သူက အရေးမလုပ်ပဲ လစ်လျူရှုလိုက်တာကို မြင်တော့ ဒေါသက နည်းနည်းလေးလောက် လှိုင်းထသွားသည်။

"ဝမ် နျဲ့နျန် ... ! ငါ မင်းကို သဘောကျတယ်' လို့ ပြောထားတယ်လေ ... ငါ မင်းကို သဘောကျတယ် .. မင်း ဘာလို့ငါ့ကို လစ်လျူထားတာလဲ။ မင်း ငါ့ကို ဘာလုပ်စေချင်လို့လဲ။ ဟုတ်တယ် ဒီရက်တွေမှာ ထုတ်လွှင့်သမျှ မင်းရဲ့ live တွေကို ငါကြည့်တယ်။ ဒါ ငါ့အပေါ်ထားတဲ့ မင်းရဲ့ တုံ့ပြန်ချက်လား။ ထျန်ရှုံးက အဲ့လောက်တောင်မှ ကောင်းနေလား။ "

'ဒါက ဘာကြောင့်လဲ' ..... သူ့ဘက်က သဘောကျပါတယ် ' ဆိုတဲ့အကြောင်းကို ဖော်ပြဖို့အတွက် သူ့ကိုယ်သူနှိမ့်ချပြီး ဘာလို့ အရင်းဆုံးပြောနေရတာလဲ။ ဒါကို သူနားမလည်နိုင်သလို ခက်ခဲလွန်းတဲ့ကိစ္စတစ်ခုလို့တောင် ထင်နေမိပေမယ့် ဝမ်နျဲ့နျန်က အခုထိ မပြောင်းမလဲပဲ ရှိနေသေးတယ်။'

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now