အခန်း(၁၃၆) မင်း ... စိတ်ရောဂါအထူးကုနဲ့ တွေ့နေတာလား။

7.4K 1.2K 102
                                    

အခန်း(၁၃၆) မင်း ... စိတ်ရောဂါအထူးကုနဲ့ တွေ့နေတာလား။

ဝမ်နျဲ့နျန်က စန္ဒရားခန်းထဲတွင် စန္ဒရားတီးလေ့ကျင့်နေသည်။ ပြိုင်ပွဲအတွက်ရေးထားတဲ့သီချင်းက အားလုံးပြီးနေပြီဖြစ်ကာ ထျန်ရှုံးကလည်း တီးကြည့်ပြီး ဘာပြဿနာမှမရှိ။ အခုက ပြိုင်ပွဲကျင်းပမည့်နေ့ကို စောင့်နေရုံသာ ရှိတော့သည်။

လက်ကောက်ဝတ်ကို အသာအယာပွတ်သပ်ရင်း ဝမ်နျဲ့နျန်က ခုံမှထကာ နို့တစ်ခွက်ယူဖို့အတွက် အခန်းအပြင်ဘက်သို့ထွက်လာခဲ့သည်။ ဝမ်နျဲ့နျန်တံခါးဝနားရောက်သည်နှင့် မျက်မှောက်ကြုပ်ရင်း တီဗီတွင် လာနေသည့် လေလံပွဲအကြောင်းကို ကြည့်နေသည့် ထျန်ရှုံးကို တွေ့လိုက်ရသည်။ သို့ပေမယ့် တီဗီမှ မည်သည့်အသံမှမကြားရချေ။

"ထျန်ရှုံး ... ဘာလို့ အသံချဲ့ပြီးမကြည့်တာလဲ။"

ဝမ်နျဲ့နျန်ရဲ့အသံကိုကြားတဲ့အခါ ထျန်ရှုံးက အနည်းငယ်ပျာယာခတ်သွားပြီး ရုတ်တရက်မတ်တပ်ထရပ်လိုက်တာကြောင့် သူ့လက်ထဲမှ (remote) က ကြမ်းပြင်ပေါ်ကျကာ အသံခလုတ်ကို ဖိမိသွားခဲ့သည်။

"ဒီနေ့ လေလံပွဲကိုတက်ရောက်ခဲ့တဲ့ ဥက္ကဌကုက ချင်မိသားစုကို ရှုံးသွားခဲ့တာလား။ အဲ့တာထက် ဒီတစ်ခေါက်မှာ ဥက္ကဌရှောင်ချင်က သူ WE ကို သဘောကျတဲ့အကြောင်းကိုပါ လူအများရှေ့မှာ ပြောသွားခဲ့တယ်။ သူတို့နှစ်ယောက်လုံးက တိုက်ခိုက်လုနီးနီးပဲ။ ကြည့်ရတာ ကုနဲ့ ချင်မိသားစုတို့ရဲ့ ဆက်ခံသူတွေကြားမှာ လျှို့ဝှက်ချက်တွေလောက်ပဲ ရှိနေတာ မဟုတ်ဘူးထင်တယ်။"

ထျန်ရှုံးက ကြမ်းပြင်ပေါ်ကျသွားတဲ့ (remote) ကိုပြန်ကောက်ပြီး တီဗီကိုမြန်မြန် ပိတ်ကာ ဝမ်နျဲ့နျန်ဘက် လှည့်လိုက်သည်။

"နျဲ့နျန် .... မင်း ဗိုက်ဆာလား။ ငါ အန်ကယ်ဝမ် ဝယ်လာတဲ့ ကိတ်မုန့်တစ်ချို့ သွားယူလာပေးမယ်လေ။"

"မယူနဲ့ ထျန်ရှုံး ၊ ငါ နည်းနည်းပင်ပန်းနေလို့ အပေါ်ထပ်တက်ပြီး နားတော့မယ်။ မင်းလည်း စောစော အနားယူတော့"

"အာ .. ကောင်းပါပြီ။"

ထို့နောက် ဝမ်နျဲ့နျန်က အပေါ်ထပ်သို့တက်သွားခဲ့ပြီး ထျန်ရှုံးက ရပ်မြဲနေရာတွင် ရပ်နေကာ ထူးဆန်းနေပုံပေါ်သည့် ဝမ်နျဲ့နျန်ကို ရပ်ကြည့်နေခဲ့သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Donde viven las historias. Descúbrelo ahora