အခန်း(၆၇)ဝမ်နျဲ့နျန် မင်းဖျားနေပြန်ပြီ ဟုတ်တယ်မလား။

12.6K 1.7K 163
                                    

ဦးလေးရှီက အိမ်ပေါ်မှာအခန်းပြင်ပြီး ဆင်းလာတော့ ဧည့်ခန်းထဲသွားပြီး ခါးအနည်းငယ်ညွှန့်ကာ ကျိုးယွမ်ဖုန်းအား ပြောလိုက်သည်။

"မစ္စတာ ယွမ်ဖုန်း အခန်းသန့်ရှင်းရေးလုပ်တာပြီးသွားပါပြီ။ အခု အနားယူလို့ရပြီ။ "

"ဟုတ်ကဲ့ ဦးလေးရှီ။ ပင်ပန်းသွားရပြီ "

ကျိုးယွမ်ဖုန်းက ကွန်ပျူတာကို ပြန်သိမ်းပြီး မတ်တပ်ရပ်ကာ အိမ်ပေါ်တက်ဖို့ ပြင်လိုက်သည်။ သူက လမ်းလျှောက်ရင်းနဲ့ ထိုင်နေတဲ့ ကုယျန်ရှန်းရဲ့ အရှေ့ကို ဖြတ်သွားရတော့ ပုခုံးကိုပုတ်ကာ လေးလေးနက်နက်ပြောလိုက်သည်။

"ငါ ပြောတဲ့အတိုင်း သူ့ကို နားလည်ဖို့ ကြိုးစားကြည့်ပါ။ သူက မင်းထင်နေသလို မဟုတ်ဘူး။ "

ကုယျန်ရှန်းက သူ့ခေါင်းကိုမော့ပြီး ကျိုးယွမ်ဖုန်းကို ကြည့်လိုက်သည်။ ထိုအကြည့်က သူ့အမြင်အာရုံထဲမှ ကျိုးယွမ်ဖုန်းကို မမြင်နိုင်တော့သည်အထိ ငေးကြည့်နေခဲ့သည်။

နောက်ဆုံးတော့ တိတ်ဆိတ်နေတဲ့ ဧည့်ခန်းထဲမှာ ကုယျန်ရှန်းတစ်ယောက်တည်းကျန်နေခဲ့ပြီး အချိန်ကြာသွားတော့ သူလည်း ဆိုဖာပေါ်မှဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး အပေါ်ထပ်သို့ တက်သွားခဲ့သည်။

လှေကားလျှောက်လမ်းတစ်လျှောက်မှာ ညရောက်ပြီဆိုတိုင်း အလိုအလျောက်လင်းလာသည့် မီးရောင်များကြောင့် လင်းထိန်နေပြီး တဖြည်းဖြည်းနဲ့ အခန်းရှေ့ရောက်သွားတဲ့အခါ သူ့ခြေလှမ်းတွေကိုရပ်ပြီး တံခါးလက်ကိုင်ကို ကိုင်ထားလျက်ပင် တံခါးဖွင့်ဖို့ တုံ့ဆိုင်းနေခဲ့သည်။

လော့ကျသံနဲ့အတူ အခန်းတံခါးကပွင့်သွားပြီး အခန်းထဲက ဝမ်နျဲ့နျန်လည်း တံခါးဝမှာ ရပ်နေတဲ့ ကုယျန်ရှန်းကို ရုတ်တရက်တွေ့လိုက်တော့ အံ့ဩခြင်းများစွာဖြင့် စိုက်ကြည့်နေခဲ့သည်။

"မင်း ဒီကိုဘာလို့ လာတာလဲ "

ကုယျန်ရှန်းက သူ့မျက်လုံးတွေကိုပင့်ကာ သူ့ရှေ့က လူကို မော့ကြည့်လိုက်ပြီး ဘာမှမပြောဘဲ အေးစက်နေတဲ့ မျက်နှာထားနဲ့ အခန်းထဲသို့ ဝင်သွားခဲ့သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now