Chapter 2

7.9K 549 3
                                    


Chapter- (2) မိထွေးရဲ့ကြိမ်းမောင်းခြင်း

တစ်နှစ်အကြာမှာပင် ကမ္ဘာပျက်ကပ်မှာ စတင်လာခဲ့ပြီး ကျောင်းရှုလန်သည်နေရာလွတ်တွင် ထည့်ထားသော အထောက်အပံ့များကို အားကိုး၍ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည်။

မမျှော်လင့်စွာပင် သူမ၏အဖော်များကိုကယ်ဆယ်သော စစ်ဆင်ရေးတစ်ခုတွင် မတော်တဆမှုဖြစ်ပွားခဲ့သည်။  ဒဏ်ရာရရှိ၍ သတိလစ်သွားပြီးနောက် သူမ ဒီခေတ်သို့ရောက်ရှိလာခဲ့သည်။ သူမ၏ လက်တွင်ရှိနေသောနေရာလွတ်ကြောင့် ထိုခေတ်တွင်ဖြစ်ပေါ်နေသောရှားပါးခြင်းသည် ကျောင်းရှုလန်၏ဘဝတွင် အများကြီးမခက်ခဲနိုင်ပေ။

သူမ၏နဖူးမှာ‌ပြင်းထန်စွာနာကျင်နေပြီးဦးခေါင်းမှာလည်း အားနည်းလျက်ရှိသည်။

သူမ၏လက်ကို ဆွဲဆိတ်ကြည့်လိုက်ပြီး နဖူးကိုထိကြည့်လိုက်သည်။  ထိုအရာမှာ အလွန်အမင်း ပူလောင်နေလျက်ရှိသည်။  သူမခန္တာကိုယ်တွင်ဖြစ်နေသော အဖျားကြီးခြင်းသည် သူမကိုအလွန်ပင် သက်တောင့်သက်သာမရှိဖြစ်စေသည်။

အခုအချိန်တွင်ဖြစ်ပေါ်နေသော အဖျားကြီးရခြင်းမှာ မူလပိုင်ရှင်၏ အမဖြစ်သော လီလီကျွမ့် ကြောင့်ပင်ဖြစ်သည်။

ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်၏ လုကျင်ကောင်း သည် မူလပိုင်ရှင်ကိုကြိုက်ခဲ့ပြီး အကြိမ်ပေါင်းများစွာဂရုစိုက်ပေးခဲ့သည်။  ထို့ကြောင့် လီလီကျွမ့်သည်အလွန်ပင်မနာလိုဖြစ်နေခဲ့သည်။

နောက်ပိုင်းတွင် မူလပိုင်ရှင်ကိုထပ်ခါတလဲလဲ သတိပေးလာခဲ့ပြီး လုကျင်ကောင်း နှင့်မူလပိုင်ရှင် စကားအတူပြောနေသည့်အချိန်များကို နှောင့်ယှက်ခြင်းများပြုလုပ်လာခဲ့သည်။  သူမသည် မူလပိုင်ရှင်နှင့် ထိပ်တိုက်ပင်ရင်ဆိုင်လာခဲ့ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စများဖြင့် စကားများရန်ဖြစ်ခဲ့ပြီးနောက် မူလပိုင်ရှင်ကိုရေထဲသို့တွန်းချ၍ မတော်တဆမှုကိုဖြစ်ပေါ်လာစေခဲ့သည်။

မူလပိုင်ရှင်မှာ ကယ်ဆယ်ခြင်းကိုခံခဲ့ရသော်လည်း သူမ၏အဖျားမှာ ကြီးမားလာခဲ့၍ သေဆုံးသွားခဲ့သည်။ ထိုအချိန်တွင်ကျောင်းရှုလန်၏ဝိညာဥ်သည် သူမ၏ခန္တာကိုယ်ထဲသို့ ကူးပြောင်းလာခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now