Chapter 160

2.4K 212 1
                                    


Chapter-160 ကျောင်းရှုလန်အား ထမင်းတစ်နပ်စားရန်ဖိတ်ခြင်း(၅)

ကျန်းချန်းက ဒီလိုပြောတဲ့အခါ ကျောင်းရှုလန် ရဲ့ပါးတွေ ချက်ချင်းနီရဲလာ‌သည်။

“အဟွတ် အဟွတ်”

ကျောင်းရှုလန် သည် ကျန်းချန်း၏ စကားက မရှင်းအောင်‌ ပြောသည်ကို နားမလည်နိုင်ဖြစ်နေသည်။

ရှက်ကိုးရှက်ကန်းမဖြစ်စေရန် ကျောင်းရှုလန်က “ရဲဘော် ကျန်းချန်း စားပြီးပြီဆို‌တော့ ပြန်ရအောင်လေ”

“ကောင်းပြီ!”

နှစ်ယောက်သား ပစ္စည်းတွေ ထုပ်ပိုးပြီး ပြန်လာခဲ့ကြသည်။

ဒီနေ့ သူတို့ နှစ်ယောက် ပစ္စည်းတွေ အများကြီး ဝယ်ထားလို့ အားလုံးကို နောက်ခုံမှာ ထားလိုက်သည်။

ပစ္စည်းများကြောင့်  ကျောင်းရှုလန်က နောက်ခုံတွင်ထိုင်၍ မရပေ။

သို့သော် ဤခေတ် စက်ဘီးများက 28 ဘားအမျိုးအစားဖြစ်ပြီး နောက်ခုံတွင် ပစ္စည်းများထည့်နိုင်ကာ ရှေ့ခုံ၌ လူများထိုင်နိုင်သည်။

ကျန်းချန်းသည် အရင်ဆုံး စက်ဘီးပေါ် တက်ခဲ့ပြီး သူ၏ခြေတံများဖြင့် မြေပြင်ပေါ်သို့ ထောက်ကာ ကျောင်းရှုလန်ကို ရှေ့ခုံမှခေါ်လိုက်သည်။

“ရဲဘော် ရှုလန် ထိုင် ကိုယ်နင်းမယ်!”

ကျန်းချန်းက ပြောပြီးနောက် သူ့စက်ဘီးကို စတင်စီးခဲ့သည်။

မူလက ကျောင်းရှုလန်သည် စက်ဘီးနောက်ခုံတွင် ထိုင်နေပြီး သူမသည် ယခင်က ဤကဲ့သို့ မထိုင်ဖူးပေ။

ဒီလိုထိုင်တာက ပြသနာမရှိပေ။ ရှေ့မှာ ထိုင်လိုက်ပါက ကျန်းချန်းကသူမကို့ နောက်မှဖက်ထားသလိုဖြစ်နေလိမ့်မည်။

သူတို့နှစ်ယောက်ကြားက အကွာအဝေးက နီးလွန်းတာကြောင့် ကျောင်းရှုလန်က ကျန်းချန်းရဲ့ အသက်ရှုသံကိုတောင်ကြားနိုင်ပေသည်။

ထိုအခါ  ကျောင်းရှုလန်က အနည်းငယ် လန့်သွားပြီး သူမ၏ နားရွက်များ နီရဲသွားတော့သည်။

ကျန်းချန်းက အလွန်ပျော်နေပြီး ကျောင်းရှုလန် နှင့် နီးစပ်ရန် အခွင့်အလမ်းကို ရှာဖွေနေသော်လည်း ဤကဲ့သို့ ဖြစ်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now