Chapter 105

3.2K 285 2
                                    

Chapter 105

ပန်းအိုးများနှင့် ရှေးဟောင်းပစ္စည်းများလည်း ရှိပြီး အများစုမှာ ကျိုးပဲ့ပျက်စီးနေခြင်း ပစ္စည်းမစုံကြခြင်းသာဖြစ်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ရှုလန်သည် သူမစိတ်ထဲတွင် စိတ်မကောင်းဖြစ်မိပြီး သက်ပြင်းချလိုက်သည်။

ပစ္စည်းကောင်းတွေကို မလိုအပ်ဘဲ မလွှတ်ပစ်ပါက အရမ်းအဖိုးတန်ပေမည်။

အခုတော့ သူမအတွက် အလွန်စိတ်ပျက်ဖွယ်ကောင်းသည့် အမှိုက်များကိုသာတွေ့လာသည်။

သူမသည် အမှိုက်ရုံကြီးကို ဖြတ်လျှောက်သွားသည်။ တွေ့လိုက်ရသောပစ္စည်းမှ ပရိဘောဂအချို့ကို စန္ဒကူးနီနှင့် ပြုလုပ်ထားပြီး အချို့မှာ အဝါရောင်ပန်းပွင့်သစ်တော်နှင့် အခြားပစ္စည်းများဖြင့် ပြုလုပ်ထားသည်။

စားပွဲများနှင့် ဗီဒိုများကဲ့သို့ ပရိဘောဂ အပိုင်းအစ

များသည် ကျိုးနေခြင်း အစိတ်အပိုင်းအချို့‌ ပျောက်နေခြင်း ဖြစ်သည်။

သို့သော်လည်း ဤသစ်မျိုးသည် အရမ်းအသုံးဝင်သည်။ ပရိဘောဂအပိုင်းအစများ ပျက်စီးသွားသော်လည်း အရည်အသွေး ကောင်းမွန်သောသစ်သားများ ပိုမိုရရှိပါက နောက်ပိုင်းတွင် ပရိဘောဂအသစ်များကို ပြန်ပြုလုပ်နိုင်မည်။

ထိုကြောင့် ဤသစ်မျိုးသည် အလွန်အဖိုးတန်လှသည်။

အမှိုက်တွေအဖြစ် ဒီမှာစုပုံနေမယ့်အစား အဲဒါတွေကို ဝယ်ခြင်းက ပိုကောင်းမည်။ သူမသည် ၎င်းတို့ကို ထိုနေရာတွင် ထားခဲ့ပါက အားလုံးမှာ ထင်းသာဖြစ်သွားလိမ့်မည်။

ဤအဖိုးတန်သစ်များကို တွေ့သောအခါ ရှုလန်သည် အားလုံးကိုဝယ်ရန် ဆုံးဖြတ်လိုက်ပြီး  သယ်ယူရန်အတွက် လှည်းတစ်စင်းကို ငှားရမ်းခဲ့သည်။ ထို့နောက် သူမသည် အနီးနားတွင် မည်သူမျှမရှိသော နေရာကို ရှာရလိမ့်မည် ထိုမှသာ ၎င်းတို့ကိုစိတ်ဖြောင့်ဖြောင့် ထားခဲ့

နိုင်မည်။

သစ်ပရိဘောဂအပြင် သူမသည် စာအုပ်များနှင့် ကြွေထည်များကိုပါ စိတ်ဝင်စားခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now