Chapter 196

1.6K 146 0
                                    

Chapter-196 လယ်ယာသုံးကိရိယာများ ဝယ်ယူခြင်း(၃)

ကျောင်းရှုလန် မဆိုင်းမတွ သဘောတူလိုက်သည်။

ဤသည်မှာ ထုတ်လုပ်ရေးအဖွဲ့အတွက် ဖြစ်သဖြင့် သူ့အတွက် အ‌နှောင့်အယှက်ဖြစ်ပေ။

ကျောင်းရှုလန်သည် ဤ၁၉၅၉ခုနှစ်က လူတွေအတွက် ပစ္စည်းလေးတစ်ခုရရန်ပင် အလွန်ခက်ခဲကြောင်းသိလေသည်။
စားစရာမရှိပါက လူတို့သည် အနှေးနှင့်အမြန်ဆိုသလို ငတ်သေကြလိမ့်မည်။

စပါးရိတ်သိမ်းရန် အလျင်စလိုမလုပ်ဘဲ အေးဆေးနေကာ မိုးရွာမည့်အချိန်အထိ စောင့်နေပါက စပါးများလည်း ပျက်စီးမည်ဖြစ်ကာ စပါးထုတ်လုပ်ရေးအဖွဲ့ကမူ စပါးများများစားစား မဝေငှနိုင်တော့ဘဲ ယခုဆောင်းရာသီ၌ အလွန်စိတ်ပျက်ဖွယ်အတိ ဖြစ်နေလိမ့်မည်။

ကျောင်းရှုလန်က လူများစွာ ငတ်သေသည်ကို မမြင်ချင်ပေ။  သူမ ဘာမှထိထိရောက်ရောက် မကူပေးနိုင်သော်လည်း ဒီတိုင်းလက်ပိုက်၍ ကြည့်‌မနေနိုင်။

လုကျင်ရှန်း ပြောပြီးသည့်နောက် ကျောင်းရှုလန်က ကျန်းချန်း နှင့်အတူ ခရိုင်မြို့သို့ သွားခဲ့၏။

ကျန်းချန်း ဘေးမှာရှိနေသောကြောင့် ကျောင်းရှုလန်သည် နေရာလွတ်မှ စက်ဘီးကို မထုတ်နိုင်ဘဲ ကျန်းချန်းနှင့် ခရိုင်မြို့သို့ လမ်းလျှောက်ခဲ့ရသည်။

ခရိုင်ခုံကိုရောက်ပြီးနောက် ကျောင်းရှုလန်က အလွန်ပင်ပန်းနေပြီး သူမ၏ခြေထောက်များ ညောင်းလာသော်လည်း သူမမှာ ဟန်လုပ်နေရန် အချိန်မရှိသဖြင့် ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမသို့ အလျင်အမြန်လိုက်သွားသည်။

ကျန်းချန်းတွင် ငွေနှင့် အထူးကူပွန်များရှိသည်။  လယ်ယာသုံးကိရိယာတွေဝယ်ရတာ လွယ်တယ်လို့ ပြောရတာ ပြောရတာလွယ်လွန်းပေမဲ့ ဒီတစ်ခေါက်မှာတော့ ခရိုင်မြို့မှာရှိတဲ့ ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေး သမဝါယမဌာနမှာ မဝယ်ခဲ့ရချေ။

တစ်လခွဲကြာပြီးနောက်၌ မိုးအဆက်မပြတ်ရွာမည်။  လုကျွမ်း ထုတ်လုပ်မှုအဖွဲ့က ထိုအကြောင်းအား စိုးရိမ်ပူပန်နေရုံသာမက အခြားထုတ်လုပ်ရေးအဖွဲ့များကလည်း စိုးရိမ်နေကြပြီး ရိတ်သိမ်းရန် အပြေးအလွှား အလုပ်များနေကြသည်။

လုကျွမ်း ထုတ်လုပ်မှုအဖွဲ့ထက် အခြေအနေပိုကောင်းသော အဖွဲ့များက  ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးသမဝါယမထံမှ လယ်ယာသုံးကိရိယာများကို ဝယ်ယူရန် ငွေနှင့် ကူပွန်များကို စုမိပြီးဖြစ်လေသာ်။

လက်ရှိတွင် ထောက်ပံ့ရေးနှင့် စျေးကွက်ချဲ့ထွင်သည့် သမဝါယမများ၏ လယ်ယာသုံးကိရိယာများ အားလုံးကို ရောင်းချပြီးသွားပြီဖြစ်သည်။  ၎င်းတို့ကို ဝယ်ယူလိုပါက ကြိုတင်စာရင်းသွင်းနိုင်သော်လည်း အနည်းဆုံး ငါးရက်စောင့်ရပါမည်။

ယခုအခြေအနေမှာ မြန်မြန်ရိတ်သိမ်းထားမှသာ  စိတ်အေးရမည်ဖြစ်ပြီး ငါးရက်ကြာသွားပါက ဘာဖြစ်နိုင်မည်ကို မသိနိုင်ပေ။ ကျန်းချန်း နှင့် ကျောင်းရှုလန်တို့သည်လည်း စိတ်ပူလာလေသည်။

ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးသမဝါယမ၏ အရောင်းဝန်ထမ်းတစ်ယောက်က “ခရိုင်မှာ ပစ္စည်းကုန်သွားပြီဆိုပေမယ့် မြို့မှာတော့ ရှိလောက်သေးတယ်။ တကယ်လို့ ပိုက်ဆံနဲ့ကူပွန် အလုံအလောက်ပါရင် မြို့သွားလိုက်ကြပါလား”

အရောင်းသမား၏စကားကို နားထောင်ပြီးနောက် ကျောင်းရှုလန် နှင့် ကျန်းချန်းတို့က ထိုအရာကို ချက်ချင်းသတိပြုမိသွားကြသည်။

မြို့တွင်း ထောက်ပံ့မှုမှာ ခရိုင်ရုံးထက် အမှန်တကယ်ပင် ပိုများလေသည်။  ခရိုင်၌ ရောင်းကုန်သော်လည်း မြို့ကို စောစောရောက်ပါ‌က ကျိန်းသေရလောက်သည်။

ဘာပဲဖြစ်ဖြစ် ဒီတိုင်းထိုင်စောင့်နေခြင်းထက် မြို့သွားလိုက်သည်က ပိုကောင်းလေသည်။

ဒါပေမဲ့ ယခုနောက်ကျနေပြီဖြစ်၍ အဖွဲ့ကိုသာ ပြန်လိုက်ပြီး မနက်ရောက်မှ တစ်ခေါက်ပြန်သွားသင့်သည်။

မနက်ဖြန်ခရိုင်ကို စောစောလာပြီး မြို့ကို ကားနဲ့သွားရမည်။ အခု မြို့ကိုသွားဖို့ ကားမရှိသည့်အပြန် အသွားတင် တစ်နာရီလောက်ကြာနိုင်သည်။ အသွားအပြန်ဆိုပါက မိုးချုပ်သွားနိုင်သည်။

ဘယ်လောက်ပဲ အရေးကြီးကြီး မနက်ဖြန်ကို စောင့်နေသင့်သည်။

ကျန်းချန်းနှင့် ကျောင်းရှုလန်တို့သည် လယ်ယာသုံးကိရိယာများ မဝယ်နိုင်ခဲ့သည့်အတွက် အနည်းငယ်စိတ်ပျက်သွားကြသည်။

“ရဲဘော် ရှုလန် ရပါတယ် မြို့ထဲမှာ ရှိမှာပါ။ မနက်ဖြန်ဆို ကိုယ်တို့ ကျိန်းသေဝယ်လို့ရ‌မှာ”  ကျန်းချန်းက ကျောင်းရှုလန်ကို နှစ်သိမ့်ပေးသည်။

ကျောင်းရှုလန်က ခေါင်းညိတ်ပြီး “ဒါဆို မနက်ဖြန်စောစောသွားရအောင် ထုတ်လုပ်ရေးအဖွဲ့ကို အလုပ်မနောက်ကျစေချင်ဘူး”

“ကောင်းပြီ!”

သူပြန်သွားသောအခါ ကျန်းချန်းက မနက်ဖြန် ခရိုင်သို့ အမြန်ရောက်ကာ ကားစီးနိုင်ရန်အတွက် လုချင်ကောင်းထံသို့ စက်ဘီးသွားငှားခဲ့သည်။

ထုတ်လုပ်ရေးအဖွဲ့သို့ရောက်သောအခါ ကျန်းချန်း နှင့် ကျောင်းရှုလန် တို့သည်  လယ်ယာသုံးပစ္စည်းများ ခရိုင်၌ ရောင်းကုန်သွားသည့် အကြောင်းနှင့် မနက်ဖြန်မြို့သို့ သွားဝယ်မည့်အကြောင်းကို လုကျင်ရှန်းအား ပြောပြသည်။  လုကျင်ရှန်းက မြို့မှ ဝယ်လာနိုင်စေရန် မျှော်လင့်နေခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now