Chapter 134

2.8K 237 1
                                    


Chapter-134 ဝက်သားကိုခိုးခြင်း(၂)

ကလေးမလေးကို ပူဆာသည်ကို မငြင်းနိုင်တော့ဘဲ ကျောင်းရှုလန်က ခေါင်းညိတ်ပြပြီး နည်းနည်းစားမည်ဟု ပြောလိုက်လေသည်။

ကျောင်းရှုကျူးက ထမင်းဗူးထဲမှ ဝက်သားပြုတ်တစ်ပိုင်းကို အမြန်ယူကာ ကျောင်းရှုလန်ကို စားရန် ပေးလိုက်သည်။

“မမ အာ!”

ကျောင်းရှုလန်၏ ပါးစပ်ထောင့်တွင် အပြုံးတစ်ခုဖြင့် သူမ ပါးစပ်ကိုဖွင့်ပြီး ကျောင်းရှုကျူးကို သူမပါးစပ်ထဲသို့ ဝက်သားပြုတ်ကို ခွံ့ကျွေးခွင့်ပြုလိုက်သည်။

ထိုဝက်ခေါက်မှ အဆီနှင့်အသားမျှတနေပြီး သူမ အရင်ခေတ်မှဝယ်ခဲ့ခြင်း ဖြစ်ပေသည်။

ထိုအချိန်တုန်းက ဤကဲ့သို့ အရသာရှိသော ဝက်သားကို မစားနိုင်တော့မည်ကို စိုးရိမ်သောကြောင့် ကျောင်းရှုလန်က အကြာကြီးစားရန် လုံလောက်စွာ ဝယ်ထားခြင်းဖြစ်လေသည်။

ကျောင်းရှုလန် သည် ထိုအချိန်က ဝက်သားပြုတ်များကို အများအပြား မှာယူခဲ့ခြင်းကြောင့် စားသောက်ဆိုင်ရှိ လူများမှာ ထိတ်လန့်သွားခဲ့သည်။  သူဌေးက ကျောင်းရှုလန် ဘာဖြစ်သွားတာလို့ ဒီလောက် ဝက်သားပြုတ်ကို ကီလိုထောင်နဲ့ချီပြီး မှာရတာလဲ ဟူ၍တွေးမိတော့သည်။

ကျောင်းရှုလန် ပိုက်ဆံကို ဦးစွာပေးချေပြီးနောက် သူဌေးက စားသောက်ဆိုင်ရှိ စားဖိုမှူးများအား ကျောင်းရှုလန် အတွက် ပြုလုပ်ခိုင်းပြီး အပိုပါထပ်ထည့်ပေးလိုက်သေးသည်။

ထိုအချိန်တုန်းက အဆိုပါ ကီလိုဂရမ်ထောင်ပေါင်းများစွာရှိသော ဝက်သားပြုတ်ကို ပြုလုပ်ရန်အတွက် စားသောက်ဆိုင်ကို ရက်များစွာအချိန်ယူပိတ်လိုက်ရသေးသည်။

ယခု သူသည် ဝက်သားကို ထပ်မံမြည်းစမ်းကြည့်သောအခါ ကျောင်းရှုလန်က အလွန်ကျေနပ်အားရမှုတစ်ခုကို ခံစားလိုက်ရသည်။

စားလို့ကောင်းပေသည်။

သေချာတာပေါ့ ၂၁ ရာစုမှာ အရသာတွေ  မတူသည့် နေရာများစွာရှိပေသည်။  ဤခေတ်နှင့်မတူဘဲ ပါဝင်ပစ္စည်းများအများအပြားမှာ ရိုးရိုးရှင်းရှင်းချက်ထားသည့်နှင့်မတူသလို ထိုသို့ချက်၍လည်းမရပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now