Chapter 43

3.7K 360 1
                                    

Chapter 43

အိုက်ထန် ပြောတဲ့အတိုင်း သူက ဘောပင်ကိုထုတ်ပြီး စာရွက်ပေါ်မှာ သူ့လိပ်စာကို ချရေးပြီး ရှုလန် အားပေးလိုက်သည်။

ရှုလန် က နောက်ကျရင် သူနဲ့အရောင်းအဝယ်တွေ ရှိနိုင်တဲ့အတွက် စာရွက်ကို သူမအိတ်ကပ်ထဲ ထည့်လိုက်သည်။

စားစရာတွေကို တစ်ခါတည်းနဲ့ အများကြီးမထုတ်သရွေ့ ဒါက အဆင်ပြေမှာပါ။

လုပ်ငန်းဆောင်တာများက ပြီးဆုံးသွားတော့ နှစ်ယောက်လုံးက ရှာတွေ့သွားမည်ကို စိုးရိမ်သောကြောင့် အမြန် လမ်းခွဲလိုက်ကြသည်။

ရှုလန် က မှောင်ခိုဈေးကို ထပ်သွား၏။ သူမရဲ့ နေရာလွတ်ထဲမှာ စားစရာတွေ အများကြီးရှိတော့ သူမ လုပ်ငန်းတွေ အများကြီးလုပ်ဖို့ ကြိုးပမ်းပြီး ဒါတွေကို ငွေနဲ့ လက်မှတ် အဖြစ်ပြောင်းရမယ်လေ။

သူမက လျို့ဝှက်နေရာကို ရှာပြီးနောက် သူမ စားစရာအချို့ကို ထုတ်ယူပြီး ၎င်းတို့ကို ခြင်းတောင်းထဲ ထည့်လိုက်တယ်။

သူမ မှောင်ခိုဈေးကို ရောက်ပြီး သိပ်မကြာခင် သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က စားစရာတွေ ဝယ်ဖို့ ကြိုးစားနေတာကို မြင်လိုက်ရသော်လည်း လူအနည်းငယ်ကို မေးမြန်းပြီးနောက် သူမ ဘာမှ ထပ်မပြောတော့ဘဲ သူမ မျက်လုံးများက ဆုံးရှုံးသကဲ့သို့ ဖြစ်နေလေသည်။

ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် အမျိုးသမီးက ဘာဖြစ်မှန်း မသိ‌ဘဲ ရုတ်တရက် ‌မြေပေါ်ကို လဲကျသွားသည်။

ရှုလန် ကအမြန်သွားပြီး ကြည့်လိုက်ရာ အမျိုးသမီးက အလွန်အားနည်းနေသည်ကို တွေ့လိုက်ရပြီး သူမရဲ့ အသက်ရှူသံက အားနည်းနေသည့်အပြင် သူမရဲ့ သွင်ပြင်က ဝါကြန့်ကြန့်ဖြစ်နေပြီး အာဟာရချို့တဲ့နေသည်။ သူမ ကြည့်ရတာ ဆာလောင်မှုကြောင့် အားနည်းးနေပုံ ရသည်။

ရှုလန် ကအမျိုးသမီးကို ကူညီပြီး ကျိုင်းပင် အောက်ကို ခေါ်သွားပြီး ပင်စည်ကို မှီစေလိုက်သည်။ ဖြတ်သွားသူ တစ်ယောက်မှ မရှိသဖြင့် မည်သူမှ သတိမထားမိပါ။

“အဒေါ်။ အဆင်ပြေရဲ့လား” ရှုလန် ကစိတ်ပူစွာ မေးလိုက်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Onde histórias criam vida. Descubra agora