Chapter 73 ဖက်ထုပ်စားခြင်း 4
ဖက်ထုပ်ထည့်ရန် ရေဆူပွက်လာသည့်အခါ ရေအေးကို ၃ကြိမ် ထည့်လိုက်သည်။ အိုးထဲတွင် ရေဆူပွက်လာချိန်တိုင်း ရေအေးကို တစ်ကြိမ်ထည့်ပြီးနောက် နောက်ထပ် ၃ကြိမ် ထပ်ထည့်လိုက်သည်။ အိုးထဲတွင်ရှိသော ဖက်ထုပ်များကို စားနိုင်သည့်အချိန်ထိ စောင့်ရမည်။
ဖက်ထုပ်များကို အိုးတစ်လုံးထဲတွင် မချက်ပြုတ်နိုင်သောကြောင့် တစ်ခါပြုတ်လျှင် ဖက်ထုပ်အခု၄၀
ခန့်ကို ၃ကြိမ် ချက်ပြုတ်ရတော့သည်။ဖက်ထုပ်များသည် အရသာ သိပ်မရှိပေမဲ့ သူတို့ချက်ပြုတ်ပြီးနောက် အနံ့ပြင်းပြင်းကို ရလိုက်ပြီး စားသောက်အခန်းထဲမှာ ထိုင်နေကြသည့် လူများက တံတွေးကို မြိုချနေကြလေသည်။
ကျောင်းရှုလန် သည် ဒီအချိန်အတွင်း အရသာရှိသော အစားအစာများကို မစားခဲ့ပေ။ အချိန်တော်တော်များများတွင် သူမသည် ကျောင်း မိသားစုနှင့် ဆိုးရွားသော ဆန်ကြမ်းများကိုသာ စားခဲ့ရသည်။ ဒီအချိန်မှာ သူမသည် ဖက်ထုပ်အနံ့ကို ရှုကာ သူမရဲ့ ဗိုက်ထဲတွင် ဆိုင်းသံဗုံသံများ မြည်နေတော့သည်။
ပထမဆုံး ဖက်ထုပ်အိုးမှ ဖက်ထုပ်များဆယ်လာပြီးနောက် ဒေါ်လေးချန်း နှင့် ဦးလေးချန်းတို့သည် ကျောင်းရှုလန် နှင့် ကျန်းချန်း တို့ကို အရင်ဆုံးစားရန် ပြောလိုက်သည်။
ကျောင်းရှုလန် က “ ဦးလေးချန်း ဦးလေးနဲ့ ကျင်းချန်း အရင်စားလိုက်ပါ ကျွန်မဗိုက်မဆာသေးဘူး”
“ဘာဖြစ်လို့လဲ မိန်းကလေး ရှုလန်၊ မင်းကဧည့်သည်ပဲ၊ မင်းအရင်စားလိုက်ပါ။ ငါအဖိုးကြီး နောက်မှပဲ စားလိုက်တော့မယ်” ဦးလေးချန်း သည် ငြင်းလိုက်ပြီး ကျောင်းရှုလန်ကို အရင်စားခိုင်းလိုက်သည်။
“ ဦးလေးချန်း ဦးလေးက လူကြီးပဲ၊ ဒါကြောင့် အရင်စားသင့်ပါတယ်”
ဒေါ်လေးချန်း က ဘေးမှာရှိပြီး ကျောင်းရှုလန်ကို ပြုံးပြကာ “အဆင်ပြေပါတယ် မိန်းကလေး ရှုလန်
ဦးလေးချန်းကို အားမနာပါနဲ့။ မင်းနဲ့ ကျန်းချန်း က ဧည့်သည်တွေဆိုတော့ မင်းတို့ပဲ အရင်စားကြပါ။ အဒေါ် နောက်တစ်အိုးထပ်ပြုတ်လိုက်ဦးမယ် သိပ်အချိန်မကြာပါဘူး” ဟု ပြောပြီး ထွက်သွားလေသည်။
ČTEŠ
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Nezařaditelnéလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000