Chapter 52

3.3K 337 4
                                    

Chapter 52 လီကျွမ့် စားစရာများ တောင်းယမ်းခြင်း၂

လီကျွမ့် သည်အချိန်အတော်ကြာ ဖြူဝင်းလာခဲ့သည့် သူမ အသားအရည်က ပြန်မည်းသွားတော့မည်ကို စဉ်းစားမိပြီး သူမအလွန် စိတ်မချမ်းမသာဖြစ်နေ၏။

ဆန့်ကျင်ဘက်အနေနဲ့ ရှုလန် ကိုကြည့်ရင် ဒါက သူမထင်ယောင်ထင်မှားဖြစ်မဖြစ် သေချာမသိပေမယ့်
ရှုလန် ရဲ့ အသားအရေဟာ ပိုချောမွေ့ပြီး ဖြူလာပုံရတယ်လို့ သူမ ခံစားမိခဲ့ပါတယ်။

သူမက ရှုလန် ကလယ်ပြင်ထဲမှာ လွန်ခဲ့တဲ့ နှစ်ရက်က အလုပ်မလုပ်ခဲ့လို ဖြစ်နိုင်တယ်လို့ သူမ ကောက်ချက်ချလိုက်သည်။

ဟမ့် သူ့ကိုယ်သူ အသားဖြူချင်နေတာကို စားစရာတောင်းတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်လုပ်တာ ရပ်လိုက်တာကို။

လီကျွမ့် ကနောက်ပိုင်းတွင် ကျင်ကောင်း နဲ့ ဆက်ဆံပြောဆိုခြင်းက သူမကို ပိုကောင်းစေမယ်လို့ ယုံကြည်ခဲ့သည်။

ကျင်ကောင်း က အဖွဲ့ခေါင်းဆောင်ရဲ့ သားဖြစ်ပြီး လွီ မိသားစုက သူတို့ရွာရှိ လူတွေထက် ပိုကောင်းတဲ့ဘဝ ရှိသည်။ အခြားမိသားစုတွေက စားစရာမလုံလောက်သော်လည်း အဖွဲ့ခေါင်းဆောင်ရဲ့ မိသားစုကတော့ လုံလောက်ပါသည်။ သူတို့က အသားနဲ့ အခြားစားကောင်းတာတွေကို တောင် အခါအားလျော်စွာ စားနေရတတ်ပါတယ်။

အချို့အရာများကြားတွင် အဖွဲ့ခေါင်းဆောင်ရဲ့ သမီးဖြစ်သော လုလန်လန် သည် အလွန်ဝသည်။ သူမသည် ၁၆၀ စင်တီမီတာ ရှည်ပြီး ၈၀ ကီလိုထက် ကိုယ်အလေးချိန်ရှိပြီး ခန္တာကိုယ်တွင် အဆီများ လှုမ်းယမ်းနေပါသည်။

ဒီနေ့ခေတ်တွင် လူဆွေအများကြီးက စားစရာမလုံလောက်ကြပါ။ လူတိုင်းက ဆာလောင်ကြပြီး အားနည်းဖြူဖျော့ပေမဲ့ အဖွဲ့ခေါင်းဆောင်ရဲ့ မိသားစုက သူတို့ရဲ့သမီးကို ဝက်ဖြစ်သည်အထိ ကျွေးမွေးထားနိုင်ပေသည်။

ဒါက သူတို့မိသားစုရဲ့ စားစရာများက အလွန်ကောင်းသည်ကိုဖော်ပြထားပြီး သူတို့မိသားစုတွင် စားဖို့ အမြဲတစ်ခုခု ရှိပေသည်။ မဟုတ်ရင် လန်လန် ကအခုအဲဒီလောက် ဝနေမှာ မဟုတ်ပါဘူး။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now