Chapter 96

2.8K 271 12
                                    

Chapter – 96

ချန်း၏ နှုတ်ခမ်းထောင့်တွင် တိမ်မြုပ်နေသော အပြုံးတစ်ခုပေါ်ထွက်သည်။ ရှုလန် အရင်ထဲက ကြင်နာပြီး ကူညီတတ်ကြောင်း သူသိသော်လည်း အခုတော့ သူမ၌ ထိုအားသာချက်ဖြစ်သည့် ကြင်နာတတ်မှုအပြင် အနည်းငယ်မျှပင် အကျိုးအမြတ်မတွက်ဘဲ သူမသူငယ်ချင်းများကိုပင် ရက်ရောတတ်ကြောင်း သူသိလာသည်။

တခြားမိန်းကလေးတွေနဲ့ လုံးဝမတူတဲ့ ခံစားချက်ကို ပေးတယ်လို့ သူမကိုမြင်ကတည်းက သူတွေးခဲ့ပေသည်။

အခုသူမကို ကြည့်လိုက်သဖြင့် သူ သောက်လိုက်တဲ့ သကြားညိုရေက အနည်းငယ် ချိုသွားသယောင်။

ကလေးတွေက တော်ဖီတွေရတဲ့အခါ တစ်ယောက်ချင်းစီက သကြားစက္ကူကို ခွာကာ စားကြ၏။

“စားလို့ကောင်းတယ်”

“မမ ပေးတဲ့ တော်ဖီက အရမ်းစားကောင်းတာပဲ”

ရှုလန်က အလုပ်မရှိသောကြောင့် ကလေးများနှင့် စကားများများပြောဖြစ်ခဲ့သည်။  ချင်ကောင်းရဲ့ သားကို လုလျန်းလျန် လို့ခေါ်ပြီး သူ့သမီးကိုတော့ လုကျွမ်းကျွမ် လို့ခေါ်သည်။

သူမက သကြားလုံးများပေးပြီး ဖော်ရွေသောကြောင့် ကလေးများနှင့် ပိုရင်းနှီးလာခဲ့သည်။

“မမရှုလန်က အရမ်းသဘောကောင်းတာပဲ အိမ်ကို မကြာခဏ လာရမယ်နော်”  ကျွမ်းကျွမ်က ရှုလန်ရဲ့လက်ကို ကိုင်ရင်း ပြုံးပြလိုက်သည်။

“ဟုတ်တယ် မမရှုလန် အချိန်ရရင် သားတို့နဲ့ လာကစားရမယ်နော်”  လျန်းလျန်ကလည်း အလားတူ တောင်းဆိုခဲ့သည်။  ရှုလန် ငြင်းမှာကို ကြောက်တဲ့အတွက် သူပြန်ဖြေတာကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းခဲ့ကြသည်။

ရှုလန်က ပြုံးပြီး “ကောင်းပြီ အချိန်ရရင် လာကစားမယ်လို့ ကတိပေးတယ်‌နော်”

ကလေးများက သူမစကားကို ကြားပြီးနောက် ဝမ်းသာ

အားရ လက်ခုပ်တီးကြသည်။

ချင်ကောင်း သူ့ကလေး‌တွေက ဘယ်သူ့ကိုမှ ဒီလောက်ရင်းရင်းနှီးနှီး ခင်သည်ကို  တစ်ခါမှမမြင်ဖူးပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now