Chapter 193

1.7K 148 0
                                    

Chapter-193 ကန်စွန်းဥဖုတ် အတူတကွစားကြခြင်း(၂)

“အင်း!”

ကျောင်းရှုလန်သည် ပန်းကန်လုံးထဲမှ ထမင်းတစ်ဝက်နီးပါးကို ကျန်းချန်း၏ ပန်းကန်ထဲသို့ ခွဲလိုက်သည်။

သူမ၏စားချင်စိတ်နှင့် နှိုင်းယှဉ်ပါက ကျန်းချန်းသည် အစားအသောက်များသူဖြစ်လေသည်။

ထမင်းပန်းကန်ပေါင်းများစွာကို အသီးအရွက်တွေနဲ့ စားသော်လည်း သူ့ဗိုက် မပြည့်သေးပေ။
သာမာန်အချိန်များတွင် ကျန်းချန်းက ထပ်စားဦးမည်ဖြစ်သော်လည်း အခုမစား‌ဘဲထိန်းထားလိုက်သည်။

စားချင်ပေမယ့် ကျန်းမိသားစုရဲ့ အစားအစာက သိပ်မများဘူးဆိုတာ သူသိလေသည်အတွက် သူသာစားလိုက်ပါက ကျန်းမိသားစုအတွက် မလောက်နိုင်ချေ။
သူပြန်သွားသောအခါတွင် ကျန်းမိသားစုအတွက် အစားအသောက်လက်မှတ် ပေးခဲ့မည်ဖြစ်ပြီး ထိုအရာက သူတို့စားစရာမရှိတော့သည့်အခါ လဲလှယ်နိုင်လေမည်။

တချို့က အဝမစားဘဲ အလှသာစားကြပြီး မစ္စကျန်းက ပန်းကန်ဆေးရန်သွားလေသည်။ စားသောက်စရာ အလုံအလောက်ရှိနေသဖြင့် ပျော်ရွှင်ကြပြီး မျက်နှာတွင် အပြုံးပန်းကိုယ်စီဖြင့် တောက်ပနေကြသည်။

နာရီဝက်ခန့် စားသောက်ကြပြီးနောက် မီးဖိုရှိ ကန်စွန်းဥများ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ကျန်းရှောင်ယသည် ကန်စွန်းဥများကို ယူရန် သွားလေသည်။

ကန်စွန်းဥရဲ့ အခွံက နည်းနည်းကြမ်းပေမယ့် မွှေးသည်။

ကျောင်းရှုလန် လာဘေးမှ ဝယ်လာတဲ့ အာလူးဖုတ်ထက် ပိုမွှေးသည်ဟု ခံစားရသည်။

ကျန်းချန်းက ပူနေသည့်တစ်လုံးကို  ယူလိုက်သည်။ဘယ်လက်နှင့် ညာဘက်လက်ပေါ်ကို အကြိမ်အနည်းငယ် ဟိုဘက်ရွေ့ကိုင်လိုက် ဒီဘက်ရွေ့ကိုင်လိုက် လုပ်နေပြီးနောက် လေဖြင့်မှုတ်သဖြင့် သိပ်မပူတော့ချေ။

ကန်စွန်းဥ၏ အခွံကို ဖယ်လိုက်သည့်အခါ ရွှေဝါရောင် ကန်စွမ်းဥအတွင်းပြင်နှင့် ဖုတ်ထားသော မွှေးရနံ့တို့ပေါင်းစပ်ကာ မွှေးကြိုင်လာသည်။

“ရဲဘော် ရှုလန် လာ စား!” ကျန်းချန်းက အခွံခွာထားတဲ့ ကန်စွန်းဥဖုတ်ကို ကျောင်းရှုလန်အား ပေးလိုက်သည်။

ကျောင်းရှုလန်က ကျန်းချန်း  ဤမျှလောက် သဘောကောင်းသည်ကို လက်မခံဝံ့ပေ။

“ရတယ် ရှင်စားလိုက်ပါ ကျွန်မခွာစားလိုက်ပါ့မယ်”

“ရဲဘော် ရှုလန် ဒါက အရမ်းပူတာနော် အပူလောင်သွားလိမ့်မယ်။ ကိုယ်ခွာပေးပါမယ်ကွာ

ကိုယ်က ပြုတ်မနူးအသားအရည်နဲ့ ဆိုတော့ အေးဆေးပဲ မင်းလိုနူးနူးညံ့ညံ့လေးကို ကိုယ်က ခွာကျွေးချင်လို့ပါကွာ “

ကျန်းချန်းက ကျောင်းရှုလန်ကို ငြင်းခွင့်မပေးဘဲ ကန်စွန်းဥကို ကျောင်းရှုလန် ၏လက်ထဲသို့ ထည့်လိုက်သည်။

အဲ့တော့မှ ကျောင်းရှုလန်က နောက်ထပ် မငြင်းဆန်တော့ဘဲ ကျန်းချန်းရဲ့ စေတနာကို လက်ခံလိုက်သည်။

“ရဲဘော် ကျန်းချန်း ကျေးဇူးတင်ပါတယ်!” ကျောင်းရှုလန်က ကျေးဇူးတင်စကား ပြောလိုက်သည်ယ

ကျန်းချန်းက ပြုံးပြီး “ရပါတယ် အရသာရှိမရှိ စားကြည့်ပါဦး။”

“အင်း!”

ကျောင်းရှုလန် စားလိုက်သည်နှင့် မွှေးကြိုင်သော အနံ့နှင့် ပူနွေးပြီး နူးညံ့အိစက်နေသော ကန်စွမ်းဥအရသာလေးမှာ ပေါ်ထွက်လာသည်။ သို့သော်လည်း ပူနေသေးသည်။

ကျောင်းရှုလန် မှုတ်နေရင်း စားသဖြင့် အရသာရှိနေလေသည်။

“အရသာရှိလိုက်တာ!” ကျောင်းရှုလန် လမ်းဘေးက သံမီးဖိုမှာ ဖုတ်ထားတဲ့ ကန်စွန်းဥတွေကို စားဖူးပေမယ့် မီးဖိုထဲမှာ ဖုတ်တဲ့ ကန်စွမ်းဥက ဒီလောက်အရသာရှိမယ် မထင်မိခဲ့ချေ။

ကျောင်းရှုလန် ကျေနပ်စွာစားနေတာကိုမြင်တော့ ကျန်းချန်းရဲ့ အပြုံးတွေက နားရွက်တပ်ချိတ်တော့မလိုပင်။

ကျောင်းရှုလန် ပျော်ပျော်ကြီးစားနေသ၍ သူပါပျော်နေလေသည်။

ကျောင်းရှုလန်၏ မျက်နှာပေါ်ရှိ အပြုံးကို  ကြည့်ပြီး ပူနေသည့်ကန်စွမ်းဥကို သတိလွတ်စွာ ယူလိုက်မိသည်။

သတိပြန်ဝင်လာသည့်အချိန်၌ သူ့လက်များသည် မီးပွင့်တော့မည့်အတိုင်းပင်။

ကျန်းချန်း အနည်းငယ် လန့်သွားပြီး ပူနေသော‌လက်များကို အေးစေရန် လေမှုတ်နေလိုက်သည်။

နောက်တစ်နေ့တွင် နွေစပါးရိတ်ကြသည်။

ထုတ်လုပ်ရေးအဖွဲ့က  အလုပ်များနေသေးသော်လည်း လုကျင်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။

လုကျင်ရှန်း၏ ပုံစံကိုမြင်တော့ ကျန်းချန်းက “ခေါင်းဆောင် ဘာဖြစ်လို့လဲ အဖွဲ့ကို တစ်ခုခု သဘောမကျလို့လား”

လုကျင်ရှန်းက ဒီအကြောင်းကို ထုတ်လုပ်ရေးအဖွဲ့အား ပြောပြဖို့ စဉ်းစားနေပြီး ကျန်းချန်းက မေးတဲ့အခါ ကျန်းချန်းကို “ဒီနေ့ ခရိုင်မိုးလေဝသဌာနက သတင်းတစ်ခုထွက်လာတယ်။ ယခုလဝက်လောက်မှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမည် တဲ့လေ အဲ့အချိန်မတိုင်ခင် စပါးအကုန်မရိတ်သိမ်းနိုင်မှာ စိုးရိမ်လို့”

Zawgyi

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Hikayelerin yaşadığı yer. Şimdi keşfedin