Chapter 61

3.6K 368 1
                                    

Chapter 61 ကြက်ဥများကို စားခြင်း ၂

ယုမိန် သည် ရှုလန် နဲ့ ရှုကျူး သာ သူမနဲ့အတူ စားခဲ့ရင် ထိုအစားအစာသည် အဲ့ဒီ အပေါက်ကြမ်းသော မိန်းမ နှစ်ယောက်အတွက် အလကားဖြစ်မယ်ဟု တွေးခဲ့မိသည်။

သူမ၏ တောင်းဆိုချက်ကို ဝေကောင်း သည် တွေးတောင်မတွေးပဲ ငြင်းခဲ့သည်။

လီကျွမ့် သည် သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေပြီး သူ၏ မိန်းမအား သူမ၏သမီးကို သေချာမဆုံးမဘူးဟု ညည်းတွားပြောဆိုခဲ့သည်။ ယခုအခါ သူမ၏ တစ်ကိုယ်ကောင်းဆံမှုသည် သူ့အား ပို၍ စိတ်မကျေနပ်မှုဖြစ်စေခဲ့သည်။ မင်းငါ့သမီးကောက်လာတဲ့ကြက်ဥတွေကို တစ်ယောက်တည်းစားဖို့ တွေးနေတုန်းလား။

ရှုလန် ၏ အတွေးနှင့် နားလည်မှုသည် အမေနှင့်သမီး အတွဲထက် ပြောင်းပြန် ဖြစ်နေသောကြောင့် သူသည် ရှုလန် အားချစ်ခဲ့သည်။

“ဒီကြက်ဥတွေက ရှုလန် ကောက်လာတာ။ သူပြောတဲ့အတိုင်းပဲ အကုန်အတူတူစားကြမယ်။” ဟု မျက်နှာတည်ဖြင့် ပြန်ဖြေခဲ့သည်။

ယုမိန် သည် နှုတ်ခမ်းစူခဲ့သော်လည်း ဘာမျှပြန်မပြောခဲ့ပေ။

ရှုလန် သည် ခိုးပြုံးပြီး ပျော်နေခဲ့သည်။

အမေနှင့်သမီးအတွဲကို လျစ်လျူရှုပြီး ရှုလန် သည် ပျော်ရွှင်စွာဖြင့် “ဖေဖေရေ နောက်ကျနေပြီမို့လို့ ညနေစာသွားပြင်လိုက်တော့မယ်နော်။ သမီးတို့ ဒီည စားလက်စနဲ့ ကောင်းကောင်းစားကြမယ်။ သမီးတို့ ကြက်ဥ ၅ လုံး လုံးစားကြမယ်။ တစ်ပန်းကန်က ကြက်ဥပေါင်း၊ တစ်ပန်းကန်က ကြက်ဥကြော်” ဟုပြောခဲ့သည်။

ဝေကောင်း သည် ခေါင်းငြိမ့်ထောက်ခံခဲ့သည်။ “ကောင်းပြီ ရှုလန်။ သမီး ဖေဖေ့ကိုပြောစရာမလိုပါဘူး။ သမီးဟာသမီးဆုံးဖြတ်။”

ရှုလန် ပြုံးခဲ့ပြီး မီးဖိုချောင်သို့သွားကာ ချက်ပြုတ်ခဲ့သည်။

ရှုကျူး သည် ထိုကြက်ဥများက စားရန်ဖြစ်ကြောင်းကြားသော် သူမသည် ပျော်ရွှင်စွာဖြင့် “ကောင်းလိုက်တာ။ စားဖို့ကြက်ဥတွေရှိတယ်။ မမရေ၊ ညီမလေး ကူပေးမယ်။” ဟု ပြောခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Donde viven las historias. Descúbrelo ahora