Chapter 143

2.4K 237 1
                                    

Chapter-143 နွား‌ကျောင်းပေးမည့် လူပြောင်းလိုက်ခြင်း(၁)

လီလီကျွမ့်သည် မူလက ဝက်အူများကို အငမ်းမရ စားနေသော်လည်း ကျောင်းရှုလန်၏ စကားကို နားထောင်ပြီးနောက် သူမ၏ ပါးစပ်ရှိ ဝက်အူများသည် မွှေးကြိုင်ခြင်းမရှိကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

  ညစာစားပြီးနောက် ကျောင်းရှုလန် ချက်ထားသော ဝက်အူများသည် အရသာရှိသောကြောင့် ကျောင်းမိသားစုသည် အလွန်ကျေနပ်သွားခဲ့သည်။

  ဒီခေတ်မှာ 21ရာစုနှင့်မတူသည်က ဖျော်ဖြေးရေးလုပ်ငန်းများဖြစ်တဲ့   တီဗီနှင့် ကွန်ပျူတာများ ကြည့်ရန်ဆော့နိုင်ရန် မရှိပေ။  ဒီရက်ပိုင်းမှာ ညစာစားပြီးရင် အခန်းထဲပြန်အိပ်ဖြစ်သည်က များပြီး အပြင်ထွက်ရန်မှာလည်း မှောင်နေသဖြင့်အဆင်မပြေပေ။

  ကျောင်းရှုလန်က သူမ၏ အသားအရေကို ဂရုစိုက်ပြီး  အိပ်မပျော်ပါက ဤခေတ်နှင့် သက်ဆိုင်နိုင်သော စာအုပ်များကို နေရာလွတ်မှ‌ယူကာ ဖတ်လေသည်။

  အခု သူမဒီကိုရောက်နေတော့ ကျောင်းရှုလန်က သူမ နားလည်ထားသည်များကို ပို၍ပင် နားလည်ချင်လာသည်။

  ပိုသိထားလေလေ တစ်ခုခုလုပ်ရန် လွယ်လေလေဖြစ်သည်။

  စာအုပ်ကိုခဏဖတ်ပြီးနောက် ကျောင်းရှုလန် အိပ်ပျော်သွားသည်။

  နောက်နေ့မနက်စောစော၌ သူတို့အလုပ်တာဝန်ကျသည်။  ကျောင်းရှုလန်က ဝက်မစင်များကို ကျူံးခြင်းလုပ်ငန်းကို ဦးဆောင်နေဆဲဖြစ်ပြီး လီလီကျွမ့်က ကျွဲနွားထိန်းကျောင်းခြင်းလုပ်ငန်းကို ဦးဆောင်ခဲ့သည်။  သို့သော် ကျောင်းရှုလန်နှင့် အလောင်းအစားကြောင့် လီလီကျွမ့် သည် ကျောင်းရှုလန် နှင့် အလုပ်ပြောင်းခဲ့ရသည်။

  ကျောင်းရှုလန်  နွားများကို ထိန်းကျောင်းနေစဉ်တွင် သူမသည် ဝက်အညစ်အကြေးများကို ကျုံးရန်သွားခဲ့ရသည်။

  ကျောင်းရှုလန် ဝက်မစင်များကို လှည်းကျင်းရခြင်းနှင့် နှိုင်းယှဉ်ပါက ကျွဲနွားများကို ထိန်းကျောင်းသည်က ပိုမိုလွယ်ကူကြောင်း တွေ့ရှိခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now