Chapter 145 - ဆွေမျိုးများ ပြန်တွေ့ခြင်း(၁)
ကျန်းချန်းမှာ အန်းတိုင်းပြည်ကိုရှာနေသည်မှာ ကြညလှနေပြီဖြစ်ပြီး ယခုပြန်တွေ့ရတော့မည်ဆိုသည်မှာ အလွန်ကောင်းသောသတင်းပေ။
ကျန်းချန်းက အရမ်းစိတ်လှုပ်ရှားစွာနဲ့ “ချင်ကောင်း အခု လုကျွမ်း ထုတ်လုပ်ရေးအဖွဲ့ကို သွားလို့ရမလား”
“ရတာပေါ့”
လုချင်ကောင်းက ကျန်းချန်း၏ အရေးကိစ္စများကို အလွန်စိုးရိမ်နေသည်။ ကျန်းချန်းက စိတ်လှုပ်ရှားပါက ထရပ်ကားကိုတောင် ယူနစ်ပိုမောင်းတတ်သည်။
ထိုနောက် ခဏကြာတော့ တခြားထရပ်ကားကို တောင်ကျော်သွားကာ ပြသနာဖြစ်တတ်ကြသည်။
ထိုသို့မဟုတ်ဘဲ လမ်းလျှောက်ပါက လုကျွမ်း ထုတ်လုပ်ရေးအဖွဲ့သို့သွားရန် နှစ်နာရီကြာမည်ဟု ခန့်မှန်းရသည်။
အချိန်ကသိပ်မကြာသည့်အတွက် အလျင်လိုရန် မလိုအပ်ပေ။
“ကောင်းတယ်”
ကျန်းချန်းက ချက်ချင်းတွေ့ချင်စိတ်ကြောင့် လက်နှစ်ဖက်ကို ပွတ်လိုက်သည်။
ကျန်းချန်းကို မြင်တော့ လုချင်ကောင်းက ပြုံးလိုက်ပြီး ကျန်းချန်းကို ကားပေါ်အမြန်တက်ဖို့ ခေါ်လိုက်ပြီး သူတို့နှစ်ယောက် ထရပ်ကားဖြင့် လုကျွမ်း ထုတ်လုပ်ရေးအဖွဲ့ဆီ မောင်းသွားလိုက်သည်။
လမ်းတွင် လုချင်ကောင်းက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ကျန်းချန်းဆီသို့ သွားကာ “ အားချန်း ရဲဘော် ရှုလန်က လုကျွမ်းထုတ်လုပ်ရေးအဖွဲ့က ထင်တယ်နော် မင်းရဲ့ဒုတိယအဘိုးက လုကျွမ်း ထုတ်လုပ်ရေးအဖွဲ့ကဆို တော်တော်တိုက်ဆိုင်တာပဲ”
လုချင်ကောင်းက ဒီလိုပြောတဲ့အခါ ကျန်းချန်း အနည်းငယ်ကြောင်သွားပြီး သူ့ရင်ထဲမှာ နည်းနည်းလေး ပိုရွှင်လန်းသွားသလို ခံစားရသည်။
သူသည် သူ၏ဒုတိယအဘိုးကိုရှာဖွေရန် လုကျွမ်း ထုတ်လုပ်ရေးအဖွဲ့သို့သွားပါက ကျောင်းရှုလန် နှင့်တွေ့ဆုံရန် ဖြစ်လာနိုင်လေသည်။
![](https://img.wattpad.com/cover/308624593-288-k948764.jpg)
YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000