Chapter 197

1.5K 139 0
                                    

Chapter-197 မြို့သို့သွားကြခြင်း(၁)

ဒါက ထုတ်လုပ်မှုအဖွဲ့သားတွေရဲ့ မျှော်လင့်ချက်ဖြစ်ပြီး အချည်းအနှီး မဖြစ်စေလိုပေ။

အဖွဲ့ဝင်များကို လယ်ယာသုံးကိရိယာများ ဝယ်ရန်ပြတ်လပ်သွားသည်နှင့် အလျင်စလိုရိတ်သိမ်းတော့မည်ဟူသည်နှင့် ပတ်သက်၍ လုကျင်ရှန်းက ပြောပြခဲ့သည်။

ဤကိစ္စသည် ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးနှင့်သက်ဆိုင်သောကြောင့် ထုတ်လုပ်ရေးအဖွဲ့ရှိလူများအား အသိပေးရန် လိုအပ်ပါသည်။

အခြေအနေတွေ မကောင်းသည်ကို ကြားလိုက်ရသဖြင့် အဖွဲ့သားများက စိတ်ပူသွားကြလေသည်။

ထုတ်လုပ်ရေးအဖွဲ့နှင့်သာမက အိမ်ထောင်စုတိုင်းနှင့် သက်ဆိုင်နေလေသည်။

အမြန်မရိတ်သိမ်းနိုင်ပါက ဝေပေးရန်မလုံလောက်မှုများ ဖြစ်ပြီး သူတို့အတွက်ခက်ခဲနေလေမည်။

ပြီးခဲ့တဲ့ ဆောင်းရာသီမှာ သူတို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့က အဆင်ပြေနေသော်လည်း အခြားထုတ်လုပ်ရေးအဖွဲ့ရှိ အဖွဲ့ဝင်များက အငတ်ဘေးနှင့်ကြုံကာ သေသွားကြသည်ဟု ကြားလေသည်။

ထုတ်လုပ်ရေးအဖွဲ့က စိုက်ပျိုးရေးကိရိယာများ လိုအပ်သည်။  ကံကောင်းသည်က ကျန်းချန်းတွင် ငွေနှင့်စက်မှုကူပွန်များရှိပြီး ထုတ်လုပ်ရေးအဖွဲ့၏ မျှော်လင့်ချက်မီးလေး တောက်ပနေဆဲဖြစ်လေသည်။ မဟုတ်ပါက မည်သို့လုပ်ရမည်မှန်းမသိချေ။

ကျန်းချန်း နှင့် ကျောင်းရှုလန်တို့သည် လယ်ယာသုံးကိရိယာများဝယ်ရန် မြို့ထဲသို့ သွားကြသဖြင့် ထုတ်လုပ်ရေးအဖွဲ့က ဝယ်လာနိုင်မည်ဟု တထစ်ချ တွေးထားကြသည်။

နောက်နေ့မနက်မှာတော့ ကျောင်းရှုလန်နဲ့ ကျန်းချန်း တို့ဟာ စောစောထပြီး ခရိုင်ရုံးသို့ စက်ဘီးစီးသွားကြတယ်။

မြို့ကို မနက် ၇ နာရီမှာ ဘတ်စ်ကားစီးပြီး နှစ်ယောက်သား သွားကြကာ ၈နာရီခွဲလောက်၌ ရောက်ကြလေသည်။ သို့သော် သူတို့ရောက်သည့်အချိန်က အရမ်းစောလွန်းနေသေးသည်။

ကျောင်းရှုလန်က အခုမှသာ ပထမဆုံးမြို့ကို ရောက်ဖူးခြင်းဖြစ်လေသည်။ သူမသည် ခရိုင်ရှိနေရာ အနှံအပြားကို ရောက်ဖူးသော်လည်း မြို့ကိုတစ်ခါမှ မရောက်ဖူးချေ။ဒီရက်ပိုင်း၌ ခရီးသွားရန် လုံးဝအဆင်မပြေချေ။

မြို့ကိုရောက်ဖို့ ကားစီးရမည် ဖြစ်သဖြင့် ကားခပေးရလေမည်။

ထို့ကြောင့် လိုအပ်မှသာ ကျေးလက်က လူအနည်းငယ်မှ ရောက်လာကြသည်။

ကျောင်းရှုလန်က မြို့ကို တစ်ချက်စူးစမ်းလိုက်သည်။ မြို့ဆိုသည့်အတိုင်း သေချာပေါက် ကျေးလိုက်ထက် အဆင့်မြင့်ပြီး ပစ္စည်းများစွာ ရောင်းချသည့်အပြင် မြင့်မားသော လူနေအဆောက်အဦများစွာနှင့် လမ်းခင်းထားသည့် လမ်းများက များပြားကြပေသည်။

ထို့အပြင် စတိုးဆိုင်များ၊ အစိုးရပိုင် စားသောက်ဆိုင်များ၊ ဌာနဆိုင်များ၊ စာတိုက်များ နှင့် ခရိုင်ကထက် ပိုကြီးသည်။

မြို့တော်နှင့်ခရိုင်ရုံးက ၂၁ရာစုလောက်မကောင်းသေးပေ။

ဒီဘက်ခေတ် မြို့တော်တည်ဆောက်မှုဟာ ၂၁ ရာစုရဲ့ ခရိုင်ရုံးလောက် မကောင်းသေးချေ။

ဒါတောင်မှ ကျောင်းရှုလန်က သူမ မရောက်ဖူးတဲ့မြို့အကြောင်း သိချင်သေးသည်။

မြို့က ခရိုင်ရုံးထက် ပိုကြီးပြီး ခရိုင်ရုံးမှာရှိသူတွေထက် ပိုချမ်းသာတဲ့သူတွေ ရှိတယ်။

စီးပွားရေးလုပ်ဖို့ မြို့တော်က မှောင်ခိုဈေးကွက်ကို ရောက်လာရင် ပိုကောင်းတဲ့ ရှေးဟောင်းပစ္စည်းတွေကို ရှာတွေ့နိုင်မှာပါ။

ဒါပေမယ့် ဒီနေ့ဈေးကွက်ကို လာရတဲ့ ရည်ရွယ်ချက်က မှောင်ခိုဈေးကွက်မှာ စီးပွားရေးလုပ်ဖို့မဟုတ်ဘဲ လယ်ယာသုံးပစ္စည်းတွေ ဝယ်ဖို့ပင်။

ထို့အပြင် ကျန်းချန်းက ယနေ့ ကျောင်းရှုလန်နှင့် အတူရှိနေသည်။  သူမက မှောင်ခိုဈေးကွက်သို့သာ သွားချင်သည်။  ကျန်းချန်း နဲ့မဟုတ်ဘဲ နောက်တစ်ကြိမ် မြို့ကို သူကိုယ်တိုင် လာဖို့ အခွင့်အရေးရှိစေချင်ပေသည်။

သူတို့ နှစ်ယောက် မြို့ကို မလည်နေတော့ဘဲ ကုန်ပစ္စည်းအရောင်းဆိုင်သို့ ဦးတည်သွားကြသည်။ 

ကံတရားက မျက်နှာသာပေးသဖြင့် သူတို့သွားသည့်ဆိုင်၌ လိုချင်သည့်ပစ္စည်းများ ရှိနေပြီး တန်းဝယ်လိုက်တော့သည်။

သူတို့နှစ်ယောက်က တံစဉ်ရှစ်ဆယ် ပေါက်ပြားဆယ်ချောင်းနှင့် ပေါက်တူးဆယ်ချောင်းကို ဝယ်လိုက်သည်။

ထုတ်လုပ်ရေးအဖွဲ့၏ အဓိကမရှိသည့်အရာမှာ သံထည်ပစ္စည်းများဖြစ်ပြီး အခြားကိုယ်တိုင်ပြုလုပ်နိုင်သည်များကို မဝယ်ချေ။

ရိတ်သိမ်းရန်အတွက် အရေးကြီးဆုံးသော စိုက်ပျိုးရေးကိရိယာမှာ တံစဉ်ဖြစ်သည်။  ဆန်ကို တံစဉ်ဖြင့် ဖြတ်ခြင်းကမြန်ဆန်ပြီး လက်ဖြင့်နှုတ်နေပါက ပြီးတော့မည်မဟုတ်ပေ။

တံစဉ် ရှစ်ဆယ်ကို ဝယ်လိုက်သည့်အတွက် ထုတ်လုပ်ရေးအဖွဲ့ဝင်များအတွက် မြန်မြန်ပြီးစီးစေနိုင်သည်။

ဒီလယ်ယာသုံးကိရိယာတွေက ဈေးအရမ်းမကြီးချေ။  တံစဉ်တစ်ခုသည် နှစ်ယွမ်နှင့် စက်မှုကူပွန် နှစ်ခုဖြစ်သည်။  ပေါက်ပြားတစ်ခုနှင့် ပေါက်တူးတစ်ခုမှာ သုံးယွမ်ဖြစ်သောကြောင့် တံစဉ်ရှစ်ဆယ်နှင့် ပေါင်းလျှင် ယွမ်၂၂၀သာ ကျသင့်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now