Chapter 31
ရှုလန်ကအရင်က ပညာရှင်မိသားစုမှာ မွေးဖွားလာတာ ဖြစ်နိုင်ပြီး သူ့မိသားစုရဲ့ အခြေအနေကြောင့် အခုတော့ ကျေးလက်မှာ နေထိုင်နေရသည်။
သူမက သူတို့ကို မပြောပေမယ့် သူတို့ရဲ့ နိုးကြားမှုကြောင့် အနည်းငယ် သိသွားရုံသာ။ ကိစ္စတွေ အများကြီးက ပိုပြီးထိလွယ်ရှလွယ် ဖြစ်တဲ့အတွက်ကြောင့် သူတို့အခု အချိန်တွင် ထုတ်ပြော၍မရပါ။ မဟုတ်ရင် ဒါတွေက သူတို့ကို နာကျင်စေလိမ့်မယ်။
ချန်း သည် အချိန်ကြာမြင့်စွာ တွေးတောပြီးနောက် သူမကို အနည်းငယ် ပို၍ စိတ်ဝင်စားလာခဲ့သည်။
အဆုံးမှာတော့ ရှုလန် ကသူမကျောပေါ်တွင် ခြင်းတောင်းကို တင်ကာ အိမ်သို့ အမြန်လမ်းလျှောက်ပြန်နေပြီဖြစ်သည်။
သူမ ပြန်နေတဲ့ လမ်းတွင် နေရာလွတ်ထဲက ပြောင်းဖူးအချို့ကို ယူထုတ်လိုက်ပြီး ပြောင်းမှုန့် အချို့ကိုလည်း ယူကာ ခြင်းထဲသို့ ထည့်ထားလိုက်သည်။
အရမ်း မများပါဘူး။ တစ်ခုကို 1ကီလိုဂရမ်လောက်ပဲ့။
တောင်သူ လယ်သမားများအတွက်တော့ တောင်းယ်မ်းပြီး ရိက္ခာ အချို့ရတာက မဆိုးပါဘူး။ ထုတ်လုပ်ရေးအဖွဲ့က အလုပ်မှတ်များ ရသော်လည်း နှစ်ကုန်မှာတော့ အလုပ်မှတ်တွေ အများကြီး ရမှာမဟုတ်ပါဘူး။
အထူးသဖြင့် ယခင်နှစ်ကစတင်ခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် ထုတ်လုပ်ရေးအဖွဲ့ရဲ့ သီးနှံရိတ်သိမ်းတာက အရင်လောက် မကောင်းတော့ပေ။ နှစ်ကုန်တွင် ရိက္ခာများကို ဝေမျှတဲ့အခါ မိသားစုတွေ ရရှိတဲ့ ရိက္ခာတွေက တစ်နှစ်လုံး အတွက်တော့ မလုံလောက်ပေ။
နွေဦးရာသီတွင် ဟင်းသီးဟင်းရွက် တူးတာလို အခြားနည်းလမ်းများကို ကိုယ်တိုင်စဉ်းစားနိုင်သော ထုတ်လုပ်ရေးအဖွဲ့မှ လူများသာမဟုတ်ပါက မိသားစုအနည်းငယ်သည် ထုတ်လုပ်ရေးအဖွဲ့မှ ထုတ်ပေးထားသော ရိက္ခာများနှင့် တစ်နှစ်ပတ်လုံး ရှင်သန်ရန် မဖြစ်နိုင်ပေ။
ရှုလန် ပြန်လာတဲ့အချိန်မှာ ထုတ်လုပ်ရေးအဖွဲ့က မနက်ပိုင်း အလုပ်များကို ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ လူတိုင်းက အိမ်တွင် နေ့လည်ခင်း အနားယူနေပြီးနောက် ညနေခင်းအလုပ်ကို ဆက်လုပ်နေကြသည်။
![](https://img.wattpad.com/cover/308624593-288-k948764.jpg)
YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000