Chapter 178 - ကောင်းအိုက်ထန်၏တူမ(၁)
ကျောင်းရှုလန် က ခေါင်းညိတ်ပြပြီး ပစ္စည်းတွေကို သယ်ကာ ကောင်းအိုက်ဖန်အိမ်ထဲသို့ ဝင်လိုက်သည်။
လုချင် နိုင်ငံနှင့်နှိုင်းယှဉ်ပါက ကောင်းအိုက်ဖန် အိမ်၏အခြေအနေများသည် အလွန်ကောင်းမွန်သည်ကိုတွေ့နိုင်သည်။ စုစုပေါင်း အခန်းနှစ်ခန်းရှိပြီး အပေါ်ထပ်တွင် တစ်ခန်းနှင့် အောက်ထပ်၌တစ်ခန်းရှိသည်။
အပေါ်က အိပ်ခန်းတစ်ခန်း ရှိကာ အောက်ခန်းကတော့ ဧည့်ခန်းဖြစ်ငည်။ ကန့်လန့်ကာကို နံရံထောင့်တွင် ချိတ်ထားပြီး အိပ်ရန် ကုတင်တစ်လုံးပါရှိသည်။
တစ်ယောက်ထဲ နေထိုင်သည့်နေရာက ကျဉ်းလွန်းလှသည်။ ကောင်းအိုက်ဖန်အိမ်က အခြေအနေမဆိုးလှချေ။ အချို့သောလူနေအိမ်များသည် ကုတင်များနှင့် အရာဝတ္ထုများစွာဖြင့် ပြည့်နေပြီး တစ်လှည့်စာပဲရှိကြသည်။
ကောင်းအိုက်ဖန်ရဲ့ မိသားစုက သူ့သမီးအတွက် အလုပ်တစ်ခုရဖို့ ပိုက်ဆံအများကြီး အကုန်ခံသည်က အံ့ဩဖို့ သိပ်မကောင်းချေ။
ကောင်းအိုက်ဖန်က ကျောင်းရှုလန် ကို ထိုင်ရန် ပြောပြီး ကျောင်းရှုလန် အတွက် သကြားညိုရေတစ်ခွက်လုပ်ကာ ကြွေပန်းကန်လုံးတစ်လုံးထဲထည့်ပြီးနောက် ကျောင်းရှုလန် ထံသို့ ယူဆောင်လာခဲ့သည်။
“ရဲဘော် ပစ္စည်းတွေ သယ်လာရတာ ပင်ပန်းနေလောက်ရောပေါ့ ရေလေးသောက်ပါဦး ပြီးရင်ဈေးပြောလေ ငွေရှင်းပေးပါ့မယ်!”
ကျောင်းရှုလန်က ခေါင်းညိတ်ပြပြီး သူရေဆာနေသည့်အတွက် ကောင်းအိုက်ဖန် ပေးသော သကြားညိုရေကို ယူလိုက်သည်။
ကောင်းအိုက်ဖန်က ကျောင်းရှုလန် ယူလာသော သန့်စင်ပြီးသား အစေ့အဆန်များကို ကြည့်ကာ သူမ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး စကားမပြောနိုင်တော့ပေ။
စုစုပေါင်း အိတ် နှစ်အိတ် ရှိပြီး တစ်ခုမှာ ဆန်၅၀ကီလို ပါပြီး နောက်တစ်အိတ်မှာ ဂျုံ ၅၀ တင်း ပါဝင်ကြောင်း သိရသည်။
ဆန်က အရည်အသွေး ကောင်းပုံပေါ်သည်။
ဂျုံမှုန့်သည် ဖြူစွတ်နေပြီး မြင်ရသည်နှင့် အရည်အသွေးမနိမ့်ကြောင်း သိနိုင်သည်။
ကျောင်းရှုလန်က သန့်စင်ထားတဲ့ အစေ့အဆန်တွေလာပိုသည်က အံ့ဩဝမ်းမြောက်ဖို့ ကောင်းသော်လည်း သူလာပို့သည်မှာ အရည်အသွေးကောင်းတွေ ဖြစ်နေသည်က ပိုအံ့ဩဖို့ကောင်းလေသည်။
ဤအစေ့အဆန်များကြောင့် သူတို့ဆက်ဆံရေးကောင်းလှလာနိုင်သည်။
အစားအစာကိုမြင်ပြီးနောက် ကောင်းအိုက်ဖန် သည်ကျောင်းရှုလန် အပေါ် ပို၍ စိတ်ဝင်စားလာသည်။
“ရဲဘော် ဒီဆန်နဲ့ ဂျုံဈေးက ဘယ်လောက်လဲ ငွေရှင်းပေးမယ်”
ကျောင်းရှုလန်က “ဆန်ရယ် ဂျုံရယ်က တစ်ပေါင်သုံးယွမ်!”
ကျောင်းရှုလန်ကလည်း စျေးကွက်ပေါက်ဈေးအတိုင်း များစွာ နိမ့်ပြီးပြောသည်။
အရေးကြီးဆုံးက လက်မှတ်ပင်ဖြစ်သည်။
ဒီသန့်စင်ပြီး ကောက်နှံတွေက ပိုက်ဆံအများကြီးပေးပြီး လိုချင်ရင်တောင် ဝယ်လို့မရဘူး။
သူသာ ဝယ်နိုင်မည်ဆိုပါက ကောင်းအိုက်ဖန်က အမြဲရနိုင်နေမည်။
ထို့ကြောင့် ကျောင်းရှုလန်က ဈေးနှုန်းပြောပြီးနောက် ကောင်းအိုက်ဖန် က ခေါင်းညိတ်ကာ သဘောတူလိုက်ပြီး “ကောင်းပြီ၊ ရဲဘော်၊ ခဏစောင့်နော် အပေါ်တတ်ပြီး ပိုက်ဆံယူလိုက်ဦးမယ်!”
ကျောင်းရှုလန်က ခေါင်းညိတ်ပြပြီး ကောင်းအိုက်ဖန် ပိုက်ဆံသွားယူသည်ကို စောင့်နေလေသည်။
ဤအရောင်းအ၀ယ်ပြုလုပ်ပြီးနောက် ကျောင်းရှုလန်က တစ်ကြိမ်လျှင် ယွမ် ၃၀၀ ရရှိနိုင်သည်။
စက်ဘီးဝယ်ရန် ယွမ် ၁၅၀ သာကုန်မည့်အပြင် ယွမ် ၁၀၀ ကျော် ကျန်သေးသည်။
ကောင်းအိုက်ဖန် အပေါ်ထပ်တက်သည့်အချိန်၌ ရင်းနှီးတဲ့လူတစ်ယောက် တံခါးအပြင်ကနေ လျှောက်လာသည်ကို သူမတွေ့လိုက်ရသည်။
ကျောင်းရှုလန် နှင့် ဝင်လာသောလူသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။
ကျောင်းရှုလန် ယခင်က နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးသော လုရှောင်းဟောင် မှလွဲ၍ အခြားသူမဟုတ်ပေ။
ကျောင်းရှုလန်ကို မြင်သည့်အခါ လုရှောင်းဟောင်က “နင် ငါ့အိမ်ကို ဘာလာလုပ်တာလဲ တစ်ခုခု လာခိုးတာလား နင်တို့တောမှာလည်း နင်အဲ့လိုခိုးနေကြလား
ငါရဲကို အကြောင်းကြားပြီး နင့်ကိုဖမ်းခိုင်းမယ်“
ကျောင်းရှုလန်က မျက်မှောင်ကြုတ်ပြီး ကမ္ဘာကြီးက သေးသေးလေးပဲလို့ တွေးလိုက်သည်။
လုရှောင်းဟောင်က ကောင်းအိုက်ထန် ရဲ့တူမပင်။
သူမပို့လိုက်တဲ့ အစားအစာက လုရှောင်းဟောင် အတွက် အလုပ်တစ်ခုရရန်ဖြစ်နေသည်။
လုရှောင်းဟောင် အကြောင်းတွေးရင်း ကျောင်းရှုလန် သည် ရောင်းချင်စိတ် ရုတ်တရက် ပျောက်ဆုံးသွားခဲ့သည်။
ဒီလိုမျိုး အမျိုးသမီးကို ဈေးရမည့်အစား မြို့ထဲမှာပဲ သွားရောင်းချင်တော့သည်။

ESTÁS LEYENDO
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
De Todoလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000