Chapter 13

4.4K 396 1
                                    

Chapter 13 မှောင်ခိုစျေးကွက်

ကျင်းဟွ အနည်းငယ်ထိတ်လန့်သွားပြီး
"ဒိခေတ်မှာဘယ်လို တခြားနည်းလမ်းရှိနိုင်မှာလဲ  အစားအသောက်ခွဲလိုက်တဲ့အခါ လူတိုင်းမှာစားစရာ တခုခုရှိပြီး ပြုတ်လို့ရပါသေးတယ်။ နွေးဦးရာသီ ရောက်ရင် တောရိုင်းအသီးအနှံတွေကို တူးဖို့တောင်တွေကိုသွားရင် အမြဲတမ်းဗိုက်ပြည့်စေပါတယ်။ ဒါပေမဲ့ လွန်ခဲ့သည့်နှစ်မှစပြီး တိုင်းပြည်ကသဘာဝဘေးဒဏ်ကို ခံစားရကာ စားနပ်ရိက္ခာ ထုတ်လုပ်မှုမှာ သိသိသာသာ ကျဆင်းသွားကာ လူတ်ိုင်း၏ဘဝမှာ ပိုမိုခက်ခဲလာစေတယ်‌ေလ။ အဒေါ်တို့ တပ်မဟာမှာ ပိုကောင်းတဲ့ဘဝရှိတယ်။ တပ်မဟာရှိတဲ့လူများက လုံ့လဝီရိယ ရှိပြီ လုပ်စရာများစွာ ရှိ၍ စပါးရိတ်သိမ်းမှုမှာ တခြားတပ်မဟာများထက် ပိုများတယ်။ ဒါအပြင် တပ်မဟာခေါင်းဆောင်မှာလည်း အမြင်ရှိပြီး ပြင်ဆင်ရန် စားနပ်ရိက္ခာ လုံလုံလောက်လောက် ရှိသည်။ တချို့နေရာတွေမှာ ရွာကလူတစ်ဝက်လောက် အစာငတ်သေကြတယ်လို့ကြားတယ်။ အသီးအရွက်ရိုင်းတွေမပြောနဲ့ အခေါက်နဲ့ အမြစ်တွေကအစ အကုန်ကောင်းတယ်။ တချို့စားစရာမရှိလို့ ကွမ်ရင်မြေကို သွားစားကြတယ်။ ဒါကြောင့်အခုခေတ်မှာ အစားအသောက်ရဖို့က အရမ်းခက်ခဲတယ် ငါတို့ ဘယ်လိုရနိုင်မှာလဲ"

ကျင်းဟွ စကားနားထောင်ပြီး ရှုလန် သတိရလာသည်။ သုံးနှစ်တာငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံနိုင်ရည်ရှိသည်။ မကြာသေးမီနှစ်များအတွင်း အစာရေ ပြတ်လပ်မှုကြောင့် လူအများအပြား အစာငတ်ပြီးသေဆုံးခဲ့ရသည်။ အခုအစာရှာဖို့ အပြင်ထွက်ရန် ဘယ်လိုရနိုင်ပါ့မလဲ။

ရှုလန် ၏မျက်လုံးတွင် စိတ်ပျက်စရာ အရိပ်အမြွက် ပြခဲ့ပြီး ကျင်းဟွ သည် ပျားပေါင်းပင်များကို မဖြတ်မီ စကားအနည်းငယ်ပြောခဲ့တယ်။

ကျင်းဟွ ထွက်သွားပြီးနောက် ရှုလန် က နေရာလွတ် ထဲမှအချက်အလက်များကို လှန်ကြည့်လိုက်သည်။ ဒီခေတ်မှာ စားနပ်ရိက္ခာ ရဖို့ခက်ခဲပေမဲ့ မှောင်ခိုစျေးကွက်ကို သွားဖို့ဆိုတာ မခက်ခဲပါဘူး၊ မှောင်ခိုစျေးကွက် မှာပစ္စည်းဝယ်တဲ့သူတွေအများကြီးရှိတယ်။ ပိုက်ဆံရှိသရွေ့ အစားအသောက်၊ အဝတ်အစား ဒါမှမဟုတ် တခြားပစ္စည်းတွေကို ဝယ်လို့ရတယ်။

ဒါမဲ့သာမာန်ပြည်သူတွေ အတွက်တော့ အသုံးမဝင်သလို မှောင်ခိုစျေးကွက် မှာ ကောက်နှံတွေကို လုံးဝဝယ်လို့မရပါဘူး။ ရိက္ခာ ထောက်ပံ့တာမဟုတ်တဲ့တွက် စျေးကအရမ်းကြီးတယ်။ ဆင့်အနည်းငယ်ဖြစ်ခဲ့သော အစားအစာများကို မှောင်ခိုစျေးကွက်တွင် အဆပေါင်းများစွာ ပွားများစေခဲ့တယ်။ သာမာန်ပြည်သူတွေလက်ထဲမှာ ပိုက်ဆံအများကြီးရှိနိုင်တဲ့သူတွေ ၊ ထိုပြင် နိုင်ငံတော်က ဤအရာကိုဖမ်းမိပါက ထောင်ကျရမည်ဖြစ်သည်။ အနည်းစုက မှောင်ခိုစျေးကွက် တွင်စွန့်စားရန်မလိုအပ်ကြပါ။

ရှုလန် ထိုပစ္စည်းများမြင်သောအခါ အလွန်ဝမ်းသာသွားခဲ့သည်။ မှောင်ခိုစျေးကွက်ရှိသောကြောင့် ကိုင်တွယ်ရလွယ်ကူသည်။ သူ့ နေရာလွတ် မှာပစ္စည်းတွေ  အများကြီး ရှိတယ် နည်းနည်းပြန်လှန်ပြီတော့ သူလိုအပ်တာကို ပြန်ယူနိုင်တယ်။  ခရိုင်မြို့ကိုသွားဖို့ အခွင့်အရေးရှာရမယ်ထင်တယ်။

ကျေးလက်တွင် မှောင်ခိုစျေးကွက်မရှိသဖြင့် ခရိုင်မြို့တွင် မှောင်ခိုစျေးကွက် ရှိသည်ဟု ခန့်မှန်းမိပြီး လိုက်ရှာရတော့သည်။ ရှုလန် နွားနှစ်ကောင်ကို မွန်းတည့်ချိန် အထိထိန်းကျောင်းခဲ့ပြီး အဖွဲ့တွင် wowotou တခုရှိသေးသည်။ ရှုလန်က wowotou သည်အလွန်မောကြောပြီး အရသာမရှိသည့်အတွက် မကြိုက်သောကြောင့် သူမသည် ထိုအခါကို နေရာလွတ် ထဲသို့ ထည့်လိုက်သည်။

နေရာလွတ် ထဲမှာ တခြားစားစရာရှိသေးတဲ့တွက် သူမထုတ်ယူပြီးစားလို့ရတယ်။ သိူ့သော် ထမင်းစားသည့်အခါ ရှုလန် သည်အလွန်သတိထားရပြီး ဘေးပတ်ဝန်းကျင်တွင် မည်သူမျှမရှိကြောင်းအတည်ပြုပြီးမှသာ စားရန်သတ္တိရှိလာသည်။ သူစားတဲ့အစားအသောက်ကောင်းကို တခြားသူတွေကရှာမတွေ့နိုင်ပါဘူး။

ရှုလန် နွားနို့စစ်စစ်တစ်ခွက်ကိုထုတ်ကာ ကိတ်မုန့်ကို လက်တဖက်နဲ့ ဆုပ်ကိုင်ကာ စားပြီးနောက် မွှေးပြီး ဆီများသော အသားကင်တစ်ချောင်းကိုပါ ထပ်စားလိုက်သည်။ စားပြီးနောက် ဗိုက်ပြည့်သွားပြီး သက်တောင့်သက်သာရှိသွားသည်။

အထူးသဖြင့်ဒီခေတ်မှာ သူစားတဲ့အစားအစာတေက ရှားပါးတယ်။ ကြီးစွာသော အစာခေါင်းပါးသောခေတ်တွင် ထိုအခါသည် အလွန်ဇိမ်ရှိသော အရာတခုဖြစ်သည်။

သူခိုးလိုစားပြီးနောက် ရှုလန် က သူမသိမ်းဆည်းထားသည့် နွားနှစ်ကောင်ကို ဆက်လက်စောင့်ရှောက်ခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Donde viven las historias. Descúbrelo ahora