Chapter 97

2.7K 275 1
                                    

Chapter – 97

ချန်း၏ မျက်နှာသည် ခဏတာ နီရဲသွားသော်လည်း ပြန်မဖြေ။

သို့သော် သူသည် စကားဖြင့်မ‌ပြောသော်လည်း  သူ၏ တိတ်ဆိတ်မှုက အဖြေကိုရှင်းလင်းစေသည်။

ချင်ကောင်းက သူ့တုံ့ပြန်မှုကိုမြင်ပြီးနောက် ကျယ်လောင်စွာရယ်မောလိုက်သည်။  “ချန်း ကောင်းတာပေါ့”

“မင်း နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းဖြစ်နေဖို့ နောက်ဆုံးတော့ လက်လျှော့လိုက်ပြီပဲ”

“ငါ့မှာ ကလေး၃ယောက်ရနေပြီ  အကြီးဆုံးနဲ့ ဒုတိယကလေးက ပဲငံပြာရည်ဝယ်လို့ရနေပြီ။

(လက်လွှတ်လို့ရနေပြီ အရွယ်ရောက်လို့)

ဒါပေမဲ့ မင်းမှာတော့ အိမ်ထောင်တောင်မပြုသေးဘူး ။ ဒီအရွယ်မှာ အခြေချပြီး အိမ်ထောင်ပြုဖို့ သေချာစဉ်းစားသင့်နေပြီကွာ”

“ဒါဆို ကံကောင်းတဲ့ မိန်းကလေးက ဘယ်သူလဲ?  ကဲ ငါ့ကိုပြောပါဦး”

ချင်ကောင်းသည် သူ့သူငယ်ချင်း၏ အတွင်းရေးကိစ္စများကို အလွန်စိတ်ဝင်စားနေသည်။

ချန်းက ထိုအချိန်မှာ ကလေးများနှင့် ကစားနေသော ရှု

လန်ကို ကြည့်ပြီး ရှက်ရွံ့စွာချောင်းဆိုးမိလေသည်။

ဤလူနှစ်ယောက်သည် တက္ကသိုလ်အဆောင်တွင် လေးနှစ်ကြာအောင် ကုတင်တစ်လုံးတည်းတွင် အိပ်ခဲ့ကြသောကြောင့် ချင်ကောင်းက ချန်းကို ကောင်းစွာသိသည်။  သူ့တုံ့ပြန်မှုအရ ကြည့်လိုက်တော့ သူချစ်နေရတဲ့မိန်းကလေးက ရှုလန် ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိပေ။

ချင်ကောင်းက အဲဒါကို ရှင်းရှင်းလင်းလင်း သိထားပုံရပြီး၊ တကယ်တော့ သူ မှန်းပြီးသားဖြစ်သည်။

ချန်းသည် ရှုလန်ကို ပထမဆုံးမြင်ထဲက သူမကို တခြားမိန်ကလေးများနှင့် မတူဘဲကွဲပြားစွာ ကြည့်နေခဲ့သည်။  သူမကို အရမ်းစိတ်ဝင်စား‌နေသည့်ပုံ။

နှစ်များစွာအထိ ချင်ကောင်းသည် ချန်း၏စိတ်ဝင်းစားမှုကို ရသည့် မိန်းကလေးတစ်ဦးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။  ရှုလန်က ပထမဆုံးဖြစ်နိုင်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now