Chapter 186 - မကူညီနိုင်ဘူး(၁)
လုကျင်းရှန်း စကားပြောပြီးနောက် ဒေါသတကြီး ထွက်သွားသည်။
လုလန်လန်က လီလီကျွမ့်ကို ကြည့်ပြီး ကလဲ့စားချေတဲ့ အပြုံးနဲ့ ပြုံးလိုက်ကာ လုကျင်းရှန်းနဲ့ ထွက်သွားခဲ့သည်။
ထုတ်လုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များက လုကျင်းရှန်း၏ စကားကြောင့် လီလီကျွမ့်အား ရှုံချသည့် အကြည့်များနှင့် ကြည့်ကြသည်။
လီလီကျွမ့်၏ အလုပ်လုပ်ပုံ နည်းတူ အဖွဲ့ဝင်များကလည်း ထိုသို့ပျင်းစိတ်များရှိကြသည်။ သို့ပေရာ ပျင်းနေပါက အလုပ်လျော့လုပ်ကြပြီး အလုပ်အမှတ်များလည်း နည်းကြသည်။
ကျောင်းမိသားစုတွင် အလုပ်အမှတ်များစွာရှိနေသည့် အခြားလူများရှိနေခြင်းကြောင့်သာ ထိုသို့မဟုတ်ပါက လီလီကျွမ့်၏လစာလည်း မလုံလောက်နိုင်ချေ။
ဒီဘက်ခေတ်မှာ လူအများစုဟာ ရိုးရိုးရှင်းရှင်းနဲ့ နေထိုင်ကြသည်။ ကျောင်းရှုလန်ကဲ့သို့ ဇွဲလုံ့လရှိသော မိန်းကလေးကို လူတိုင်းက နှစ်သက်ကြသော်လည်း လီလီကျွမ့်ကဲ့သို့ ပျင်းရိသော မိန်းကလေးကို လူအနည်းငယ်ကသာ နှစ်သက်ကြသည်။
လီလီကျွမ့် မိလ္လာကန်ထဲသို့ ကျသွားသည်ကို မြင်လိုက်သော်လည်း မည်သူမျှ မကူညီလိုတော့ပေ။
အကြောင်းတစ်ခုမှာ လီလီကျွမ့်ကို မကြိုက်သောကြောင့် ကူညီရန် စိတ်မဝင်စားခြင်းဖြစ်ပြီး နောက်တစ်ခုမှာ ညစ်ပတ်ပြီး နံစော်နေခြင်းကြောင့်ဖြစ်သည်။ လီလီကျွမ့်ကို ကန်ထဲက ဆွဲထုတ်လိုက်ရင် မစင်တွေ သူတို့ကိုယ်၌ ကပ်ကုန်မည်မှာ အသေအချာပင်။
လီလီကျွမ့်က ကန်ထဲမှ ထွက်ရန် ကြိုးစားသော်လည်း သူမကိုယ်တိုင် ဘာမှမတတ်နိုင်ပေ။
ထုတ်လုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ချို့က သူမအား စောင့်ကြည့်နေသောကြောင့် လီလီကျွမ့်က အရှက်မရှိ အကူအညီတောင်းခဲ့သော်လည်း မည်သူမျှ သူမအား ဂရုမစိုက်ခဲ့ပေ။
သူမအား ဂရုမစိုက်ကြသဖြင့် စိတ်ပျက်နေသည့်အချိန်တွင် ရှုချွေ့ဟွာ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ လီလီကျွမ့်က ထုတ်လုပ်ရေးအဖွဲ့တွင် ရှုချွေ့ဟွာ နှင့် ဆက်ဆံရေးကောင်းသဖြင့် ရှုချွေ့ဟွာကို အလျင်စလိုအကူအညီတောင်းခဲ့သည် “ချွေ့ဟွာ ငါ့ကိုကူညီပါ ငါညစ်ပတ်နံစော်ပြီး ထွက်မရဖြစ်နေတာ ငါ့ကို လာဆွဲထုတ်ပေး!”
လီလီကျွမ့် စကားပြောနေရင်း သူမလက်ကို ရှုချွေ့ဟွာ ဆီသို့ ဆန့်တန်းလိုက်သည်။
လီလီကျွမ့်၏ လက်များတွင် မစင်များ ပေနေသောကြောင့် ရှုချွေ့ဟွာက ရွံရှာ၍ မျက်မှောင်ကြုတ်ကာ လီလီကျွမ့်ကို မဲ့ရွဲ့ကာ ကြည့်ပြီး လီလီကျွမ့်အား “လီကျွမ့် ငါနင့်ကိုမဆွဲနိုင်ဘူး ငါမှာ အားမရှိတာ နင်သိပါတယ် ငါနင့်အတွက် လူသွားခေါ်ပေးမယ်”
ရှုချွေ့ဟွာ ပြောပြီးသည်နှင့် လီလီကျွမ်ကို ဘာမှပြန်မပြောဘဲ ထွက်သွားလေသည်။
ရှုချွေ့ဟွာကို ပြောနေပုံမှာ ဆင်ခြေပေးနေမှန်း သဘောပေါက်လေသည်။
အခုသေချာသွားသည်က သူမ မိလ္လာကန်ထဲမှ ပြန်တတ်ရန် အကူအညီမရှိတော့ချေ။
ကျောင်းရှုလန် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပို၍ပင် ရယ်ချင်သွားသည်။
လီလီကျွမ့် နှင့် ရှုချွေ့ဟွာ တို့သည် တကယ့် နှစ်ကိုယ့်တစ်စိတ် ညီအမများကဲ့သို့ ထင်ခဲ့ကြသော်လည်း ယခုမူ တော်တော်လေး သူစိမ်းဆန်သွားလေသည်။
လီလီကျွမ့်က ပြက်လုံးသဖွက် ပြုံးပြီးကြည့်နေသော ကျောင်းရှုလန်ကို ဆွေ့လိုက်ရပြီး ကျောင်းရှုလန် သူမကို ရယ်နေသည်မှန်း သဘောပေါက်သွားလေသည်။
သို့သော် လီလီကျွမ့်က ယခုအချိန်တွင် ကျောင်းရှုလန် နှင့် ရန်ဖြစ်ချင်စိတ်မရှိသော်လည်း ကျောင်းရှုလန်အား အမိန့်ပေးသောလေသံဖြင့် “ကျောင်းရှုလန် လာ ငါ့ကို လာထုတ်ပေး!”
ကျောင်းရှုလန် မလှုပ်ဘဲ လီလီကျွမ့် ကို ပေါ့ပေါ့ပါးပါးနဲ့ “ဘာလို့ဆွဲရမှာလဲ”
ကျောင်းရှုလန်၏ မေးခွန်းကို လီလီကျွမ့် အချိန်အတော်ကြာအောင် မဖြေနိုင်ခဲ့ဘဲ သူမက “ငါ မထနိုင်လို့ နင်ငါ့ကို ဆွဲထုတ်ပေးရမှာပဲ” ဆိုပြီး ရေရွတ်လိုက်သည်။
ကျောင်းရှုလန်က လှောင်ပြောင်ပြောဆိုလိုက်ပြီး “အဲ့တာနင့်ကိစ္စလေ ငါနဲ့မဆိုင်ဘူး ထင်တယ် စောတီး ငါမအားသေးလို့!”
ကျောင်းရှုလန်က ဂေါ်ပြားကိုကိုင်ပြီး လှည့်ထွက်သွားသည်။
ကျောင်းရှုလန် ထွက်သွားတာကိုမြင်တော့ လီလီကျွမ့် က ဒေါသတကြီးဖြင့် အံကျိတ်လိုက်သည်။
YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000