Chapter 89

3.2K 295 1
                                    

Chapter – 89

ရှုလန်သည် အနည်းငယ်ဈေးကြီးသည်ဟု ခံစားမိသော်လည်း ယင်းသည် ဤခေတ်ကာလ၏ ဈေးနှုန်းဖြစ်ပြီး ပစ္စည်းဝယ်သည့်အခါ အလျှော့အတင်းမရှိသောကြောင့် ဤပမာဏအတိုင်းသာ ပေးချေရမည်ဖြစ်သည်။

“ကောင်းပြီ ဒါဆို ငါ့ကိုပေးပါ!”

သူမသည် ယွမ်လေးယွမ်နှင့် ယွမ်နှစ်ဆယ်တန် စက်မှုကူပွန်တစ်စောင်ကို သူမ၏ အိတ်ကပ်ထဲမှ ထုတ်ယူလိုက်သည်။ မူလ ဆိုင်လက်ထောက်သည် ရှုလန်က ပိုက်ဆံနှင့် စက်မှုကူပွန် မရှိဟု ထင်ခဲ့သည်။ နောက်ဆုံးတော့ သူမဟာ ဆပ်ပြာတောင် ရအောင်မလုပ်နိုင်ခဲ့တဲ့ တုံးအသူပါပဲ။ ဒီတစ်ခါ သံအိုးကို ဘယ်လိုများ တတ်နိုင်သွားတာလဲ။

ဒါပေမယ့် ရှုလန်ထုတ်ယူခဲ့တဲ့ ပိုက်ဆံနဲ့ ကူပွန်တွေကို မြင်လိုက်ရတော့ ဆိုင်လက်ထောက်က သူမဟာ ဒီတစ်ခါ တကယ်မှားနေပြီဆိုတာ နားလည်လိုက်သည်။ ဆိုင်အကူက ပိုက်ဆံနှင့် ကူပွန်ကိုယူကာ ဆယ့်ခြောက်ယွမ်ရှိသော စက်မှု ကူပွန်ကို ရှုလန်အား လဲပေးခဲ့သည်။ ထို့နောက် သူမသည် အိုးကိုထုပ်ပိုးပြီး ရှုလန်အား

ပေးလိုက်သည်။

ရှုလန်သည် အိုးကိုယူပြီး ချန်းအိမ်သို့ တိုက်ရိုက်သွားလိုက်သည်။ ဒေါ်လေးချန်းက ရှုလန်ရောက်လာမယ်လို့ မထင်ခဲ့ပေ။ သူမက အရမ်းပျော်ရွှင်သွားပြီး ရှုလန်ကို အိမ်ထဲသို့ မြန်မြန်ဆွဲခေါ်ပြီး ထိုင်စေသည်။ ရှုလန်က အထဲဝင်ဖို့ ငြင်းဆန်လိုက်ပြီး အိုးကို သူမဆီ ပေးလိုက်သည်။

“ဒေါ်လေးချန်း၊ ကျွန်မ မထိုင်တော့ဘူး။ အခုလုပ်စရာရှိသေးတယ်။ ဒီနေ့တော့ ဒီအိုးကို ပေးဖို့အတွက်ပဲ လာခဲ့တာ။”

ရှုလန် လွှဲပြောင်းပေးထားသည့် အသစ်စက်စက် အိုးကို မြင်သည့်အခါ ဒေါ်လေးချန်းသည် ခဏတာ ပြောစရာစကားများ ပျောက်ရှသွားသည်။ ဒီကောင်မလေးက ဘာလို့အရမ်းဂရုစိုက်နေရတာလဲ။ သူမ ဒီမှာနောက်ဆုံးတစ်ခေါက်ထမင်းစားတုန်းက ပေါက်စီစားတဲ့အခါ သူတို့ရဲ့ အိုးက အခြေအနေဆိုးနေသည်ကို မြင်လိုက်ရတော့ သူမစိတ်ထဲမှာ တကယ်ပဲ မှတ်မိနေခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now