Chapter 21
ပထဆုံး အကြည့်တစ်ချက်နှင့်ပင် ဒီလူက မြို့က အလုပ်သမားလို့ ထင်ရလေသည်။များသောအားဖြင့် ဒီလိုလူတွေဆီမှာ ကူပွန်နဲ့ ပိုက်ဆံ ရှိတတ်သည်။
ရှုလန် က သူ့ဆီသို့ မြန်မြန် လမ်းလျှောက်သွားလိုက်သည်။ သူမက သူ့ရဲ့ ဘေးကို ရောက်သွားတဲ့အခါမှာ အသံတိုးတိုးဖြင့် မေးလိုက်သည် “ တဆိတ်လောက် ရဲဘော် စားစရာ လိုချင်လား”
ထိုလူက သူမကို စိတ်လှုပ်ရှားပြီး အံ့ဩတကြီး ကြည့်လိုက်ပြီး “မိန်းကလေး မင်းမှာ...မင်းမှာ စားစရာတွေ ရှိလို့လား” ပြန်ပြောသည်။
ရှုလန် က ခေါင်းငြိမ့်လိုက်သည်။
ထိုလူရဲ့ အမည်က ကောင်းအိုက်ထန် ဖြစ်သည်။ သူက စားစရာကို ဝယ်ချင်သောကြောင့် မှောင်ခိုဈေးကွက်ကို လှည့်ပတ်ကြည့်ရှု နေခဲ့တာပင်။ သို့သော်လည်း သူ့ကံက မကောင်းဘဲ သူသည် စားစရာ ရှိတဲ့သူ နဲ့ မတွေ့ရသေးပါ။ ဒီအချိန်မှာ သူ့ကို စားစရာရောင်းဖို့ တစ်ယောက်ယောက်က အရင် လာပြောလိမ့်မယ်ဟု မမျှော်လင့်ထားပါ။
“ဟုတ်တယ် ။ ငါ ဒါကို လိုချင်တယ်” သူက အမြန် ခေါင်းငြိမ့်ပြီး မေးလိုက်သည်။ “ မိန်းကလေး မင်းမှာ ဘာ စားစရာ အမျိုးအစားရှိတာလဲ။ ဘယ်လောက်ရှိလဲ”
သူမက သူမရဲ့ ခြင်းတောင်းမှာ ပါတဲ့ စားစရာ အားလုံးကို ပြောလိုက်သည်။ “ဂျုံဖြူမှုန့် 5ကီလိုဂရမ်၊ ဆန် 5ကီလိုဂရမ်၊ ခေါက်ဆွဲ 5ကီလိုဂရမ်”
ကောင်းအိုက်ထန် သည်ထိုစကားကို ကြားပြီးနောက် မျက်လုံးပြူးသွားသည်။
ဘာ
ဂျုံဖြူမှုန့် 5ကီလိုဂရမ်၊ ဆန် 5ကီလိုဂရမ်၊ ခေါက်ဆွဲ 5ကီလိုဂရမ်လား။
သူက သူမ အဝတ်အစားတွေကို ကြည့်ပြီး သူမက လယ်သမားလို့ တွေးလိုက်သည်။ သူမက စားစရာရောင်းဖို့လာသော်လည်း သူမက ကန်စွန်းဥ၊ ဆန်မှုန့်နှင့် အခြား အစေ့အဆံ ကြမ်းများကိုသာ ထုတ်ယူလာခဲ့လိမ့်မယ်။
သို့သော်လည်း သူမပြောတာက ဒါတွေက ဆန်၊ ဂျုံဖြူမှုန့်၊ ခေါက်ဆွဲတွေ ။
ဒါတွေအားလုံးက ကောင်းတဲ့ အစေ့အဆန်တွေပဲ့။
မှောင်ခိုဈေးကွက်မှာတောင် ဈေးနှုန်းက အချိန်တိုင်း မြင့်တက်နေလေ့ရှိသဖြင့် ကောင်းတဲ့ အစေ့အဆန်တွေ ဝယ်ဖို့က မလွယ်ကူလှပါဘူး။
သို့သော် သူမတွင် ကောင်းတဲ့ အစေ့အဆန် ရှိရုံသာမက အများအပြားလည်း ရှိနေလေသည်။
ခဏလောက် စဉ်းစားပြီးမှ သူက သူ့ကိုယ်သူ တမင်တကာ လိမ်လည်ပြီး မှောင်ခိုဈေးကွက်မှာ စားစရာ လာရောင်းတာဖြစ်နိုင်တယ်လို့ သိလိုက်ရသည်။
မှောင်လိုဈေးကွက်တွင် လာရောက်ရောင်းဝယ်သူ အများအပြားသည် သူတို့သူကိုယ်သူ လူမြင်ကွင်းမှ သိုသိပ်စွာဖြင့် ပုန်းအောင်းနေကြသည်။ အရင်က သူမှောင်ခိုဈေးကွက်သို့ စားစရာဝယ်ရန် မကြာခဏ လာသော်လည်း တစ်ခါမှ ပက်ပင်းမကြုံဖူးပေ။
သေချာတာပေါ့။ သူက ဒါတွေကို ဂရုမစိုက်ဘူး။ သူဂရုစိုက်တာ အားလုံးက သူမလက်ထဲက စားစရာတွေကိုပင်။
သူကောင်းတဲ့ အစေ့အဆန်တွေစားခဲ့တာ ဘယ်တုန်းကလဲ ဆိုတာကိုပင် မေ့နေလေပြီ။ အခု သူမက ဆန်၊ ဂျုံဖြူမှုန့်၊ ခေါက်ဆွဲ လို့ပြောတဲ့အခါ သူဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။
သူ မြန်မြန်မေးလိုက်သည်။ “မိန်းကလေး ဆန်၊ ဂျုံဖြူမှုန့် ၊ ခေါက်ဆွဲ ဘယ်လောက်ရှိလဲ အားလုံးလိုချင်တယ်”
ရှုလန်က မှောင်ခိုဈေးကွက်မှ ဈေးနှုန်းများကို မသိပေ။ သူမ နေရာလွတ်ထဲမှာ ကြည့်ခဲ့တဲ့ အချက်အလက်များကို စဉ်းစားပြီးနောက် ဒီခေတ်က ပစ္စည်းတွေ ရိက္ခာကူပွန်နဲ့ ဝယ်ရင် ဆန်က တစ်ကီလိုဝက်ကို ဆင့်နှစ်ဆယ်ကနေ သုံးဆယ်လောက်ပဲရပြီး ဂျုံမှုန့်က ဆန်နဲ့ အတူတူပါပဲ။ ခေါက်ဆွဲခြောက်သည် ကီလိုတစ်ဝက်လျှင် ငါးဆယ်ဆင့်ခန့် ဈေးပိုကြီးသည်။ မှောင်ခိုဈေးကွက်တွင် စျေးနှုန်းသည် ဆယ်ဆနီးပါး မြင့်တက်နိုင်ပြီး အချို့သော အစေ့အဆန်များထက် ဆယ်ဆပို၍ ဈေးကြီးနိုင်သည်။
ဤအခြေအနေတွင် လူသုံးကုန် စားစရာများက ပိုဈေးပေါသော်လည်း ကူပွန်နှင့် ပိုက်ဆံရှိနေလျှင်ပင် တရားဝင်လမ်းကြောင်းမှ ရရှိရန် ခက်ခဲသောကြောင့် သာမဟုတ်လျှင် မှောင်ခိုဈေးကွက်မှာ ရောင်းချသော စားစရာများသည် ဈေးဆိုင်များတွင် ရောင်းသည်များထက် ပိုဈေးကြီးမည် မဟုတ်ပေ။
သူမက စျေးနှုန်းတစ်ခုကို အစမ်းသဘောကိုးကားပြီး “ဆန်နဲ့ ဂျုံမှုန့်ဖြူက တစ်ကီလိုဝက်ကို သုံးယွမ်ဖြစ်ပြီး ခေါက်ဆွဲခြောက်က တစ်ကီလိုကို ငါးယွမ်ကို လေးယွမ်ပါ။
“ဒါပေမယ့် ကူပွန်ပေးနိုင်ရင် ဆန်နဲ့ ဂျုံမှုန့်က တစ်ကီလိုတစ်ဝက်ကို ယွမ်နှစ်ယွမ်နဲ့ ငါးဆယ်ဆင့်အပြင် အစားအသောက်ကူပွန် ၂၅၀ ဂရမ်။ ခေါက်ဆွဲခြောက်သည် ကီလိုတစ်ဝက်လျှင် သုံးယွမ်နဲ့ အစားအစာကူပွန် ၂၅၀ ဂရမ်။
အစားအသောက်ကူပွန်မရှိဘူးဆိုရင်လည်း အခြားကူပွန်များဆိုလည်း အဆင်ပြေတယ်။ အထည်ကူပွန်၊ သကြားကူပွန်၊ ဆီကူပွန်စသည်ဖြင့် ကြည့်ကြပါစို့။ စက်မှုကူပွန်တွေတောင်မှ။ အဲဒါတွေအားလုံးကို ငါလက်ခံနိုင်တယ်”
သူမအခု ပိုက်ဆံကော ကူပွန်ကော လိုနေသည်။ ဒီဟာတွေက သူမ နေရာလွတ်ထဲမှာ အများကြီးရှိပြီး ဒါတွေကို အလိုအလျောက် ထုတ်ယူလို့မရဘူး။ သို့သော် သူမမှာ လက်မှတ် မျိုးစုံသာ ရှိနေမယ်ဆိုရင် နောက်တွင် သူမမှာ ရှိနိုင်တဲ့ ပစ္စည်းတွေရဲ့ အရင်းအမြစ်ကို ရှင်းပြနိုင်ပေလိမ့်မည်။
အိုက်ထန်က သူမထံမှ ဈေးနှုန်းကို ကြားလိုက်သောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ အချိန်ခနအထိ သူ့နားထဲမှာ ယောင်ယောင်မှားမှားတွေ ကြားပြီး ဈေးနှုန်းမှား ကြားနေတယ်လို့ထင်လိုက်သည်။
ဘာလို့ ဈေးနှုန်းတွေက အဲ့လောက် ဈေးပေါနေရတာလဲ။
သူသည် မှောင်ခိုဈေးကွက်မှ စားသောက်ကုန်များကို လစဉ်ဝယ်ယူခဲ့ပြီး ဈေးနှုန်းများကို သိသာထင်ရှားစွာ သိရှိခဲ့သည်။ သူမ ကိုးကားသောစျေးနှုန်းများသည် မှောင်ခိုဈေးကွက်တွင် အခြားသူများရောင်းသည့်ဈေးထက် အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်း စျေးသက်သာလေသည်။

YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000