Chapter 118

2.9K 251 1
                                    

Chapter 118 စက်ဘီးလက်မှတ်(၁)

ကျောင်းရှုလန်က  ကလေးလေးသည် ကျေနပ်ရောင့်ရဲတတ်ကြောင်း သိရသဖြင့် အရမ်းကျေနပ်မိသည်။

“ကောင်းပြီ  ရှုကျူး ပြောတာမှန်တယ် မမနဲ့ အတူတူဆိုရင် အနာဂတ်ကပိုကောင်းလာနိုင်မယ် အရင်ကထက်ပိုပြီးတော့။ ဘဝမှာ စည်းစိမ်နဲ့ ဂုဏ်ပကာသနတွေက မလိုပါဘူး အေးအေးချမ်းချမနေရရင်ကို ဘဝက ပြည့်စုံနေပြီ။

ဆိုတော့ စောစောအိပ်တော့နော်  မနက်ဖြန်ရောက်‌ရင် အရသာရှိတာတွေစားရမှာမလို့ စောင့်ရင်းအိပ်လိုက်တော့ “

ကျောင်းရှုလန်က အရိပ်တကြည့်ကြည့်နဲ့ ပြုံးပြီး ကျောင်းရှုကျူး ရဲ့ နဖူးကို ညင်သာစွာ နမ်းလိုက်သည်။

ကျောင်းရှုကျူး က နာခံစွာ ပြန်ပြောပြီး မျက်လုံးမှိတ်ကာ အိပ်လိုက်သည်။

ကျောင်းရှုလန် အခန်းထဲပြန်ဝင်သွားပြီး မအိပ်ခင် မျက်နှာကိုထိန်းသိမ်းလိုက်သည်။

ကောင်းကောင်းအိပ်ပျော်ပြီး နောက်နေ့မနက်စောစောမှာ ကျောင်းရှုလန် ခရိုင်မြို့ကို သွားလိုက်၏။

ကျောင်းရှုလန်သည် အရောင်းအဝယ်နှစ်ခုပြုလုပ်ရန် မှောင်ခိုဈေးကွက်သို့ ပထမဆုံးသွားရောက်ခဲ့သည်။ ကောင်းအိုက်ထန် အရင်က ထားခဲ့တဲ့ လိပ်စာကို စဉ်းစားပြီး သူနဲ့ အချိန်အတော်ကြာ အလဲအလည်မလုပ်ဖြစ်တဲ့ အတွက်ကြောင့် ဆန်ဆယ်ကီလိုဂရမ်၊ ခေါက်ဆွဲဖြူ ဆယ်ကီလိုဂရမ်နဲ့ ကြက်ဥနှစ်ဆယ်ကို အရင်တုန်းကလို ရောင်းဝယ်ဖို့ ယူလာခဲ့သည်။

ကောင်းအိုက်ထန်က ကျောင်းရှုလန် ရောက်လာတာကို တွေ့ရတော့ အရမ်းပျော်သွားပေသည်။

ထိုအချိန်ကာလအတွင်း သူသည် မှောင်ခိုဈေးကွက်ရှိ သန့်စင်ထားသော ကောက်နှံများအကြောင်း မမေးပေမဲ့ ကျောင်းရှုလန်သည် ၎င်း၏အရေးတကြီးလိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ခဲ့သည်မှာ သံသယရှိစရာပင်။

ထို့အပြင် ကျောင်းရှုလန် မှပေးသောစျေးနှုန်းသည်မမြင့်မားဘဲ  ကောင်းအိုက်ထန် တတ်နိုင်လောက်သည့် ဈေးသာရှိသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Donde viven las historias. Descúbrelo ahora