Chapter 62 နောက်ထပ် ကုန်ရောင်းကုန်သွယ်လုပ်ခြင်း ၁
အရင်တုန်းက ဝေကောင်း က တကယ်ကို မျက်ကန်းပဲ။ လီကျွမ့် နဲ့ ယုမိန် အပေါ်ကိုသာ အမြဲတမ်း ကောင်းကောင်းဆက်ဆံပြီး သမီးရင်းတွေကို မျက်ကွယ်ပြုထားတယ်။
အဲ့ဒီအစားအသောက်နဲ့ ပတ်သက်ပြီး လီကျွမ့် အတော်ခံစားလိုက်ရတယ်။ ပထမတော့ သူကအရမ်းကို ဗိုက်ဆာနေခဲ့တာ။ ဘာမှမစားလည်း အဆင်ပြေတယ်လို့ သူမ ထင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ရှုလန် နဲ့ အခြားသူတွေ စားသောက်နေတာကို ကြည့်ပြီး အရသာရှိတဲ့အစားအသောက်တွေရဲ့ အနံ့ကို ရှုနေရတယ်။
သူမ ထပ်ပြီး သည်းမခံနိုင်တော့တဲ့အဆုံးတော့
ရှုလန် ကို သူမ ဒီနေ့ခံစားခဲ့ရတာနဲ့ ပတ်သက်ပြီး အပြစ်တင်ရင်း အခန်းထဲကို ဒေါသတကြီး လာခဲ့လိုက်တယ်။ဒီကိစ္စတွေပြီးလို့ ရက်အတော်ကြာပြီးတဲ့နောက် လီကျွမ့် အနည်းငယ် ပိုပြီးတော့ ရိုးသားလာတယ်။ သူမ နေ့တိုင်း အလုပ်သွားတယ်၊ အလုပ်အမှတ်တွေလည်း ငါးမှတ်မှာ လေးမှတ်ထိ ရတယ်။ အလုပ်ကပြန်လာရင်လည်း အရမ်းပင်ပန်းတယ်လို့ အထွန့်မတက်တော့ဘူး။
အလုပ်လုပ်လို့ ရက်အနဲငယ်ကြာတော့ ရှုလန် က အပြင်ထွက်ပြီးတောင်းဖို့ ပြောလိုက်တယ်။
ပင်ကိုအားဖြင့်တော့ ဝေကောင်း က သူမကို မတားပါဘူး။ ဘာလို့လဲဆိုတော့ သူမက လီကျွမ့် နဲ့မတူလို့ပဲ။ သူမပြန်လာတဲ့အခါတိုင်း အစားအသောက်တွေ ရလာတယ်။ ဒါပေမဲ့ လီကျွမ့် ကတော့ ခိုးယူတဲ့ နည်းလမ်းကိုသုံးတယ်။
နောက်နေ့မနက်ခင်းမှာပဲ ရှုလန် စောစောထကာ ခရိုင်ရုံးကိုသွားပြီး ချန်း စုံတွဲဆီကို ပထမဆုံးအလည်သွားတယ်။
နောက်ဆုံးအခေါက်က သူတို့နှစ်ယောက်စလုံး ဆာလောင်လွန်းလို့ မေ့မြောနေတယ်။ အခုတော့ သူတို့ စားသောက်စရာ အစားအသောက်တွေနဲ့ အရင်ကထက်လည်း ပိုကြည့်ကောင်းလာတယ်။
အရင်က အရမ်းကို ဖြူရော်သွေးဆုတ်နေတဲ့
သူတို့မျက်နှာတွေနဲ့ယှဥ်ရင် အခုသွေးရောင် အနည်းငယ် သမ်းလာတယ်။ရှုလန် ကသူတို့ခန္တာကိုယ် ကျန်းမာဖို့အတွက်
အစေ့အဆန်တွေ၊ ဝက်ဆားနယ်ခြောက်၊ ဝက်အူချောင်း၊ ဥနဲ့ ပစ္စည်းကောင်းလေးတွေပေးလိာက်သည်။
![](https://img.wattpad.com/cover/308624593-288-k948764.jpg)
YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000