Chapter 154 -လုလန်လန်အား ကူညီပေးခြင်း(၂)
အထူးသဖြင့် လုရှောင်ဟောင် က သူမကို ဝနေသည့်အတွက် လှောင်ပြောင်ပြီး ရွာ၌နေသည်ကိုလည်း အထင်သေးကာစောင်းပြောခဲ့လေသည်။
လုလန်လန်က ရွာ၌နေသော်လည်း မြို့သို့ သွားရသည့်အခါ နည်းနည်းကြောက်နေလေသည်။
ထို့အပြင် လုရှောင်ဟောင် ပြောသော စကားများက နားဝင်ဆိုးသော်လည်း အမှန်ပင်။ သူမတကယ်လည်း ဝပေသည်။ လုရှောင်ဟောင် နှင့် သူမ ရန်မဖြစ်ရဲပေ။
လုလန်လန် သည် ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမတွင် ရှိနေဆဲဖြစ်သော်လည အရောင်းသမားအများစုက လုလန်လန် ကို ရွံသည့် အကြည့်များဖြင့် ကြည့်နေကြသည်။ အကြောင်းမှာ လုရှောင်ဟောင် က လုလန်လန်အား တောသူဟုဆိုသည့်အတွက်ပင်။ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးသမဝါယမ၏ အရောင်းသမားများက ရွာသူရွာသားများအပေါ်၌ အထင်သေးကာ အပြစ်တင်ချင်ကြသည်။
“နင် ငါ့ကို ဒီလိုပြောရလောက်အောင် နင်ကရော ဘယ်လောက်တော်နေလို့လဲ” လုလန်လန်က မေးခွန်းပြန်ထုတ်သည်။
သို့သော် လုရှောင်ဟောင် က ချိုချိုသာသာဖြင့် “ငါပြောတာ လွန်သွားလို့လား အမှန်တွေပဲပြောနေတာလေ
နင်က တောသူဖြစ်နေပြီးတော့ ဝက်လိုနေတယ်ဆိုတာလေ
ကျန်တဲ့ ကြက်ကိတ် နင့်မှာမလား ငါ့ကိုပေးစမ်း “
လုရှောင်ဟောင် ၏ မောက်မာသောအမူအရာကို ကျောင်းရှုလန်သည်းမခံနိုင်တော့ချေ။
လုရှောင်ဟောင် သည် ယခင်ကလည်း သူမအား ဤကဲ့သို့ ခွဲခြားဆက်ဆံခဲ့ပြီး ယခုမူ ထိုသို့ဆက်ဆံနေပြန်သည်။
မြို့သူတစ်ယောက်ဖြစ်ရတာ ဘာထူးဆန်းသွားလို့လဲ။
လုလန်လန် က ဝသော်လည်း သူများ၏ အသွင်အပြင်အား ကဲ့ရဲ့စကားမဆိုခဲ့ပေ။
“နင့်စကားတွေက မှားပြီးလွန်နေတယ် ပြီးခဲ့တဲ့တစ်ခေါက်ကလည်း ငါ့ကို ဒီလိုဆက်ဆံတယ် အခုလည်းသူများကို ဒီလို ဆက်ဆံပြန်ပြီ နင့်မိဘတွေနဲ့ အဖွဲ့ရုံးမှာ စာရင်းရှင်းပေးစေချင်တာလား
![](https://img.wattpad.com/cover/308624593-288-k948764.jpg)
YOU ARE READING
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်
Randomလယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000