Chapter 86

2.8K 316 2
                                    

Chapter – 86

ရှုလန်က လီကျွမ့်ကို တချက်မျှကြည့်ပြီး တည်ငြိမ်စွာ ဆိုသည်။ “လုပ်လေ။ ငါကြောက်မယ် ထင်နေလား။ ဒါပေမယ့် မေးပါရစေဦး၊ နင့်ကို နွားကျောင်းခိုင်းထားတာကို နင့်အလုပ်နင် မလုပ်ဘဲ ငါ့ကို နှောင့်ယှက်ဖို့ ဒီအထိ ပြေးလာတယ်ပေါ့လေ

တာဝန်ယူစိတ်မရှိ၊ အလုပ်ကို သေချာမလုပ်၊ သူများတွေကို လိုက်နှောင့်ယှက်ပြီး ပြဿနာပဲ ရှာနေတယ်။ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်သင့်တာ ဘယ်သူလဲ။

လန်လန်က နင့်ကို ထပ်ကာပေးရင်တော့ အသင်းကလူတွေ ပြောတာ ခံရတော့မယ်။

သူ မျှမျှတတ မလုပ်ရင်တော့ အသင်းခေါင်းဆောင်ဆီသွားပြီး ဘယ်သူမှန်လဲ၊ မှားလဲ ဆုံးဖြတ်ခိုင်းမယ်”

ဒီတစ်ကြိမ်တွင်တော့ ရှုလန်က လီကျွမ့်ကို လုံးဝ နင်းချေလိုက်သည်။

ရှုလန်က အညှာကို ကိုင်လိုက်သောကြောင့် သူမမှာ ပြန်ပြောစရာ စကားလုံး ကင်းမဲ့သွားသည်။

“နင်၊ နင်” သူမက ရှုလန်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြန်လည်ချေပရန် စဉ်းစားသော်လည်း ဘာမှထွက်မလာ။

ရှုလန်က နှုတ်ခမ်းစွန်းလေး ကွေးရုံမျှ အေးတိအေးစက်ပြုံးသည်။ “ဘာလဲ။ ပြောစရာစကား ရှိသေးလို့လား။ ဒီနေရာက မြန်မြန်ထွက်မသွားရင်တော့ ဝက်ချေးစာမိချင်နေတယ်လို့ သတ်မှတ်လိုက်မယ်။ ငါ နင့်ကို ထပ်ပေးရဦးမလား”

ဤစကားကြားသောအခါ လီကျွမ့်က အထိတ်တလန့်နှင့် ထိုနေရာမှ လျင်မြန်စွာ ပြေးတော့သည်။ ရှုလန်ကို ဘာမှမလုပ်လိုက်နိုင်သောကြောင့် နှုတ်ခမ်းစူကာ ခြေဆောင့်သည်။

သူမတစ်ကိုယ်လုံး ဝက်ချေးနံ့ နံစော်နေပြီဖြစ်သည်။ ဝက်ချေးထပ်ပေပါက အနံ့မခံနိုင်၍ သူမသေရပေလိမ့်မည်။

ထိုဝက်ချေးတွေကို ရေဆေးရဦးမည်။

စိတ်ဆိုးမာန်ဆိုး ထွက်သွားသော လီကျွမ့်ကိုကြည့်ပြီး ရှုလန်ကျေနပ်သွားသည်။

ရှုလန်ကို ဒုက္ခပေးချင်သည့် လီကျွမ့်မှာ ကိုယ့်ရှူးကိုယ့်ပြန်ပက်သွားသည်။ ထိုအဖြစ်ကို တွေးမိတော့ ရှုလန်ရယ်မိသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now