Chapter 153

2.5K 241 1
                                    

Chapter 153 -လုလန်လန်အား ကူညီပေးခြင်း(၁)

ကျောင်းရှုလန်စောစောထပြီး ခရိုင်သို့ အမြန်သွားလိုက်သည်။  မထင်မှတ်ပဲ သူမသည် လုလန်လန်နှင့် အတူ ခရိုင်ရုံးသို့ သွားလိုက်ကြသည်။

လုလန်လန်က  စားစရာတစ်ခုခုဝယ်ရန် ခရိုင်ခုံသို့သွားခဲ့သည်။

အခြားထုတ်လုပ်ရေးအဖွဲ့နှင့်မတူဘဲ လုကျင်းရှန်းသည် အဖွဲ့ခေါင်းဆောင်ဖြစ်သည့်အတွက် နေရေးထိုင်ရေး‌မှာ သူများထက်သာလွန်နေပေသည်

ထို့အပြင် လုမိသားစုသည် လုလန်လန် ကို ကလေးလေးအဖြစ် အမြဲတမ်း ဆက်ဆံခဲ့ပြီး မိသားစုတွင် ကိစ္စကောင်းတစ်ခုခုရှိပါက သူမအားဦးစွာ ပြောကြားသာ်။

ဒီလိုဆင်းရဲတဲ့ခေတ်မှာ လုလန်လန် ဟာ အဆီတွေအရမ်းစားသည့်ပြင် ပိုက်ဆံလည်း အများကြီးရှိနေသည့်အတွက် အများထက်သာနေသည်။

ထုတ်လုပ်ရေးအဖွဲ့မှ  လူအများစုက လုလန်လန် ကိုမနာလိုကြသော်လည်း ကံမကောင်းသဖြင့် လုလန်လန် လို ဘဝကောင်းမျိုး မပိုင်ဆိုင်နိုင်ကြပေ။

ကျောင်းရှုလန်သည် ခရိုင်ရုံးသို့ ခြေကျင်လျှောက်လာရသောလည်း လုလန်လန်က နွားလှည်းဖြင့်လာလေသည်။

ကျောင်းရှုလန်အနည်းငယ် မနာလိုမဖြစ်ပဲ မနေနိုင်ပါ။

ခရိုင်ရုံးဆီသို့ လမ်းလျှောက်ရတာ အရမ်း ပင်ပန်းစေသည်။ နွားလှည်းဖြင့် လာရသည်က သက်သာလွန်းသည်။

လုလန်လန် ကဲ့သို့ ဆူဖြိုးသော ခြေထောက်ဖြင့် လမ်းလျှောက်ပါက သူမ၏ ခန္ဓာကိုယ်လည်း ခံနိုင်မည်မဟုတ်ပေ။

လီလီကျွမ့်၏ စကားနာထိုးမှုများကြောင့် လုလန်လန် သည် ကျောင်းရှုလန်အပေါ်  အကောင်းမြင်ခြင်းမရှိပေ။

မူလက ကျောင်းရှုလန်သည် လုလန်လန် အား နှုတ်ဆက်ရန် တွေးခဲ့သော်လည်း လုလန်လန်က သူမအား မျက်လုံးပြူးကြည့်ပြီးနောက် ထိုသို့ပြုလုပ်ရန် စိတ်ကူးမရှိတော့ပေ။

ခရိုင်ရုံးကိုသွားပြီးနောက် ကျောင်းရှုလန်သည် မှောင်ခိုဈေးကွက်သို့ ဦးစွာသွားခဲ့သည်။  ဒီတစ်ခါ သူမကံကောင်းသွားလေသည်။  အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်ကျော်အရွယ် အဖွားတစ်ဦးထံမှ ရှေးဟောင်းပစ္စည်းများကို သူမဝယ်ယူနိုင်ခဲ့လေသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now