Chapter 173

2.2K 215 1
                                    

Chapter 173 - အသားစားကြခြင်း(၁)

“အဘိုး ကျန်း အဖွား ကျန်း ရပါတယ် ပြသနာမရှိလို့ စိတ်ထဲမထည့်ပါနဲ့

မလိုချင်လို့ပါ နောက်ချက်ပြီးသွားရင်တော့ လာစားမယ်လေနော်  “

ကျောင်းရှုလန် ပြောတာကို ကြားပြီးနောက် ကျန်းအဖိုးအဖွားတို့ သဘောတူလိုက်သည်။

“ဒါပြီးရင် အတူတူ ထမင်းချက်စားကြရအောင်။
ရှုလန်ကိုလည်း ချက်ကျွေးချင်လို့”

“ဟုတ်ကဲ့!”

ကျန်းအိမ်တွင် ရှိနေသော တောဝက်မှာ လုံခြုံပြီး ဘယ်သူမှမတွေ့နိုင် အနံ့မရနိုင်ကြပေ။

ပထမအချက်မှာ ကျန်းမိသားစုသည် ဝက်ခြံနှင့် နွားတင်းကုပ်ဘေးတွင်ရှိပြီး အနံ့က အတော်လေးပြင်းသည်။  စားကောင်းသည့်တစ်ခုခု ချက်ရင်တောင် အရှေ့ကအနံ့များကို မကျော်နိုင်ပေ။
ဒုတိယအချက်မှာ ကျန်းမိသားစုဆီသို့ ထုတ်လုပ်ရေးအဖွဲ့မှလူများသည် များသောအားဖြင့် မရောက်ကြပေ။  လူမလာသောကြောင့် အခြားသူများ အနံ့ရသွားမည်ကိုလည်း စိတ်မပူချေ။

ကျောင်းရှုလန်က တောဝက်ကို စားဖို့ အိမ်သယ်လာခဲ့ပါက အိမ်တွင်ချက်ပြတ်ကာ အနံ့များကို အခြားသူများ တွေ့သွားရန် မခဲယဉ်းပေ။

ကျန်းချန်းသည် တောဝက်ကို အရေခွံခွာပြီး ကိုယ်တွင်းကိာ သန့်စင်ကာ အနံပျောက်သွားအောင် လုပ်နေလေသည်။
အရိုးများမပါဝင်ဘဲ အသားတင်အလေးချိန်မှာ ၄၂ကီလိုနီးပါးရှိသည်။

အခုခေတ်မှာ အသားအများကြီးဆိုတာ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရနိုင်ပေ။

ကျန်းချန်းက အတွင်းကလိစာများကို လွှတ်ပစ်မည်ဟု ပြုထားသော်လည်း ကျောင်းရှုလန်က မလုပ်ခဲ့ချေ။

အူလမ်းကြောင်းပဲဖြစ်ဖြစ် အဆုတ်ပဲဖြစ်ဖြစ် နည်းမှန်မှန်ဖြင့် ချက်နေသ၍ အရသာရှိတဲ့ ဟင်းတစ်ခွက်ဖြစ်လာနိုင်သည်။

ဝက်အသည်း၌ ဝက်အသည်းက သွေးကို အာဟာရ ဖြည့်ပေးတယ် ထို့ကြောင့် ထိုအရာများကိုလည်း မလွှတ်ပစ်ချေ။

“ကျန်းချန်း ဒါတွေကို သိမ်းထားလိုက်ပါ ပြန်ချက်လို့ရတယ် နောက်မှချက်ကျွေးမယ်

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now