Chapter 124

2.5K 231 1
                                    

Chapter-124 ဝက်အူဝယ်ခြင်း(၂)

ဝန်ထမ်းက "မင်္ဂလာပါ ရဲဘော် စိတ်မကောင်းပါဘူးဗျာ ဒီနေ့ ဝက်သားရောင်းတာ ကုန်သွားပြီ ဒါပေမယ့် ဝက်ခြေထောက် တစ်စုံနဲ့ ဝက်အူလေးခုတော့ကျန်သေးတယ် လိုချင်လား‌ဗျ

ဝက်ခြေထောက် တစ်ပေါင်ဝယ်မယ်ဆိုရင် အသားလက်မှတ်တစ်ဝက်နှင့် နှစ်ယွမ်ပေးရင် ရပါတယ်

ဝက်အူတွေက အသားလက်မှတ်တွေ မလိုဘူး တစ်ပေါင်မှ နှစ်ဆင့်ပဲရှိတယ် "

ယနေ့ခေတ်တွင် ဝက်သားထောက်ပံ့မှု ကြပ်တည်းသော်လည်း အရသာက လေးပြီး(ငန်ပြီး) အလွန်နံသောကြောင့် ဝက်အူကို မည်သူမျှ စိတ်မဝင်စားချေ။

အသားလက်မှတ်တွေ မလိုပဲ ဝယ်ရင်တောင် တစ်ပေါင်မှ နှစ်ဆင့်ပဲ ပေးရမှာကို လူတော်တော်များများက မဝယ်ချင်ပဲ တွန့်ကြသည်။

ဒါကြောင့် လူတွေက ပိုက်ဆံရှိရင် တခြားဟာကို စားဖို့ဝယ်ပြီး ဝက်အူကိုမဝယ်ကြပေ။

ဝန်ထမ်းစကားနားထောင်ပြီးနောက် ကျန်းချန်းက ဝက်သားမရှိတော့သည်ကို ကြားလိုက်ရသဖြင့် အနည်းငယ်စိတ်ပျက်သွားသည်။ ကံကောင်းသည်က ဝက်ခြေထောက်ကျန်သေးသည်ဖြစ်၏။ အန်ကယ်ချန်နဲ့ အန်တီချန်က ဝက်ခြေထောက်‌ဟင်းချိုကို စားရင် အဆင်ပြေလာနိုင်သည်။ ထိုထဲတွင် မြေပဲအနည်းငယ်ထည့်ပါက အရသာရှိသော ဟင်းတစ်ခွက်ဖြစ်လာပြီး စားစရာမရှိသည်ထက်ပိုကောင်းသည်။

ကျန်းချန်းက ဝန်ထမ်းတွေဆီ အပြေးအလွှားသွားပြီး "ဒါဆို ဝက်အူမကြီးက မလိုဘူး ဝက်ခြေထောက်ပဲ ထည့်ပေး"

ဝယ်ပြီးရင် အနံ့နံနေပါက မစားနိုင်မည့်အရာကို ကျန်းချန်းက စိတ်မဝင်စား၍ မမေးပေ။

ကျောင်းရှုလန်က ကျန်းချန်းနှင့် ဝန်ထမ်းများ ပြောသည်ကို ကြားပြီး "ဒါဆို ကျွန်မကို ဝက်အူလေးပေါင်ဆိုတာပေးပါ"

ဝန်ထမ်းများသည် ကျောင်းရှုလန်ကို အထင်သေးသည့်ပုံစံဖြင့် စိုက်ကြည့်ရင်း ကျန်းချန်းကို ဆက်ဆံသည့်ပုံနှင့် လုံးဝမတူဘဲ ရွံရှာစွာ ပြစ်တင်ရှုတ်ချကာ "တန်းမစီဘူးလား မင်းအလှည့်မရောက်သေးဘူး‌လေ မင်းဝယ်ချင်ရင် တန်းအရင်သွားစီ ကျန်ရင်ရောင်းမယ် မကျန်ရင်မရောင်းနိုင်ဘူး"

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now