Chapter 103

3.1K 275 1
                                    

Chapte 103

ရှုလန်က ထိုအမျိုးသမီးကို ပြစ်တင်ပြောလိုက်သော်လည်း သူမမှာ အပြုံးမပျက်ပေ။သူမမှာ သူ့ကိုယ်သူ မမျှတမှန်းမှန်းသိပြီး မည်သည်မျှ မပြောနိုင်သောကြောင့် ဒေါသနှင့် နောင်တရစွာဖြင့် ထွက်သွားခဲ့သည်။

ရှုလန်လည်း မှောင်ခိုဈေးကွက်မှ ထွက်သွားပြီး ဟောင်းနွမ်းနေသည့် ဖိနပ်အချို့ကို ဘယ်မှာဝယ်နိုင်သည်ကို ရှာရန် တွေးခဲ့သည်။

အချိန်အတန်ကြာ စုံစမ်းပြီးနောက် အချို့စျေးသည်များတွင် အဝတ်အထည်များနှင့် ဖိနပ်များ ဝယ်ယူရရှိနိုင်ကြောင်း တွေ့ရှိရသည်။

ဖိနပ်ဟောင်းတွေ ဝယ်လာပြီးကတည်းက ရှုကျူး အတွက် တစ်ပတ်ရစ်အဝတ်အစား နှစ်ထည်ကိုလည်း ဝယ်ခဲ့သေးသည်။  ကလေးမလေး ဝတ်ထားတဲ့ အဝတ်တွေက ဟောင်းနွမ်းစုတ်ပြဲနေပြီး ဝတ်ဖို့မသင့်တော်ပေ။

ရှုလန် မှာ ပိုက်ဆံနဲ့ ကူပွန်တွေရှိနေပြီမို့ အသစ်တစ်ထည်ဝယ်နိုင်ပေမယ့် အသစ်ဝယ်တာက လျှာရှည်မိသလိုဖြစ်လိမ့်မည်။

အဝတ်အစားပဲဖြစ်ဖြစ် ဖိနပ်ပဲဖြစ်ဖြစ်  အသုံးပြုပြီးသားတွေကို ပြန်ယူသုံးတာလည်း သင့်တော်ပေသည်။

အပွင့်လင်းဆုံး‌ ပြောရမည်ဆိုလျှင် လူတော်တော်များများက ဝတ်စရာ အဝတ်အစားတောင် မရှိ‌တော့သဖြင့် အခြားသူများအား လှူရန်မှာ ပိုဝေးလွန်းသည်။

ဒါပေမယ့် သူမဟာ တစ်ပတ်ရစ်ဈေးကို သွားမည်ဆိုပါက မတူနိုင်တော့ပေ။ သူသုံးပြီးသား အဝတ်အစားနဲ့ ဖိနပ်တချို့ကို ပြန်ဝယ်လာခဲ့မည်ဆိုရင်တောင် အိမ်မှာရှိနေတဲ့ အဝတ်အစားထက် အများကြီး ပိုကောင်းနေလိမ့်မည်။

သူတို့ကို သဘောကောင်းတဲ့လူတွေက ပေးလိုက်တယ် ပြောပါက ဝေကောင်းတို့မှာ သံသယမဝင်နိုင်။

ရှုလန်က အနီးနားကို မေးကြည့်တော့ တစ်ပတ်ရစ်

ဈေးသည် ဘယ်မှာရှိသည်ကို တွေ့လိုက်သည်။

တစ်ပတ်ရစ် စျေးကြီးဘေးတွင် အမှိုက်ရုံရှိသည်။

လူအများစုက တစ်ပတ်ရစ်ဆိုင်တွင် လိုအပ်သည်များကို လဲလှယ်နိုင်သည်။ ပန်းကန် ခွက်ယောက် လက်ဖက်ရည်ခွက် အလှကုန် နဲ့အဝတ်အထည် အစရှိသည်ကိုပင် လဲနိုင်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Unde poveștirile trăiesc. Descoperă acum